Moethaukkye Library Burmese Volunteer Group

Saturday
Mar 13th
Text size
  • Increase font size
  • Default font size
  • Decrease font size
Home ဆောင်းပါး

ဆောင်းပါး

တတိယလှိုင်းတို့ နားချပါဦး

တတိယလှိုင်းတို့ နားချပါဦး

ဇော်မင်း (လူ့ဘောင်သစ်)    

ဗီယက်နမ် နိုင်ငံသည် ယနေ့ခေတ်တွင် ထိုင်းနိုင်ငံနှင့် အပြိုင် ကမ္ဘာတခွင်သို့ ဆန်တင်ပို့နေသော နိုင်ငံတခု ဖြစ်သည်။ ဗီယက်နမ်နိုင်ငံ၏ မြစ်ဝကျွန်းပေါ်ဒေသသည် တနိုင်ငံလုံး ဆန်အထွက်နှုန်း၏ တဝက်ကျော်ကျော်ကို ထုတ်လုပ်ပေးနေသော ဒေသလည်း ဖြစ်သည်။ တရုတ်ပြည်မှ စတင်၍ စီးဆင်းလာသော မဲခေါင်မြစ်သည် မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားတို့ကို ဖြတ်ကာ နောက်ဆုံးတွင် ဗီယက်နမ်နိုင်ငံ၌ အဆုံးသတ်၍ ပင်လယ်ထဲသို့ စီးဝင်သွားသည်။ ထိုဒေသကား ဗီယက်နမ်၏ မြေသြဇာ ကြွယ်ဝသော နုံးတင် မြေနု မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်တော့သည်။

သို့သော်လည်း ဗီယက်နမ် လူမျိုးတို့ ခေါင်းခဲစရာ၊ ပူပန်စရာ ဖြစ်လာသည့် ပြဿနာကတော့ ကမ္ဘာကြီး ပူနွေးလာ၍ ပင်လယ်ရေပြင် တစတစ မြင့်တက်လာခြင်း ဆိုသည့် ကိစ္စပင် ဖြစ်သည်။ ဤအတိုင်းသာ ဆက်၍ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာနေပါက နောင်လာမည့် အနှစ် ၄-၅၀ တွင် ဗီယက်နမ် နိုင်ငံ၏ မြစ်ဝကျွန်းပေါ် တစိတ်တပိုင်းသည် ပင်လယ် ရေအောက်သို့ ရောက်တော့မည်။ ထိုသို့ဆိုပါက ဆန်စပါး စိုက်ပျိုးမှု ကောင်းမွန်နေသော မြစ်ဝကျွန်းပေါ် တစိတ်တဒေသသည် အမြဲတမ်း ပင်လယ်ရေငန် ဖုံးအုပ်မှုကို ခံရတော့မည် ဖြစ်သည်။

ကျွမ်းကျင်သူများ အဆိုအရ ထိုမြစ်ဝကျွန်းပေါ်၏ တစိတ်တပိုင်း ပင်လယ် ရေအောက် ရောက်ရှိပါက ဗီယက်နမ်၏ ဆန်အထွက်နှုန်းလည်း ကြောက်ခမန်းလိလိ ကျဆင်းလာမည်ဟု ဆိုကြသည်။ ထို့ကြောင့် မြစ်ဝကျွန်းပေါ်မှ လက်ရှိ ဆန်အထွက်နှုန်း၏ သုံးပုံတပုံ လျော့ပါးကျဆင်း သွားမည်ဟုလည်း တွက်ချက်ပြ ထားသည်။  

