Moethaukkye Library Burmese Volunteer Group

Tuesday
Sep 07th
Text size
  • Increase font size
  • Default font size
  • Decrease font size
Home ဆောင်းပါး ကဏ္ဍစုံဆောင်းပါး နာဂစ်အမည်ရှိဆိုက်ကလုံးမုန်တိုင်းကြီး တိုက်ခိုက်ခဲ့ပြီး တနှစ်အကြာ

နာဂစ်အမည်ရှိဆိုက်ကလုံးမုန်တိုင်းကြီး တိုက်ခိုက်ခဲ့ပြီး တနှစ်အကြာ

E-mail Print PDF


ယနေ့(၂.၅.၂၀၀၉) ဟာ နာဂစ်အမည်ရှိဆိုက်ကလုံးမုန်တိုင်းကြီး တိုက်ခိုက်ခဲ့သည့် တနှစ်ပြည့်နေ့ဖြစ်ပါသည်။

လွန်ခဲ့သော နှစ်က တစ်နာရီ (၁၂၀) ကီလိုမီတာ အရှိန်နှုံးနဲ့တိုက်ခိုက်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၄၀,၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ကြရပြီး မြန်မာနိုင်ငံ တောင်ဘက်နှင့် အနောက်တောင်ပိုင်းဒေသ ဧရာဝတီတိုင်းတောင်ပိုင်း တစ်ခုလုံးအား ကျေမွသွားစေအောင် မုန်တိုင်းကြီးက မွှေနှောက်ဖျက်ဆီးသွားခဲ့ပါသည်။ ထို့ကြောင့် ဤဒေသတစ်ခုလုံးမှာ အထိအခိုက်အဆုံးအရှုံးကြီးမားလှပါတယ်။

ထိခိုက်ဖျက်ဆီးခံရမှုတွေထဲက ချောင်းရှာဆိုတဲ့ရွာကလေးတရွာ ကတော့ အလွန်ဘဲဆိုးရွားလှပါတယ်။ တချိန်က ရွာထဲမှာ ကလေးသူငယ် လူငယ်လူရွယ်လေးတွေရဲ့ ဆော့ကစားသံ၊ ရယ်သံမောသံတွေနဲ့ဆူညံခဲ့တဲ့ရွာလေးဟာ မုန်တိုင်း ပြီးနောက် အရင်က လူငယ်လူရွယ်ဦးရေ (၂၀၀) လောက်ရှိခဲ့ရာမှာ (၉) ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး သေဆုံး/ ပျောက်ဆုံး ကလေးငယ်/လူကြီးများထဲမှလညှ်း တစ်ဦးတည်းသော ကလေးငယ်ရဲ့ရုပ်ကလပ် ကိုသာ တွေ့ရှိခဲ့ပါတယ်။ အဓိကအဆိုးဆုံး ကတော့ ကျန်ရစ်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေပါဘဲ။ သူတို့လေးတွေမှာ မိသားစုတွေပျောက်ဆုံးခဲ့ရတယ်။ အထူးသဖြင့် ကလေးငယ်တွေအများစုဟာ သေဆုံးခဲ့ကြရပါတယ်။

ထို့ကြောင့် ကျန်ရစ်သူတွေဟာ တစ်နှစ်တာကြာခဲ့ပေမယ့် လေမုန်းတိုင်းတိုက်တဲ့ညကိုတော့ မိမိတို့ဘ၀မှာ ချစ်ခင်လှ စွာသော သား/သမီးတွေ၊ ဇနီး/ခင်ပွန်းသည်တို့နှင့် ကွဲကွာခဲ့ရတဲ့ နေ့တစ်နေ့အဖြစ် ဘ၀မှာဘယ်တော့မှမေ့နိုင်တော့မှာ မဟုတ် ပါဘူး・

” မိသားစုတို့ရဲ့ ကြေကွဲသောည မေ့လို့မရပါ” ဆိုတဲ့ဆိုင်းဘုတ်လေးကို ရွာလယ် ထန်းပင်ကြီးမှာချိတ်ဆွဲပြီး အသက်ရှင် ကျန်ရစ်သူ မိသားစုများက သူတို့ရဲ့ ၀မ်းနည်းပူဆွေးမှုတွေကို ယနေ့ထက်တိုင် ပြသဖေါ်ထုတ်ဆဲဖြစ်ပါတယ်။

