Moethaukkye Library Burmese Volunteer Group

Saturday
Sep 04th
Text size
  • Increase font size
  • Default font size
  • Decrease font size
Home ပြည်ပသတင်းများ ပြည်ပသတင်းများ လေယဉ်ကွင်းပြောင်း အမေရိကန်ခရီးသည်တစ်ဦး နာရီတာတွင် သေနတ်ဖြင့် ဖမ်းဆီးရမိ

လေယဉ်ကွင်းပြောင်း အမေရိကန်ခရီးသည်တစ်ဦး နာရီတာတွင် သေနတ်ဖြင့် ဖမ်းဆီးရမိ

E-mail Print PDF
အမေရိကန် လေဆိပ်၏ တင်းကျပ်သောစစ်ဆေးမှုများကို ကျော်လွန်၍ ကျဉ်ဖြည့်ထားသော သေနတ်တစ်လက်ကို သယ်ဆောင်လာသူ အမေရိကန် နိုင်ငံသားတစ်ဦးကို နာရီတာအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခဲ့ကြောင်း လေဆိပ်တာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်သည်။ အသက် (၅၁) နှစ်ရှိ အမေရိကန်ခရီးသည်အား လက်နက်ထိန်းချုပ်ရေး ဥပဒေချိုးဖောက်မှုဖြင့် စတင်ဘာ (၃၀) ရက်နေ့က နာရီတာလေဆိပ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၄င်း၏ခရီးဆောင်အိတ်အတွင်းမှ အော်တိုမက်တစ်သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ ပုဂ္ဂိုလ်မှ ဘန်ကောက်သို့သွားရန် နာရီတာ၌ တစ်ထောက်နား လေယာဉ်ပြောင်းစီးခြင်းဖြစ်၏။

၎င်းသည်တင်းကျပ်သော အမေရိကန် စစ်ရေးကိရိယာများကို ဖြတ်ကျော်၍ ဒါးလပ်ဖို့ဝေါ့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အမေရိကန်ပိုင် လေကြောင်းလမ်းဖြင့် ဂျပန်သို့ဆိုက်ရောက်လာခြင်းဖြစ်၏။

နာရီတာလေဆိပ်တာဝန်ရှိသူများက ၄င်းသည်ဓာတ်ပုံဆရာတစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အမည်နာမကို ထုတ်ဖော်ခြင်းမရှိပေ။ ၄င်းက ဤသေနတ်သည် လွန်ခဲ့သောနှစ်များကတည်းက ပြိုင်ပွဲ၌အသုံးပြုခဲ့ပြီး မေ့လျော့၍ ဤအိတ်ထဲအတွင်း ထည့်ထားမိရာမှ အာရှသို့မိသားစု အပေါင်းအသင်းမျာနှင့် ထွက်ခွာလာရာတွင် မတော်တဆ ပါလာခြင်းဖြစ်ကြောင်း ဆို၏။
ဤအဖြစ်အပျက်သည် ၂၀၀၁ စက်တင်ဘာ (၁၁) ရက်အကြမ်းဖက်မှုပြီးနောက် အမေရိကန်လေဆိပ်များတွင် လုံခြုံရေးတင်းကြပ်မှုများ၏ အရည်အသွေးကို ပြန်လည်စမ်းစစ်စရာဖြစ်လာသည်။ အမေရိကန်လေဆိပ်တစ်ခုမှ လေယဉ်ပေါ်သို့ သေနပ်ယူဆောင်လာနိုင်သော ယခုနောက်ဆုံးအဖြစ်မှာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်၏။
Last Updated ( Saturday, 24 October 2009 14:16 )  

ကျနော်တို့ဂျာနယ်

 

ဇန္န၀ါရီလထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

 

ဖေဖော်ဝါရီလထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

 

မတ်လထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

ဗိုလ်ချုပ်အောင်ဆန်းကဗျာများ

လာရောက်လည်ပတ်သူများ

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့47
mod_vvisit_counterမနေ့141
mod_vvisit_counterစုစုပေါင်း78215
(From 17.5.09, 5:00 pm)

လက်ရှိဧည့်သည်

We have 5 guests online