စပါးစိုက်ပျိုးခြင်းဖြင့် အသက်မွေးနေသာ ဗီယက်နမ် မြစ်ဝကျွန်းပေါ်သားတို့ ဘာဆက်လုပ် ကြမည်နည်း။ ပင်လယ်ထဲ၌ ငါးဖမ်းခြင်းအလုပ်ကို ပြောင်း၍လုပ်ကိုင်ကာ ဆက်လက် အသက်မွေးမည်လော သို့မဟုတ် မြို့ပြများသို့ ပြောင်းရွှေ့ကာ မြို့ပြအခြေစိုက် အလုပ်သမားများအဖြစ် အသွင်ပြောင်းမည်လော။ သေချာသည် တခုက ယခင်က ပိုင်ဆိုင်ခဲ့သော ၎င်းတို့၏ လယ်ယာများ ပင်လယ် ရေအောက်သို့ ရောက်ရတော့မည်။  

ဗီယက်နမ် မြစ်ဝကျွန်းပေါ်၏ အစိတ်အပိုင်းတချို့ ရေလွှမ်းခံရသည့်အချိန်တွင် ပင်လယ်ရေသည် ဗီယက်နမ် နိုင်ငံ တခုထဲတွင်သာ အပျော်လွန်ပြီး တန့်၍၊ရပ်၍ နေမည်မဟုတ်။ ဒေသတခုလုံးအတွင်း ထိုဆိုးကျိုးကို ခံစားကြ ရမည်လည်း ဖြစ်သည်။  

ထိုင်းနိုင်ငံတွင် ဘန်ကောက်မြို့ကြီးသည် ပင်လယ်ရေ မျက်နှာပြင်အောက် ၂ လက္မခန့် နိမ့်နေသည်ဟု ဆိုကြသည်။ အထူးသဖြင့် မိုးတွင်းကာလများ၌ ဘန်ကောက်မြို့တွင်းနေရာ အတော်များများတွင် ရေကြီးလေ့ရှိသည်။ အကြီးစား ပန့်များကိုသုံးကာ ရေများကို စုပ်ထုတ်ပစ်ရသည်။ ဗီယက်နမ်၏ မြစ်ဝကျွန်းပေါ် ပင်လယ်ရေ လွှမ်းသောအခါ၌ ဘန်ကောက်တွင်လည်း ဘန်ကောက်သူ ဘန်ကောက်သားများ ဟိုဟိုသည်သည် လှေရောင်စုံများဖြင့် သွားလာနေမည်ကို မြင်ယောင် မိသေးတော့သည်။ လှေဆိပ်သာရှိ၍ ကားဆိပ်များ၊ ကားဂိတ်များ နိတ္ထိတံ ရတော့မည်။ တချိန်က အာရှတိုက်၏ ဗင်းနစ်မြို့တော်အဖြစ် တင်စားခံခဲ့ရသည့် ဘန်ကောက်သည် ထိုအချိန်တွင် ဒုတိယ ဗင်းနစ်မြို့တော်အဖြစ်သို့ ပီပီပြင်ပြင် ပြောင်းလဲရတော့မည်။  

ဗင်းနစ်မြို့တော်လို အဖြစ်မခံလိုပါက ဘန်ကောက်မြို့ကိုပတ်၍ တမံတုပ်ဖို့သာရှိသည်။ နယ်သာလန်မှာလို ပင်လယ်ရေ မြင့်တက်လာခြင်းကို တမံတုပ်၍ ကာမည်လော။ ကာထား နိုင်သေးသည်။ ထိုင်းနိုင်ငံသည် ဓနကြွယ်ဝ လာနေသော နိုင်ငံတခု ဖြစ်သောကြောင့် ပင်လယ်ကမ်းရိုးတမ်းတခုလုံးကို တမံမတုပ် နိုင်ဘူးထားဦး၊ ဘန်ကောက်မြို့ကိုတော့ တမံများဖြင့် ပတ်ပတ်လည် ကာထားနိုင်သည်။     