မြန်မာစစ်အစိုးရကတော့ လေမုန်တိုင်းခံဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်နေပါတယ်၊ ကုလသမဂ္ဂ လူသားချင်းစာနာမှုအကူအညီပေးရေးမှ တာဝန်ရှိပုဂ္ဂိုလ်တွေပြောကြားချက်အရ တိုးတက်မှုတွေရှိတယ် သို့ပေသည့် လူဦးရေ (၂.၅) သန်းခန့်အတွက် အကူအညီတွေလိုအပ်နေပါသေးတယ်လို့ဆိုပါတယ်။

မြန်မာစစ်အစိုးအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကိုငငြ်းဆန်ခဲ့ပါတယ်။ပိတ်ဆို့မှုတွေလုပ်ထားနေဆဲပါ။၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်မှသာ(သို့) ၄င်းတို့၏စီမံခန့်ခွဲမှု အောက် မှာသာ လက်ခံမည့်သဘောထားမျိုးပြသခဲ့တာကြောင့် အကျင့်ပျက်အစိုးရ နှင့် လက်တွဲဆောင်ရွက်ဖို့ နိုင်ငံအဖွဲ့အစည်းတွေ အလှူရှင်တွေအတွက် စိတ်မသက်သာစရာတွေဖြစ်ခဲ့ရပါတယ်။ ထို့ပြင် နိုင်ငံတကာသတင်းထောက်တွေကိုလည်း မုန်တိုင်း သင့်ဒေသတွေကို သွားရောက်ဖို့ကိုလည်း စစ်အစိုးရမှတင်းကျပ်စွာ ပိတ်ပင်ထားခဲ့ပါတယ်။

နာဂစ်မုန်တိုင်းပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာအလှူရှင်နိုင်ငံများမှ ဗြိတိန်အစိုးရက ပေါင်စတာလင် (၁၇) သန်းပေးအပ်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံတကာအစိုးရတွေထဲမှာ အများဆုံးလှူဒါန်းတဲ့ ပမာဏဖြစ်ပါတယ်။

မုန်တိုင်းလွန် တစ်နှစ်အကြာတွင် ကလေးသူငယ်စောင့်ရှောက်ရေး ရံပုံငွေအဖွဲ့ (Save the Children) မှ မျိုးဆက်တစ်ခုလုံး ပျက်ဆီးဆုံးရှုံးသွားခဲ့သော ချောင်းရှာရွာလူထု၏အခြေအနေအရပ်ရပ်ကို ဗြိတိန်နိုင်ငံထုတ် (The Sun) သတင်းစာကြီးထံ သတင်းဆောင်းပါးတစ်ဆောင် ပေးပို့ခဲ့ပါသည်။

၂၀၀၈ ခုနှစ် မေလ (၂) ရက်နေ့ နေ့လည်ခင်း မုန်တိုင်းစတင်ကျရောက်တဲ့အချိန် လပွတ္တာမြို့အနီး ချောင်းရှာရွာ ကလေးတွင် လူများရုန်းရင်းဆန်ခတ် အသက်လုပြေးလွှားနေကြ၏။ ငါးဖမ်းလှေများထဲတွင် တိုးဝှေ့ပူးကပ်၍ ရေပြန်ကျသွားရန် ဆုတောင်းလျှက်ရှိကြ၏။ လေပြင်းတ၀ုန်းဝုန်းအကြားတွင် လွှင့်မျောပါ မသွားစေရန် သစ်ပင်များကို ဖက်တွယ်ထားကြ၏။

ကလေးသူငယ်အများစုကတော့ ကံဆိုးလှရှာပါသည်။ မိဘများနှင့် တကွဲတပြားဖြစ်လျှက်သေဆုံးကြရရှာသည်။ လေဒါဏ်မိုးဒါဏ်ကို ကြံကြံခံ၍ နီးစပ်ရာဖက်တွယ်ထားနိုင်သူ သန်မာသော ကာလသားတချို့သာ အသက်ရှင်သန် ခွင့်ရကြပါသည်။

