Moethaukkye Library Burmese Volunteer Group

Thursday
Mar 11th
Text size
  • Increase font size
  • Default font size
  • Decrease font size
Home ဆောင်းပါး ကဏ္ဍစုံဆောင်းပါး ဂျပိုးကောင်ကဲ့သို့ သင်၏ကိုယ်တွင်တွယ်ကပ်နေမည့် New gaijin card

ဂျပိုးကောင်ကဲ့သို့ သင်၏ကိုယ်တွင်တွယ်ကပ်နေမည့် New gaijin card

E-mail Print PDF

မေလ(၂၄)ရက်နေ့က တိုကျိုမြို့ shinbashiအရပ်တွင် ဂျပန်လူဝင်မူကြီးကြပ်ရေးဥပဒေအား ချီတက်ဆန္ဒပြနေကြသောနိုင်ငံခြားသားများ

 ၁၉၅၂ ခုနှစ်မှစ၍ ဂျပန်အစိုးရမှ နိုင်ငံခြားသား မှတ်ပုံတင်ကဒ်များကို စတင်ထုတ်ပေးခဲ့ပါသည်။ ယင်းအချိန်က ဂျပန်နိုင်ငံမှာ ကိုရီးယားလူမျိုးတွေနှင့် တိုင်ဝမ်လူမျိုးတွေဟာ ဂျပန်ပြည်မှာ အများဆုံးရောက်ရှိနေသူတွေဖြစ်ပါတယ်။ သူတို့ဟာ တချိန်က ဂျပန်ကိုနီလက်အောက်မှာ နေခဲ့ရပြီး စစ်အတွင်းနှင့် စစ်ပြီးကာလတွေမှာ ဂျပန်တွေက ခေါ်ယူသွားတမျိုး၊ ဖမ်းဆီးသွားတာတမျိုးနဲ့ ဂျပန်ပြည်ကိုရောက်ရှိနေခဲ့သူတွေဖြစ်ကြပါတယ်ဗျာ။

       နိုင်ငံခြားသား မှတ်ပုံတင်ကဒ်ထုတ်ပေးမယ်ဆိုတော့ စိတ်ထဲမှာ တမျိုးခံစားခဲ့ရတယ်ဗျ၊ “ငါဟာ နိုင်ငံခြားသား” တစ်ယောက် ပါလားလို့ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းထဲမှာ တစုံတရာ ကန့်သတ်ခံရမှုမျိုးပေါ့ဗျာ။

Gaijin Card လို့ခေါ်တဲ့ နိုင်ငံခြားသားမှတ်ပုံတင်ကဒ်တွေကို သူတို့နေထိုင်ရာဒေသ အသီးသီးမှာ အသက် (၁၆) နှစ်ပြည့်သူတိုင်းကို နိုင်ငံခြားအဖြစ် မှတ်ပုံ တင်ရပါသည်။ (၁၆) နှစ်ဆိုသော အသက်အရွယ်ဟာ အလွန်နုနယ်ပါ သေးတယ်ဗျာ။ ဒီကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာမှာ ဂျပန်လူ့အဖွဲ့အစည်းအတွင်းမှ သီးသန့်ဘေးဖယ် ထုတ်ထား သလိုမျိုး ခံစားကြရပါသည်။ ဒီလိုနဲ့ အနေကြာလာတော့လည်း အိမ်ထောင်တွေကျ မျိုးဆက်သစ် ကလေးတွေနဲ့ လောကသဘာဝအရဖြစ်လာရတာပါဘဲ သို့ပေသည့် မွေးဖွါးလာတဲ့ မျိုးဆက်သစ်ကလေး ငယ်တွေလည်း ဂျပန်ပြည်မှာ မွေးပေမယ့် နိုင်ငံခြားသားမှတ်ပုံတင်အဆင့်ဘဲ သတ်မှတ်ပါတယ်။ ဒီမျိုးဆက်သစ်ကလေး တွေမှာလည်း နိုင်ငံသားဆိုတဲ့ အခွင့်အရေးမရရှာကြပါဘူးဗျာ။
မေလ(၂၄)ရက်နေ့က တိုကျိုမြို့ shinbashiအရပ်တွင် ဂျပန်လူဝင်မူကြီးကြပ်ရေးဥပဒေအား ချီတက်ဆန္ဒပြနေကြသောနိုင်ငံခြားသားများ