တချိန်တည်းတွင် မြန်မာနိုင်ငံဘက်ကို ပြန်ကြည့်လိုက်ပါက မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်ဒေသ တစိတ်တပိုင်းလည်း ပင်လယ်ရေ လွှမ်းခြင်း ခံရမည်။ ဒေသအတွင်း မြင့်တက်လာသည့် ပင်လယ်ရေကို ငါ့ဘက်မလာနဲ့ဟု တား၍ မရစကောင်း။ မြစ်ဝကျွန်းပေါ်၏ စပါးစိုက်ပျိုးနေသော လယ်မြေပမာဏ ဆုံးရှုံးမှုသည်လည်း ကြီးမားပေလိမ့်မည်။ ပင်လယ်ရေ မြင့်တက်လာခြင်းကြောင့် မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်တွင် ဆုံးရှုံးရသော မြေယာပမာဏသည် ဗီယက်နမ်ထက် အဆပေါင်းများစွာ ဆိုးဝါးလိမ့်မည်။ ဘာ့ကြောင့်ဆိုတာ ဆက်၍ ပြောပါမည်။

မေခ၊ မေလိခ မြစ်ဆုံနေရာကို ပိတ်၍ ဆည်ဆောက်ခါ လျှပ်စစ်ဓာတ်အား ထုတ်လုပ်၍ တရုတ်ပြည်ကို ရောင်းဖို့ ပြင်နေသည်မှာ အားလုံးအသိ။ မြစ်ဆုံဒေသည် ဧရာဝတီမြစ်ကြီး မူလအစဖြစ်သည်။ မြစ်ဆုံဒေသကို ပိတ်ဆို့လိုက်ပါက အောက်ပိုင်းသို့ ဆက်လက် စီးဆင်းမည့်ရေများ တန့်၍သွားမည်။ ဤသို့ဆိုပါက အောက်အရပ် မြစ်ဝကျွန်းပေါ်ဒေသသို့ ဆက်လက် စီးဆင်းမည့် ရေပမာဏ နည်းသွားပေမည်။

နားလည်လွယ်အောင် ပြောရပါက ဥပမာအားဖြင့် မြစ်ဝကျွန်းပေါ်ရှိ မြစ်ကလေးများ၊ ချောင်းကလေးများ၏ ရေအနက်သည် ၁၀ ပေဟု ဆိုပါစို့။ ကချင်ပြည်နယ် မြစ်ဆုံတွင် ဆည်ပိတ်လိုက်သောကြောင့် စီးဆင်းရမည့် ရေများတန့်ကာ ယခင်ကလို အောက်ဘက်သို့ အပြည့်အဝ မစီးဝင်နိုင်တော့။ ထို့ကြောင့် မြစ်ဝကျွန်းပေါ်ရှိ မြစ်ချောင်းများ၏ ရေအနက်သည် ၅ ပေခန့်သာ နက်တော့မည်။ ရေအမြင့် မူလထက် ၅ ပေ နိမ့်သွားသည်။ စီးဆင်း လာရမည့်ရေများ နောက်ပြန်ဆုတ် သွားရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ပင်လယ်ရေ မြင့်တက်လာသော ကာလတွင် ပင်လယ်ရေသည် ကမ်းရိုးတန်းတလျှောက်သာ မြင့်တက်ခြင်း မဟုတ်တော့ဘဲ အထက်ပိုင်း မိုင် ၃-၄ဝ ခန့်အထိ တိုး၍ ဝင်ရောက် လာနိုင်သည်။ မူလကဆိုလျှင် မြစ်ဝကျွန်းပေါ်သို့ အထက်မှ စီးဆင်းလာသော ရေများကြောင့် ပင်လယ်ရေများ အထက်ဘက်သို့ တိုးဝင်ချင်တိုင်း တိုးဝင်၍ မရအောင် သဘာဝအလျှောက် ရေကို ရေချင်း ဟန့်တား၊ ကာထားပေးသည်။ ရေချိုနှင့် ရေငန် ဇလုတ်တိုက်၍ အပြန်အလှန် ထိန်းထားခြင်းမှာလည်း သဘာဝတရား ဖြစ်သည်။ သို့သော်လည်း မြစ်ရေ နိမ့်ကျသွားသောအခါ ပင်လယ်ရေငန်များ အထက်ပိုင်းအထိပါ တရဟော တိုးဝင် လာတော့မည်။