ထိုအထဲမှ ဦးစန်းအေး (၄၁)နှစ် သည် ရွာလူကြီးဖြစ်၏။ မုန်တိုင်းဘေးမှအသက်ရှင်ခွင့်ရခဲ့သော်လည်း ချစ်လှစွာသော ဇနီးနှင့် သမီးငယ်နှစ်ယောက်ဆုံးပါးသါားကြောင်းသိရသည်တွင် စကားမပြောနိုင် ဆို့နင့်စွာ ခံစားခဲ့ရပါသည်။ ဦးစန်းအေးတို့ မိသားစုသည် မုန်တိုင်းကျချိန်တွင် ငါးဖမ်းလှေထဲ၌ ခိုနေခဲ့ကြပါသည်။ သို့သော်လှေနစ်မြုပ်သွားပြီး ဦးစန်းအေးမှာလည်း တစ်စုံတစ်ခုနှင့် ရိုက်မိ၍ မေ့မျောသွားပြီး မုန်တိုင်းစဲသွားချိန်အထိ သစ်ကိုင်းတစ်ကိုင်းတွင် ချိတ်နေခဲ့၍ အသက် ရှင်သန်ခဲ့ပါသည်။ သတိပြန်ရချိန်တွင် သူ့ရွာ၏အခြေအနေမှာ မမှတ်မိနိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့လေပြီ။

”လူတွေဟာ အသတ်မပါဘဲ လျှောက်သွားနေကြရပြီး အ၀တ်တွေကို ရှာရင်း ကိုယ့်မိသားစုတွေကို ဟိုမှာဒီမှာ ရှိနိုးနိုး အရူးတပိုင်း လိုက်ရှာနေကြတယ်”

”ကလေးတွေအားလုံးနီးပါးပျောက်ဆုံးသွားတာကတော့ အဆိုးရွားဆုံး ကြေကွဲမှုပါဘဲ” ဦးစန်းအေးမှပြန်လည်ပြောပြ ပါသည်။

မြေပြင်တွင် ကလေးကစားစရာ အရုပ်များပြန့်ကျဲနေသော မြင်ကွင်းသည် တချိန်က ပျော်ရွှင်သာယာခဲ့သော ရွာကလေး ကို အမှတ်ရစရာ ဖြစ်စေခဲ့ပါသည်။

”နာဂစ်မဖြစ်ခင်ကဆိုရင် ညနေခင်းရောက်တာနဲ့ ကလေးတွေ အပြင်မှာ ပြေးလွှားဆော့ကစားတာ ဆူညံနေတာပါဘဲဗျာ”

လို့ ဦးစန်းအေးမှ အမှတ်တရ ပြန်ပြောပြလေသည်။

”ဒါပေမယ့် ရင်နင့်စရာဖြစ်ခဲ့ရပါပြီ။ ရွာဟာတိတ်ဆိတ်ပြီး ရယ်မောသံများလည်းမရှိတော့ပါဘူး။ လူသေအလောင်းတွေဘဲ မြင်နေရပါတော့တယ်” လို့ဆက်လက်ပြီးရင်နင့်ဖွယ် ပြောပြပါသည်။

သူ့ရွာကို ယခင်ကလို ပြန်လည်စည်ကားသာယာလာနိုင်ပါအုံးမလား ဟုမေးသောအခါ ဦးစန်းအေး မျက်ရည်ကျလေတော့သည်။

သားနှစ်ယောက်ကျန်ရစ်ရာ ထိုအချိန်က အဝေးတွင်ရောက်ရှိပညာသင်ကြားလျှက်ရှိသည်၊ မကြာသေးမီကမှ ဦးစန်းအေး တစ်ယောက် နောက်အိမ်ထောင်ပြုခဲ့ပြီး ဖြစ်သော်လည်း ပျောက်ဆုံးသွားသော မိသားစုအတွက် ဘယ်သောအခါမှ ဖြေနိုင်တော့မည်မဟုတ်ပေ။

သူ၏နောက်အိမ်ထောင် အသက် (၃၄) နှစ်ရှိမခင်သက်သည်လည်း မုန်တိုင်းအတွင်း သမီးနှစ်ယောက်ဆုံးပါးခဲ့ရပါသည်။ ဦးဆန်းအေး မည်သို့ခံစားရမည်ကို သူမလည်း ထပ်တူထပ်မျှ ခံစားနိုင်ပါသည်။ ကံကောင်းထောက်မစွာ ချောင်းရှာရွာမှ ” အသက်ရှင် ကျန်ရစ်သူ အနည်းငယ်တို့သည်လည်း ၄င်းတို့မည်သို့မည်ပုံ ကြုံတွေ့ခံစားခဲ့ရသည်တို့ကို ပြောပြရန် ခက်ခဲလှပေသည်။