ဒီကလေးတွေဟာ ဂျပန်ပြည်ကို သူဘာသာရောက်လာတဲ့သူတွေလည်းမဟုတ်ပါဘူး၊ ကလေးတွေရဲ့ မိဘ တွေကြောင့် ဒီတိုင်းပြည်မှာ လူလာဖြစ်ကြရတာပါဗျာ။ ပြောရရင် သူတို့လေးတွေရဲ့မိဘတွေကို ဂျပန်တွေကခေါ်သွား လို့ ရောက်လာရတာဘဲလေ။ ခုတော့သူတို့လေးတွေမှာ နိုင်ငံသားဆိုတာမရှိဘူးဖြစ်နေရတာပေါ့ဗျာ။

      ဒီနေ့ထိ ဂျပန်အစိုးရမှ နိုင်ငံခြားသားတွေအပေါ်ကို တရားဝင်နေထိုင်ခွင့်အဆင့်ထက်နိမ့်သော အဆင့်မျိုးသာ ပေးပါတယ်ဗျာ။ သူတို့ကို ယုံကြည်တန်ဖိုးထားမှုမရှိ ဂျပန်ပုလိပ်တွေရဲ့ ထိန်းချုပ်မှုအောက်၌သာ ထားရှိစေလိုတဲ့သဘောပါဘဲ။ နိုင်ငံသား မဟုတ်သောသူများဟာ မိမိနေထိုင်ရာဒေသမြို့တွေမှာ တရား ၀င်မှတ်ပုံတင်ခွင့်တွေလည်းမရရှိနိုင်ပါဘူး။ သူတို့ ဘယ်သွားသွား မိမိနှင့်သက်ဆိုင်တဲ့ ကိုယ်ရေးရာဇ၀င် အချက်အလက်တွေ (ဥပမာ- အမည်၊ လိပ်စာ၊ မိမိ၏ အချက်အလက်နှင့် ဗီဇာအဆင့်အတန်း၊ ဓါတ်ပုံ၊ တခါတလေ လက်ဗွေယာ) ကိုပါပေးရ ပြသရပါတယ်ဗျာ။ အကယ်၍ အချက် အလက်အထောက်အထားတွေ မခိုင်လုံလို့ကတော့ ခင်ဗျား…နာပြီသာမှတ်တော့ တနှစ်ကြာ ဖမ်းဆီးခံရမှာဖြစ်ပြီး ဒဏ်ငွေယန်း (၂၀၀၀၀၀) ကိုလည်း ပေးဆောင် ရမှာဖြစ်တယ်ဗျ။

      သို့သော်လည်းဘဲ ဂျပန်ဒိုင်းယက်ကတော့ နိုင်ငံခြားသားကဒ်တွေကို ဖျက်သိမ်းဖို့ စဉ်းစားနေပါသည်တဲ့။

      ဒီသတင်းကြားတော့ အတော်ဝမ်းသာမိပါသည်။  နိုင်ငံခြားသားမှတ်ပုံတင်ကဒ်တွေကို ဖျက်သိမ်းပြီး ဂျပန် နိုင်ငံသား မဟုတ်သောသူများအား (Juminhyo) လို့ခေါ်တဲ့ နိုင်ငံခြားသားများတရားဝင်နေထိုင်ခွင် လက်မှတ်ကို ထုတ်ပေးမယ်တဲ့၊ အဲဒီ့မှာ ဗီဇာသက်တမ်းအားဖြင့် (၃) နှစ်မှ (၅) နှစ်ထိနေထိုင်ခွင့်ပေးမယ်ဟုဆိုတယ်ဗျ။ မူကြမ်းအရတော့ ဒါဟာ နိုင်ငံခြားသားတွေအတွက် လူမှုရေး။ စီးပွါးရေးအလုပ်အကိုင်တွေမှာ အခွင့်အရေးတွေရရှိပြီး သူတို့ဘ၀တွေ သက်တောင့်သက်သာရှိစေဖို့လို့ သိရပါတယ်ဗျာ။