ထိုရောအခါ၌ ယခင်က သဘာဝအတိုင်း မြေသြဇာ ကောင်းမွန်ခဲ့သော မြစ်ဝကျွန်းပေါ် ဒေသတခုလုံး ဆားငန်ရေများ အောက်သို့ရောက်ခါ ဆန်စပါး စိုက်ပျိုးခြင်းသည်လည်း သေဆုံးရတော့မည်။ မြစ်ဝကျွန်းပေါ်သားများ အထက်ဘက် မိုင် ၃-၄၀ သို့ ပြောင်းနေ ရတော့မည်။ ထိုသို့ပြောင်း၍ မနေလိုပါက လှေများဆောက်ခါ လှေပေါ်တွင် နေထိုင်၍ ရသမျှ ပင်လယ်ငါးလေးများ ဖမ်းကာ၊ လှေစီးလူသား မော်ဒန်ဆလုံ လူမျိုးများအဖြစ် နေထိုင်ရုံသာ ရှိတော့သည်။ မြန်မာနိုင်ငံ၏ ဝမ်းဗိုက်သည်လည်း နှစ် ၄-၅၀ အတွင်း ကွယ်ပျောက်ရတော့မည်။ နောင်အနှစ် ၄-၅၀ အတွင်း ဆန်ကို နိုင်ငံခြားမှ ပြန်၍တင်သွင်းရတော့မည်။ အာဖရိကတိုက်တွင် မိုးခေါင်သောကြောင့်၊ ဘာမှ မယ်မယ်ရရ စိုက်ပျိုးမရ၍ ငတ်ကြသည်။ မြန်မာနိုင်ငံမှာတော့ စပါးခင်းများတွင် ရေငန်ဖုံးသောကြောင့် အငတ်ဘေးကြီးကို ရင်ဆိုင်တွေ့ကြလိမ့်ဦးမည်။

ထိုအချိန်မတိုင်မီ လက်ဦးဆုံး ဆုံးရှုံးရမည့်သူများကတော့ မြစ်ဆုံဒေသတဝိုက်တွင် ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင် စားသောက်လာခဲ့သည့် ဒေသခံတိုင်းရင်းသားများ ဖြစ်သည်။ သတင်းများအရ မြစ်ဆုံဆည်ပိတ်မည့် စီမံကိန်းကြောင့် ရွာပေါင်း ၆၀ ထက်မနည်း၊ လူဦးရေသောင်း ဂဏန်းကို စစ်အစိုးရက အတင်းရွှေ့ပြောင်းတော့မည်။ လိမ္မော်ခြံများ၊ လယ်ယာမြေများ ဆည်ရေအောက်သို့ ရောက်ရတော့မည်။ ထိုသူတို့၏ မူလဘဝနေထိုင်မှုများ ဆုံးရှုံးရမည်။ နေရာနှင့် ဝင်ငွေဆုံးရှုံးမှုတင်မက ကျန်းမာရေး၊ ပညာရေး၊ ဒေသဆိုင်ရာ ယဉ်ကျေးမှုတို့ပါ ဆုံးရှုံးရဦးမည်။ သဘာဝ ပတ်ဝန်းကျင်လည်း ပျက်စီးရဦးမည် ဖြစ်သည်။  

ဆက်လက်၍ ဆုံးရှုံးရမည့် သူများကတော့ မြစ်ဆုံဆည်၏ အောက်ပိုင်းတလျှောက် မြစ်ဝကျွန်းပေါ်အထိ နေထိုင်ကြသည့် နိုင်ငံသားများ ဖြစ်တော့သည်။ ဧရာဝတီမြစ်ကြီးသည် မြစိမ်းရောင်အသွင်ဖြင့် တငြိမ့်ငြိမ့် စီးဆင်းနေသည့် အခြေအနေမှ ချောင်းသာသာ၊ မြောင်းသာသာအဖြစ်သို့ ရောက်ရတော့မည်။ ဧရာဝတီမြစ်ကြီး ကောပါက ဤနိုင်ငံ၏ သမိုင်းလည်း ကောတော့မည်။ ဧရာဝတီကြောင့်သာ မြန်မာနိုင်ငံဆိုတာ ဖြစ်လာခဲ့ရသည် မဟုတ်လော။  