လက်ရှိအချိန်တွင် ကလေးငါးယောက် နေထိုင်လျှက်ရှိပြီး အခြားလေးဦးမှာ ရပ်ဝေးတွင်သွားရောက် ပညာသင်ကြားလျှက် ရှိပြီး (၁၆)နှစ်အရွယ်ရှိ ဝေမင်းဦးတစ်ယောက်သာ မုန်တိုင်းအတွင်း မည်သို့နေထိုင်ခဲ့ရကြောင်း ပြန်လည်ပြောပြနိုင်ပါသည်။ သို့သော်သူထံတါင် စိတ်ဒါဏ်ရာဒါဏ်ချက်များ ရိုက်ခတ်လျှက်ရှိဆဲဖြစ်ပါသည်။

ဦးစန်းအေးတို့မိသားစု ကဲ့သို့ပင် အဝေးတနေရာသို့ ရီဝေသော မျက်လုံးများဖြင့် မျှော်ကြည့်ရင်း ပြန်လည်ပြောဆိုလေသည်။

မုန်တိုင်းလာချိန်တွင် လှေဆီသို့ သူပြေးသွားသော်လည်း လှေမှာ နစ်မြုပ်နေပြီဖြစ်၏။ ထို့ကြောင့် (၁၅ )မီတာခန့်မြင့် သော သစ်ပင်တစ်ပင်ပေါ်သို့တတ်လိုက်၏။

(၉) နာရီလုံးလုံး သစ်ပင်ပေါ်မှာ ကျနော်တွယ်ကပ်ထားပါတယ်၊ လေကြမ်းက ရိုက်ချသွားမှာကို ကြောက်နေခဲ့ ရပါတယ်”

”မိဘတွေလည်း လှေပေါ်မှာနေရင်း ရေထဲပါသွားတယ်၊ သူငယ်ချင်းတွေလည်း ပျောက်သွားခဲ့ပါတယ်၊ ကျနော်ဘောလုံး မကန်ခင်မှာ သူငယ်ချင်းတွေနဲ့ ငါးဖမ်းထွက်လေ့ရှိတယ်။ အခုသူတို့တွေ မရှိတော့ဘူး။ ကျနော်အသက်ရှင်နေရတာ ၀မ်းနည်းမိတယ်” လို့ပြောပြပါသည်။

သို့သော်ရွာဟောင်းနှင် မီတာအနည်းငယ်အကွာ ပါးလွှာလွှာ တာပေါ်လွင်စ ရွက်ဖျင်တဲကလေးများသည် ချောင်းရှာရွာ ၏ နေချင်စဖွယ် နေရာလေးတစ်ခု အဖြစ် ပြန်လည်ရပ်တည်လာနိုင်ပါသည်။

မချောဝေသည် ပြုံးပန်းတဝေေ၀နှင့် သူမ၏ မွေးကင်းစ သမီးငယ်လေးကို ရင်ခွင်ပိုက်ကာ လှုပ်ရမ်းလျှက်ရှိပါသည်။ လေမုန်တိုင်းပြီးကတည်းက ရွာတွင်ပထမဆုံးမွေးဖွါးသော ကလေးဖြစ်ပြီး ” မြတ်နိုးဝေ” ဟု ချစ်စနိုးအမည်ပေးရန်စဉ်းစား ထားပါသည်။

မချောဝေ(၃၈) နှစ် ခင်ပွန်း ဦးဆင် (၄၈) နှစ်နှင့် သားအကြီး မျိုးသက်အောင် (၁၂) နှစ် သုံးဦးစလုံး အသက်ရှင်ကျန်ရစ်ပြီး (၈) နှစ်အရွယ် သားငယ်လေးကတော့ မုန်တိုင်းအတွင်း ဆုံးပါးခဲ့ပါသည်။

”ကျမ ကိုယ်ဝန်ရှိကြောင်းသိရတော့ အရမ်းဝမ်းသာသွားတယ်” ပြီးတော့ ကျမက သားဆုံးသွားတာဆိုတော့ ယောင်္ကျားလေး ဖြစ်မယ်ထင်ထားတာ၊ မုန်တိုင်းကကျန်ရစ်ပြီး ကိုယ်ဝန်လည်းရှိတယ်ဆိုတော့ နှစ်ခါကံကောင်းတယ်လို့ ခံစားရပါတယ်။ ဒီကလေးက ကျမတို့ မိသားစုရဲ့ မျှော်လင့်ချက် ဖြစ်သလို ရွာရဲ့ မျှော်လင့်ချက်လည်းဖြစ်ပါတယ်” လို့ မချောဝေက ပြောပြပါသည်။