      သို့သော်လည်းဘဲ တကယ်တမ်းကြတော့ ဂျပန်အစိုးရက ရဲတွေကို နိုင်ငံခြားသားတွေအပေါ် ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်အောင် ဖန်တီးလိုက်တဲ့ စနစ်တခုသာဖြစ်တယ်ဗျ။

      လွန်ခဲ့တဲ့ နှစ်အနည်းငယ်က နိုင်ငံခြားသားတွေအပေါ်မှာ ရာဇ၀တ်မှု၊ အကြမ်းဖက်မှု၊ ကူးစက်ရောဂါများ သယ်ဆောင် လာမည့်သူများအဖြစ် ရှုမြင်ကာ တင်းကျပ်စွာ ထိန်းချုပ်ထားခဲ့တယ်မလားဗျာ။ သို့သော် အခုတော့ အဲဒီ့ပေါ်လစီ မရှိတော့ပါဘူးလို့ထင်တာပါဘဲ။

      ခင်ဗျားစဉ်းစားကြည့်ဗျာ ဂျပန်လူ့အဖွဲ့အစည်းအတွင်းက ကျနော်တို့ နိုင်ခြားသားတွေရဲ့ ဒုက္ခအ၀၀တွေကို ခေါင်းထဲကနေ မေ့ထားလို့ရရင် တကယ်ဘဲမေ့ထားလိုက်ချင်တယ်ဗျာ။

      အသစ်ထုတ်ပေးတဲ့ နိုင်ငံခြားသားကဒ်(Zairyu Kado) ဟာ တကယ်တော့လည်း အခြေခံအားဖြင့် ဘာမှ ပြောင်းလဲ ခြင်းမရှိပါဘူးဗျာ။ ထုံးစံအတိုင်း ကဒ်မှာ အမည်၊ မွေးသက္ကရာဇ်၊ ဗီဇာ၊ အလုပ်အကိုင်လိပ်စာ၊ ဓါတ်ပုံစတဲ့ အချက် အလက်တွေကို ကွန်ပြူတာဖြင့်သိမ်းဆည်းထားရှိပြီး ၎င်းကဒ်ကို သွားလေရာယူဆောင်သွားရ မည်ဖြစ် တယ်ဗျ။

      ထို့တင်မကသေးဘူးဗျ…ကဒ်အပေါ့် တစုံတရာပြောင်းလဲခြင်း(သို့) ပျောက်ဆုံးခြင်း တို့ဖြစ်ခဲ့ပါက (၁၄) ရက်အတွင်း သက်ဆိုင်ရာ ကိုအကြောင်းကြားရပါမည်တဲ့၊ အကယ်၍ ရက်ကျော်သွားပါက ဒဏ်ငွေ ယန်း(၂၀၀၀၀) ပေးဆောင်(သို့) ရက်ပေါင်း(၉၀) ၃ လ ကျော်သွားပါက ဗီဇာအား ပြန်လည်ရုပ်သိမ်းခြင်းခံရမည်ဖြစ်ပါသည်။

      သဘာဝကျကျ ခင်ဗျားစဉ်းစားကြည့်စမ်းပါဗျာ….