တရုတ်အပါအဝင် အိမ်နီးချင်း နိုင်ငံများကတော့ ရသလောက် ယူမှာပဲ ဖြစ်သည်။ ခင်ဗျားတို့ မြန်မာနိုင်ငံဟာ တကယ်ဆိုရင် သေးသေးလေး။ သဘာဝ အရင်းအမြစ်တွေကို ရှိရှိသမျှ အလျင်စလို ထုတ်မသုံးပါနဲ့ဟု သူတို့ကတော့ အကြံပေးမည်မဟုတ် ပြောမည်မဟုတ်။

အဆင်အခြင်မဲ့သော လုပ်ရပ်ကို ဘယ်သူတွေက ထောက်ပြဝေဖန်သနည်း။ မြန်မာနိုင်ငံ ပြင်ပမှာ နေနေသည့် အဖွဲ့အစည်းအချို့က ထောက်ပြကြသော်လည်း မြန်မာနိုင်ငံအတွင်းမှာ ရှိနေသည့် မည်သည့်အဖွဲ့အစည်းများကမှ ဤကိစ္စကို ဗိုလ်ချုပ်ကြီးများထံသို့ မတင်ပြရဲကြ။ ကြောက်နေကြရသောကြောင့် ဖြစ်သည်။ သာမန် အဖွဲ့အစည်းများကို နားလည်ပေးနိုင်ပါသည်။ သို့သော် သူတို့ကိုယ်သူတို့ နိုင်ငံရေးအရ တတိယလှိုင်းဟု ဆိုနေသော သူများလည်း ဒီလိုကိစ္စမျိုးတွင် မြန်မာစစ်ဗိုလ်ချုပ်များကို နားမချနိုင်ကြောင်း တွေ့ရသည်။ တတိယလှိုင်းတို့က ဆိုထားသည်မို့လား။ မြန်မာပြည် ဒီမိုကရေစီ အပြောင်းအလဲအတွက် စစ်ဗိုလ်များကို တဖြည်းဖြည်း နားချ၍ ပူးပေါင်းဆောင်ရွက်မည်ဟု ပြည်တွင်းထုတ် စာစောင်ဂျာနယ်အချို့မှာ ပြောနေတာ အခုအထိ ဖြစ်သည်။ နိုင်ငံတကာ ကွန်ဖရင့်တွေမှာတောင် ဒီဖော်မြူလာကို ရွှန်းရွှန်းဝေအောင် တင်ပြခဲ့ကြလို့ နိုင်ငံခြားသားများ အလယ်မှာလည်း မော်ဒရိတ်တွေ (အစွန်းမရောက်သူတွေ) ဆိုပြီး ရေပန်းစားနေသည် မဟုတ်လော။  

တတိယလှိုင်းတို့ ပြောရမှာက ဗိုလ်ချုပ်ကြီးတို့ခင်ဗျား လောလောဆယ် အာဏာထိုင်ခုံက ဆင်းမပေးချင်လည်း နေပါ။ သို့သော် မြစ်ဆုံ၌ ဆည်တည်ဆောက်မည့် ကိစ္စကတော့ ရေရှည်မှာ နောင်လာနောက်သားတို့အတွက် ဆိုးကျိုးတွေ သယ်ဆောင်လာမှာ ဖြစ်သောကြောင့် မလုပ်သင့်ပါဟု ရဲရဲတင်းတင်း ပြောရမှာ ဖြစ်သည်။ သို့သော် လက်တွေ့မှာတော့ တတိယလှိုင်းသမားတို့ မပြောရဲရှာပါ။ အာဏာအပြောင်းအလဲကို အသာထား သဘာဝပတ်ဝန်းကျင် ပျက်သုန်းမည့် ကိစ္စလောက်မှ ဗိုလ်ချုပ်များကို နားမချနိုင်ပါက သည့်ထက်ကြီးမားသော ကိစ္စများ၊ အပြောင်းအလဲများကို တတိယလှိုင်းတို့ နားချနိုင်စွမ်း ရှိလိမ့်မည်ဆိုတာက သံသယဖြစ်စရာပါ။