မုန်တိုင်းမတိုင်ခင်က ရွာတွင် လူဦးရေ (၄၀၀) ခန့်ရှိပြီး (၃၀) ခန့်သာ ကျန်ရစ်ခဲ့ပါသည်။ ယမန်နှစ်က ပြောင်းရွှေ့လာသူများနှင့်ဆိုလျှင် (၁၆၀) ဦးခန့်ဝန်းကျင်ရှိလာပြီဖြစ်၏။ သို့သော်အများစုမှာ ဆွေမျိုးသားချင်းများထံတွင် ခက်ခဲစွာ ရုန်းကန်နေထိုင်ကြရပါသည်။

အိမ်သစ်များမှာ ဆောက်လုက်ဆဲဖြစ်ပြီး ရွာသားများ၏ အဆိုအရ နောင်လာမည့် ရက်သတ္တပတ်အနည်းငယ် အတွင်းမိုးရာသီကျရောက်တော့မည်ဖြစ်ရာ အိမ်များအား အမြန်ပြီးစီးရန် အလုအယက်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံရဲ့ အဆိုးရွားဆုံးကြောက်မက်ဖွယ် မုန်တိုင်းဘေးက အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကလေးထောင်ပေါင်းများစွာ တို့ဟာ သူတို့ မမြင်မတွေ့သင့်တဲ့မြင်ကွင်းတွေကို တွေ့မြင်ခဲ့ရတယ်။ သူတို့ရဲ့ မိသားစု သူငယ်ချင်းတွေဟာ မျက်စိရှေ့မှောက်မှာတင် သေဆုံးပျောက်ကွယ်ခဲ့ရတဲ့ ဖြစ်ရပ်ဆိုးကြီးရဲ့ အရိပ်က လွတ်မြောက်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူရ ပါဦးမည်။

ဒါပေမယ့် ဒီကလေးတေါဟာ အံ့သြစရာကောင်းလောက်အောင် ခံနိုင်ရည်ရှိတဲ့ ကလေးတွေ ဖြစ်ပြီးထိရောက်တဲ့ စောင့်ရှောက်မှု၊ ကူညီမှုတွေသာရှိမယ်ဆိုရင် အနာဂတ်ကို အောင်မြင်စွာဖြတ်သန်းနိုင်ကြမှာပါ။

ကလေးသူငယ် ကယ်ဆယ်စောင့်ရှောက်ရေး ( The Save Children) က ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတလျောက် မိသားစုတွေ ငါးဖမ်းလုပ်ငန်း၊ လယ်ယာလုပ်ငန်းတွေပြန်လည် တည်ထောင်နိုင်အောင်၊ စားပွဲပေါ်မှာ စားစရာတွေ တင်ပြီး စားနိုင်အောင်၊ ကလေးတွေကို ကျောင်းပို့နိုင်အောင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင် အကူအညီတွေ ပေးနေပါတယ်၊ အဲဒီလိုအခြေအနေတွေမျိုးတွေရောက်ရှိတဲ့အထိ ကူညီပေးသွားမှာဖြစ်ပါတယ်၊

ဗြိတိန်လူထုက စတာလင်ပေါင် (၂၅) သန်းလှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ အတော်များများလည်း ကူညီအောင်မြင်ခဲ့ပြီး ဖြစ်သလို သူတိုကဘ၀တွေပြန်လည် ထူထောင်ဖို့အတွက် အကူအညီတွေ ဆက်လက်လိုအပ်နေဆဲပါ” ဟု၍
ကလေးသူငယ် ကယ်ဆယ်စောင့်ရှောက်ရေး (The Save Children) အဖွဲ့မှ မြန်မာပြည်ဆိုင်ရာ ဒါရိုက်တာ အင်ဒရူးကာ့ဝု (Andrew Kirkwood) ကပြောကြားခဲ့ပါသည်။


The Sun သတင်းစာမှ သတင်းကို ၀မ်းအိုဝမ်းမှဘာသာပြန်ပါသည်။
Last Updated ( Wednesday, 23 September 2009 21:27 )  

ကျနော်တို့ဂျာနယ်

 

ဇန္န၀ါရီလထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

 

ဖေဖော်ဝါရီလထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

 

မတ်လထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

ဗိုလ်ချုပ်အောင်ဆန်းကဗျာများ

လာရောက်လည်ပတ်သူများ

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့84
mod_vvisit_counterမနေ့141
mod_vvisit_counterစုစုပေါင်း78707
(From 17.5.09, 5:00 pm)

လက်ရှိဧည့်သည်

We have 3 guests online