၁. အထက်တန်းကျောင်း (သို့) တက္ကသိုလ်တတ်လို့ရမလား၊ ခင်ဗျားတတ်လို့ရရင်တော့ ခင်ဗျားအတွက် ကျနော် အများကြီးဂုဏ်ယူပါတယ်ဗျာ။ ကျနော်တို့ တတ်ခွင့်ရဖို့ အစိုးရကိုပြောနေတယ် ၊ ရတဲ့ထိပြောရမှာဘဲ

၂. ခင်ဗျားအလုပ်အကိုင် ပြောင်းရွှေ့ချင်လား နေရာပြောင်းချင်လား ခင်ဗျားသတင်းပို့ရမယ် မပို့ရင်တော့ အရေးယူခံရမှာဘဲဗျ၊ ခင်ဗျားဗီဇာ အမြဲနေထိုင်ခွင့်ရရှိသူ(သို့) လက်ထပ်ဗီဇာဆိုရင်တော့ ခင်ဗျားအတွက် အကန့် အသက်မရှိဘူးပေါ့ဗျာ။

၃. ခင်ပွန်း(သို့) ဇနီးကွယ်လွန်ခဲ့ရင်တော့ စိတ်မကောင်းပါဘူးဗျာ၊ မျက်ရည်တွေ ခြောက်ခမ်းသွားအောင် ငိုလည်း ခင်ဗျားဗီဇာကိုတော့ ပြန်ရုပ်သိမ်းမှာဘဲဗျ။

၎. အိမ်းတွင်းအကြမ်းဖက်မှုကြောင့် ခင်ပွန်းသည်က သူဇနီးနိုင်ငံခြားသူကို နှိပ်စက်လို့မခံနိုင်လို့ ထွက်ပြေးပေမယ့် လွတ်မယ်ထင်လား၊ ဂျပန်လူမျိုးခင်ပွန်းကပြောလိမ့်မယ် သူအိမ်မှာမနေတာကြာပါပြီ၊ အကယ်၍ သူမပြန် မလာနိုင် ဘူးဆိုရင်တော့ ခင်ပွန်းအပေါ် ကျေလည်မလုပ်ပေးနိုင်ရင်တော့ ဇနီးသည်နိုင်ငံခြားအမျိုးသမီး မူလတိုင်းပြည်ကိုပြန်ပို့ ခြင်းခံရပါလိမ့်မယ်။

နိုင်ငံခြားသားတွေအပေါ်မှာ နိုင်ထက်စီးနင်းတဖက်သက်ကြီး ဖြစ်မနေဘူးလားဗျာ စဉ်းစားကြည့်ကြစမ်းပါဗျာ..

      ၂၀၀၅ ခုနှစ်တုန်းက “ကဒ်ရိုက်စက်” လို့ခေါ်တဲ့  ID ကဒ်တွေကို အဝေးကနေလှမ်းဖတ်လို့ရတဲ့ စက်တွေကို အများပြည်သူနဲ့ ဆိုင်တဲ့ အဆောက်အဦးတွေ၊ နေရာတွေမှာ ထားဖို့အကြံပြုစာတမ်းတစ်စောင် တင်သွင်းခဲ့ပါသည်။ ဂျပန်တွေရဲ့ ခေတ်မီနည်းပညာတွေကို နှစ်သက်တဲ့ ဓလေ့ကြောင့် ID ကဒ်တွေကို ဖတ်ရုံတင်မကျေနပ်သေးဘူး အာဏာပိုင်တွေက နိုင်ငံခြားသားတွေကို အဝေးထိန်းစနစ်နဲ့ နှံနှံစပ်စပ် စကင် ဖတ်နိုင်ပါလိမ့်မယ်တဲ့ဗျ။

  

    တစ်နည်းအားဖြင့် ဒီ ID ကဒ်ထဲမှာ ထည့်သွင်းမြုပ်နှံထားတဲ့ Chip ပြားလေးတွေဟာ ခင်ဗျားကိုယ်ပေါ်မှာ လျှိုဝှက်အသံဖမ်းစက် ကရိယာတခုတပ်ဆင်ပေးသလိုမျိုးပါဘဲ။ ခင်ဗျားကိုယ်ပေါ်မှာ ဂျပိုးတကောင်တွယ်ကပ်နေတာနဲ့ အတူတူဘဲပေါ့ဗျာ။ ဒီဂျပိုးက သူတို့ဂျပိုးလေ ..