လူမိုက်များ၊ လူကောင်း ယောင်ဆောင်နေသူများ၊ အစွန်းမရောက်သူဟု ကြေညာနေသူများ၊ ထိုသူတွေ အားလုံးသည် တကယ်တော့ မိမိအုပ်စု ကောင်းစားရေး အတွက်သာ လုပ်နေသူတွေသာဖြစ်ကြောင်း မြစ်ဆုံကိစ္စ တခုတည်းနှင့်ပင် ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရတော့သည်။

Last Updated ( Wednesday, 23 September 2009 21:25 )

 

နောင်လာမဲ့ အနှစ် နှစ်ဆယ်

နောက်တမိနစ်၊ နောက် တနာရီ၊ နောက်တနေ့တောင် လူ့လောကမှာ ကိုယ်ရှိမယ် မရှိမယ် မသေချာတာချည်းကို နောင်နှစ်ပေါင်း နှစ်ဆယ်ထိ အတွေးကို ဆန့်ထုတ်ရမယ် ဆိုတော့ ဒီရွာသား တဆိတ်တော့ လွန်ပြ...

Last Updated ( Wednesday, 23 September 2009 21:25 )

ကမ္ဘာပေါ်က အငြိမ်းချမ်းဆုံးတိုင်းပြည်

ကမ္ဘာပေါ်က အငြိမ်းချမ်းဆုံးတိုင်းပြည်

နယူးဇီလန်

“ သေဒတခုသည် 'ရွာ' ဖြစ်ချင်ဖြစ်မည်၊'တော' ဖြစ်ချင်ဖြစ်မည်၊ 'ချိုင့်ဝှမ်း' ဖြစ်ချင်ဖြစ်မည်၊ ' ကြည်းကုန်း' ဖြစ်ချင်ဖြစ်မည်။ မည်သို့ပင်ဖြစ်စေ သူတော်စင်များနေထိုင်ရာြ...

Last Updated ( Wednesday, 23 September 2009 21:26 )

စွမ်းအားရှင်တွေ ၊ ကြံ့ဖွံ့တွေ သေသေချာချာဖတ်ပါ.....

စွမ်းအားရှင်တွေ ၊ ကြံ့ဖွံ့တွေ သေသေချာချာဖတ်စေချင်ပါတယ်။ ကိုယ်ကလက်ရဲဇက်ရဲ ရာဇ၀တ်မှုတွေကျူးလွန်ရင်ဗိုလ်ချုပ်သန်းရွှေရဲ့စစ်အုပ်စုက သူကောင်းပြုသဘောကျနေတယ်ဆိုပြီး အူမြူးမနေစေချင...

Last Updated ( Wednesday, 23 September 2009 21:30 )

အပြည့်အစုံသို့...

ဂျပိုးကောင်ကဲ့သို့ သင်၏ကိုယ်တွင်တွယ်ကပ်နေမည့် New gaijin card

ဂျပိုးကောင်ကဲ့သို့ သင်၏ကိုယ်တွင်တွယ်ကပ်နေမည့် New gaijin card

 ၁၉၅၂ ခုနှစ်မှစ၍ ဂျပန်အစိုးရမှ နိုင်ငံခြားသား မှတ်ပုံတင်ကဒ်များကို စတင်ထုတ်ပေးခဲ့ပါသည်။ ယင်းအချိန်က ဂျပန်နိုင်ငံမှာ ကိုရီးယားလူမျိုးတွေနှင့် တိုင်ဝမ်လူမျိုးတွေဟာ ဂျပန်ပြည...