      ကဲ ဒီတော့ အကျိုးဆက်ကို ခင်ဗျားဆက်စဉ်းစားကြည့်စမ်းပါ၊ ပုလိပ်တွေက တရားမ၀င် နိုင်ငံခြားသားတွေကို ထောက်လှမ်းဖေါ်ထုတ်နိုင်ရုံတင်မက နိုင်ငံခြားတွေကို အကြိုအကြားမချန် လှန်လှောကြည့်ရှုနိုင်တော့မှာဖြစ်တယ်ဗျ။ ပြီးတော့ အဲဒီ့ IC Chip စကင်နာ ရှိတဲ့ဘယ်သူ့ကိုမဆို ခင်ဗျားရဲ့ အကြောင်းတွေကို အွန်လိုင်းကနေ အလကား အချောင်နိုက်လို့ရသွားပြီပေါ့ဗျာ။ ကဲခင်ဗျားရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေအားလုံး သူခိုးတွေလက်ထဲ ရောက်သွားမှာကို ပျော်ပျော်ကြီးသာခံပေတော့။ ဒါ့အပြင် “လူမျိုးခွဲ“ ရှာဖွေစစ်ဆေးမှုတွေကို ပိုပြီးအားပေး လာပါ လိမ့်မယ်။ အကယှ်ုခင်ဗျားဟာ နိုင်ငံသားခံယူထားတဲ့ စာရေးဆရာ ဒါမှမဟုတ် ဂျပန်ပြည်ဖွါး နိုင်ငံခြားသားတဦးတဦး ဖြစ်နေခဲ့မယ်ဆိုရင် ခင်ဗျားရဲ့မျက်နှာဟာ ဂျပန်နဲ့တူမနေဘဲ စကင်နာမှာလည်း ပေါ်လာမှာ မဟုတ်ပါဘူး။

ဒါဆိုရင် ခင်ဗျား အမေးခံရပြီသာ မှတ်ပေတော့

“ဟေ့လူ…! ရပ်စမ်းပါ !... ခင်ဗျားကို ဘာကြောင့်စက်ထဲမှာ ဖတ်လို့မရတာလဲ” အစ..ရှိသည်အားဖြင့်ပေါ့ဗျာ…

      လွန်ခဲ့တဲ့ အပတ်က ဒီကိစ္စအတွက် ကျနော်လူဝင်မှုကြီးကြပ်ရေးရုံးကို ဖုံးခေါ်ခဲ့ပါတယ်။ ZRK ကလုံခြုံရေး ကျွမ်းကျင်သူတွေအပြောကတော့ အချက်အလက်တွေကို PIN (Personal Identification Number) နံပါတ်နဲ့ လျှို့ဝှက်ထိမ်းသိမ်းပါပေးထားတယ်လို့ ဆိုပါတယ်ဗျာ။

      ဒါပေမယ့် ဂိုင်းဂျင်းကဒ် မျိုးဆက်သစ် စစ်ဆေးရေးဌာနတွေကို ပုလိပ်တွေက ဘယ်လိုဆောင်ရွက်မယ်ဆိုတာ ကို သူတို့ မပြောဘူးဗျ။

      ဒီပုလိပ်တွေက သီးခြားအဖွဲ့တခုဖြစ်ပြီး သေချာရေရာတဲ့ လမ်းညွှန်မှုတွေ မဆောင်ရွက်ရသေးဘူးလို့တော့ ပြောတယ်ဗျ။

      လာပြန်ပြီလား …ဥပဒေထုတ်မယ် ပြီးမှ ဥပဒေကျင့်ဝတ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ဆုံးဖြတ်မယ်၊ ဒီလို မျက်ကန်း ယုံကြည်မှုကတော့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ဖြစ်လာမှာမလွဲမသွေပါဘဲ။

      နောက်ထပ်မေးစရာတခုက.. အစိုးရက လက်ရှိနိုင်ငံခြားသားရေးရာပေါ်လစီတွေကို ဖျက်သိမ်းပစ်ချင်ရတာ လဲ..နှစ်ပေါင်း (၆၀) လောက်ကြာအောင် နိုင်ငံခြားသားတွေကို အမြဲနေထိုင်ခွင့် ပိတ်ပင်ထားတဲ့နေရာမှာ ထိရောက်နေရဲ့သားနဲ့ ပိုက်ဆံအိတ်အရွယ်လောက်ရှိတဲ့ ကဒ်လေးတခုကို အကြောင်းပြုပြီး စစ်လားဆေးလား ဖမ်းလား ဆီးလားလည်း လုပ်သေးတယ်ဗျာ။

      ဒေသန္တရအစိုးရတွေကတော့ ဂျပန်နိုင်ငံသားမဟုတ်တဲ့ လူတွေအပေါ် အင်မတန်မှ စာနာထောက် ထားပါတယ်။ နိုရီကို ကယ်ဒီရွန် ဆိုတဲ့မိန်ကလေး တယောက်ကို မှတ်မိပါသေးတယ်ဗျာ။ သူလားသူမိဘတေါက ပတ်စပို့အတုနဲ့ ၀င်လာပြီး သိပ်မကြာသေးခင်ကဘဲ ပြန်ပို့ခံခဲ့ရတယ်လေ။

      ခင်ဗျားတော့သိမယ်မထင်ဘူးဗျ သနားစရာပါဗျာ.. သူဘယ်လိုကျောင်းတတ်ခဲ့ပြီး အစိုးရလူမှုဝန်ထမ်း ဌာနအလုပ်မှာလဲ ၀င်လုပ်ခဲ့တယ်ဆိုတာကိုပေါ့ဗျာ။ အဲဒီ့အချိန်မှာ သူ့မိဘတွေက ဗီဇာမဲ့ဖြစ်နေပြီ။

      အခုလောလောဆယ် ခရိုင်အာဏာပိုင်တွေက ဂိုင်းဂျင်းကဒ်တွေ ထုတ်ပေးနေတယ်၊ သူတို့ဆန္ဒရှိရင် ရှိသလို အိုဗာစတေးသမားတွေကိုလည်း ထုတ်ပေးလို့ရတယ်။ အမြဲနေထိုင်ခွင့် မရပေမယ့် အစိုးရအလုပ်တွေမှာ ဒီကဒ်ကို သုံးပြီး အလုပ်သွားလျောက်လို့ရတယ်၊ အဲဒီဂိုင်းဂျင်းကဒ်စစ်ဆေးရေးဂိတ် (Gaijin Card Checkpoint) တွေနဲ့ မတိုးမချင်းကတော့ ခင်ဗျားတော်တော်လေးတော့ နေသာထိုင်သာရှိလိမ့်ဗျ။

      ခရိုင်အုပ်ချုပ်ရေး အာဏာပိုင်တွေက ဘာလို့ ဒီလောက်သဘောတွေကောင်းနေတာပါလိမ့် စဉ်းစား စရာရှိပါ တယ်…

      ဂျပန်လူမျိုးမဟုတ်တဲ့ နေထိုင်သူတွေအပေါ် အထူးအာရုံစိုက်ထားမှုတွေနဲ့အတူ အများစုက နိုင်ငံခြားသား တွေဟာ အကူအညီလိုအပ်နေသူတွေအဖြစ် သူတို့မြင်ကြပါတယ်ဗျ။ လူသားစိတ်ရှိတယ်ပေါ့ဗျာ..