Last Updated ( Wednesday, 23 September 2009 21:26 )

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဆင်ကွက်အတိုင်း

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဆင်ကွက်အတိုင်း အတွင်းသတင်းများအရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည် အပေါ် အကောက်ကြံနိုင်ရန် သူ၏အကြံအစည် အတိုင်း ဖြစ်လာသည့်အတွက် အထူးကျေနပ် နှစ်သိမ့်နေသည်ဟု သိရသည်။  

ဗိုလ်ချုပ်မ...

Last Updated ( Wednesday, 23 September 2009 21:27 )

နာဂစ်အမည်ရှိဆိုက်ကလုံးမုန်တိုင်းကြီး တိုက်ခိုက်ခဲ့ပြီး တနှစ်အကြာ

နာဂစ်အမည်ရှိဆိုက်ကလုံးမုန်တိုင်းကြီး တိုက်ခိုက်ခဲ့ပြီး တနှစ်အကြာ

ယနေ့(၂.၅.၂၀၀၉) ဟာ နာဂစ်အမည်ရှိဆိုက်ကလုံးမုန်တိုင်းကြီး တိုက်ခိုက်ခဲ့သည့် တနှစ်ပြည့်နေ့ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်က တစ်နာရီ (၁၂၀) ကီလိုမီတာ အရှိန်နှုံးနဲ့တိုက်ခိုက်ခဲ့သော နာဂ...

Last Updated ( Wednesday, 23 September 2009 21:27 )

နိုင်ငံခြားသားအလုပ်သမားများကို ငွေပေးပြီးနှင်ထုတ်တော့မှာလား...

နိုင်ငံခြားသားအလုပ်သမားများကို ငွေပေးပြီးနှင်ထုတ်တော့မှာလား...

၁။ သမဂ္ဂ ခေါင်းဆောင် ဖရန်စစ်စကို ဖရိုက်တပ်၏ ပြောကြားမှုကို ဂျပန်ရှိ ဘရာဇီး အသိုင်းအ၀ိုင်းမှ နားစွင့်လျက်ရှိသည်။   ဂျပန်သတ္တု နှင့် ပြန်ကြားရေး စက်မှုအလုပ်သမားဌာန၏ အသက်(၄၅) ...

Last Updated ( Wednesday, 23 September 2009 21:27 )

၂၀၁၀စိန်ခေါ်မှုများနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

၂၀၁၀စိန်ခေါ်မှုများနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

 

“…သူနဲ့ဒေါ်စုတို့ သက်ရှိထင်ရှားရှိနေတုန်း ယခုအချိန်မှာ သူတို့နှစ်ဦး ပူးပေါင်းဆောင်ရွက်လိုက်ကြရင် မြန်မာပြည်မှာ ဘယ်ခေတ် ဘယ်အခါနဲ့မှ မတူတဲ့ ညီညွှတ်မှုတစ်ခုကို အရယူနိုင်တယ်…”...

Last Updated ( Wednesday, 23 September 2009 21:27 )

Latest

ကာတွန်းများ

Highslide JS Highslide JS Highslide JS Highslide JS Highslide JS Highslide JS Highslide JS

ဂျပန်သတင်းဌာန(NHK)မှ မှတ်တမ်းရုပ်ရှင်(Documentary) ထုတ်လွှင့်သွားသော“မိုးသောက်ကြယ်စာကြည့်တိုက်” အကြောင်း

ကျနော်တို့ဂျာနယ်

 

မေလထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။ ...

 

ဧပြီလထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

 

မတ်လထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

ဗိုလ်ချုပ်အောင်ဆန်းကဗျာများ

လာရောက်လည်ပတ်သူများ

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့30
mod_vvisit_counterမနေ့145
mod_vvisit_counterစုစုပေါင်း49370
(From 17.5.09, 5:00 pm)

လက်ရှိဧည့်သည်

We have 7 guests online