      ပြီးရင်တော့ ဒေသတွင်းစက်ရုံအလုပ်ရုံတွေမှာ အလုပ်တွေရှိနေမယ် အခွန်ဆောင်မယ်၊ အခြေခံအဆောက် အအုံတွေတွေထဲမှာ ဘ၀ကိုမြုပ်နှံထားကြမယ်။ ရှီဇူအိုကာ နယ်မြေအပိုင်မှာရှိတဲ့ ဟာမာမက်ဆုနဲ့ မီအီ အပိုင် ယော့ကိုင်းချိ ဒေသတွေမှာ မှတ်ပုံတင်နဲ့ ဗီဇာအခက်အခဲတွေကို လျော့ချပေးပြီး ပြည်သူ့ဝန်ထမ်းအလုပ်တွေနဲ့ ပညာရေးနယ်ပယ်တွေမှာ နိုင်ငံခြားသားတွေအတွက် အခွင့်အလမ်းတွေပေးဖို့ တောင်းဆိုချက်တွေ ရှိနေပါတယ်ဗျ။

      သို့သော် ဒါကို ဗဟိုအစိုးရက နှစ်အတော်ကြာ မသိချင်ယောင်ဆောင်ပြီးတဲ့ နောက်မှ ဆောင်ရွက်ခဲ့တယ်။ “တရားမ၀င် နိုင်ငံခြားသားတွေကို ဖမ်းဆီးရေး” ဆိုတဲ့ကြွေးကြော်သံနဲ့ ၀န်ကြီးချုပ် ကိုအိဇုမိ က ၂၀၁၀ မှာ “ဂျပန်ကို ကမ္ဘာ့အလုံခြုံဆုံးနိုင်ငံ” ဖြစ်ရအောင်လို့ဆိုပြီး အိုဗာစတေးသမားတွေကို ထက်ဝက်လောက်လျော့ချပစ်ရမယ့်လို့ ၂၀၀၅ ခုနှစ်တုန်းက ပြောခဲ့ဘူးပါတာမှတ်မိသေးတယ်ဗျ။

      ဂျပန်ဟာ ပြည်နယ် အစိုးရတွေသြဇာအာဏာပိုတတ်လာမှာကို ဘယ်တုန်းကမှ မစိုးရိမ်ခဲ့ပါဘူး။ အခုတော့ ပြည်နယ်အစိုးရတွေကို ချုပ်ကိုင်ဖို့ကြိုးစားလာနေရပါပြီ၊ ဥပဒေနဲ့ အညီနေထိုင်တဲ့ နိုင်ငံသားမဟုတ်သူတွေကို နေထိုင်ရေးခက်ခဲစေပြီး ဒုက္ခသည်တွေအနေနဲ့လည်း ရပ်တည်ရာမရအောင်လုပ်လိုက်ခြင်းဟာ ရှက်ဖွယ် လိလိဖြစ်မိ ပါတယ်။

      ခဏနေအုံးဗျ…ရှိသေးတယ်ဗျ…ခင်ဗျား ကျားသစ်တကောင်ရဲ့ အရောင် ပြောင်းသွားလိမ့်မယ်လို့ ခင်ဗျား ထင်လား…လူဝင်မှုကြီးကြပ်ရေး ပေါ်လစီတွေကို ပုလိပ်လက်ထဲအပ်လိုက်တယ်ဗျ၊ ပုလိပ်ဆိုတာ ဗဟိုအစိုးရရဲ့ တိုက်ရိုက်အုပ်ချုပ်မှုနဲ့ဝေးကွာစေပြီး လူတွေကို ရာဇ၀တ်သားတွေ အဖြစ်သာမြင်တတ်အောင် လေ့ကျင်ပေးထား တာကလား…

      ဒါတလွဲရလဒ်တွေပါဘဲဗျ..ဘာကြောင့်လဲဆိုတော့ ကျနော်တို့ အမြဲပြောနေတာက သက်ကြီးရွယ်အိုတွေနဲ့ အိုမင်းနေပြီးဖြစ်တဲ့ ဂျပန်ဟာ လူတွေဝင်လာဖို့လိုတယ် လို့လေ..

      ဒီဂိုင်းဂျင်းကဒ် အသစ်တွေက နိုင်ငံခြားသားတွေ (နိုင်ငံခြားသားရုပ်ပေါက်နေတဲ့ ဂျပန်တွေ) ကို စိတ်မသက် သာ မှုတွေ ပိုဖြစ်စေမယ်။ လူ့ဂုဏ်သိက္ခာကို ပိုပြီးထိခိုက်ညှိုးနွမ်းစေပါတယ်ဗျာ။

      ဂိုင်းဂျင်းကဒ်တွေထုတ်ပေးပြီး အနှောက်အယှက်ပေးရုံလောက်နဲ့ ကျေနပ်သွားပြီလား…သူတို့ရဲ့ အင်္ကျီကော်လံပြားမှာ ရွှေကြယ်ပွင့်တွေတပ်ပြီးပေးလိုက်ပါလား။

      ကံကောင်းထောက်မစွာဘဲ ဒီလောက်ဆိုးရွားတဲ့ ပေါ်လစီကိုယ်တိုင်ကဘဲ မကျေမနပ်ဆန္ဒပြမှုတွေ ဖန်တီးပေးခဲ့တယ်။ နိုင်ငံခြားသားတွေကို သိပ်ပြီးအာရုံစိုက်လေ့မရှိတဲ့ သာမန်ပြည်သူတွေတောင် မနေနိုင်တော့ဘူးဗျ ဆန္ဒပြကြပြီ။ သတင်းစာကြီးတွေကလည်း ပြောင်းလဲပစ်ဖို့အတွက် မျက်နှာဖုံးသတင်းတွေရေးနေကြပါပြီ။ အတိုက်အခံနိုင်ငံရေးပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီက ဆိုလည်း နောက်ရွေးကောင်ပွဲပြီးတဲ့အထိ ရပ်ဆိုင်းထားဖို့ ပြောဆိုနေပြီး ဖျက်သိမ်းပစ်ဖို့အထိ အလိုရှိနေပါတယ်ဗျာ။

      ညွှန့်ပေါင်းအုပ်စု NGO ကော်မတီကလည်း နိုင်ငံခြားသားကိုင်ဆောင် ကဒ်စနစ် ( Resident Alien Card System) ကို ကန့်ကွက်ပြီး ” မူဝါဒတွေ လျော့ချ၊ လူမျိုးစုံညီ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ပိုပြီးစစ်မှန်တဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒ” ဆိုတဲ့ခေါင်းစဉ်စာတမ်းကို (www.repacp.org/aacp) မှာနဖူးစီးတင်ထားတယ်ဗျ။


တနင်္ဂနွေနေ့နေ့လည်မှာ အဲဒီ့ဂိုင်းဂျင်းကဒ်တွေကို ဆန္ဒပြပွဲ တိုကျိုမှာ လုပ်မယ် ..ခင်ဗျားလည်းလာခဲ့ဗျာ ဘ၀ဆိုတာ တိုက်ပွဲလို့ ယူဆမယ်ဆိုရင်ပေါ့….http://www.repacp.org/aacp/20090524EventEN.php

 

ဘာသာပြန်။   ။ ၀မ်းအိုဝမ်း

Last Updated ( Wednesday, 23 September 2009 21:26 )  

ကျနော်တို့ဂျာနယ်

 

မေလထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။ ...

 

ဧပြီလထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

 

မတ်လထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

ဗိုလ်ချုပ်အောင်ဆန်းကဗျာများ

လာရောက်လည်ပတ်သူများ

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့47
mod_vvisit_counterမနေ့132
mod_vvisit_counterစုစုပေါင်း49112
(From 17.5.09, 5:00 pm)

လက်ရှိဧည့်သည်

We have 13 guests online