ဂျပန်ဝန်ကြီးချုပ် ဟာတိုယာမ အစိုးရ လူထုထောက်ခံမှု ရ၂ % ရှိ

Wednesday, 23 September 2009 21:58 administrator
Print

ကျိုတိုသတင်းစာတစ်ခု၏စစ်တမ်းကို ကြာသပတေးတွင်ဖေါ်ပြချက်အရက်အသစ်တက် လာသော ဟာတိုယာမ အစိုးရအပေါ် လူထုထောက်ခံမှု ရ၂% အထိ ရှိကြောင်းသိရပြီး ယခင်အ စိုးရများထက် အမြင့်မားဆုံးသော ရာခိုင်နှုန်းဖြစ်၏။ မထောက်ခံသူဦးရေ ၁၃.၁% တွင်သာ ရပ် တန့်လျက်ရှိသည်။

            တစ်ပြည်လုံးအတိုင်းအတာ တယ်လီဖုန်းစစ်တမ်းကောက်ယူရာတွင် ဗုဒ္ဓဟူးနေ့နှင့် ကြာ သပတေးနေ့များက အသက်ပြည့်ပြီးသူ ၁, ၀၃၂ ဦးက ပြန်လည်ဖြေဆိုခဲ့သည်။ ဤတွင်ဟာတိုယာ မ အစိုးရသစ်အပေါ်ထောက်ခံမှု ၆.၅% မြင့်တက်လာပြီး အမြင့်မားဆုံးအဆင့် ၄၇င.၆% အထိ ရောက်ရှိကာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) က ၁၈.၈% ရရှိသည်။ ၂၀၀၁ ဧပြီလတွင် စတင်ရုံးထိုင်ခဲ့သော ဂျူနီရိုကိုအိဇူမိ အစိုးရလက်ထက်တွင် ၈၆.၃%ထောက်ခံမှုရရှိခဲ့ပြီး ၁၉၉၃ သြ ဂုတ်လမိုရီဟီရိုဟိုဆိုကာဝါအစိုးရလက်ထက်တွင် ရ၅% ရှိခဲ့သည်။ လွန်ခဲ့သော နှစ် စက်တင်ဘာ လက စတင်ဖွဲ့စည်းခဲ့သော တာရိုအာဇိုအစိုးရသည် ၄၈% ထောက်ခံမှုရရှိခဲ့သည်။

            ကျိုဒိုသတင်းနှင့်အခြားစစ်တမ်းကောက်ယူမှုများက တူညီသော ထောက်ခံမှုနှုန်းထားများ ဖေါ်ပြခြင်းနှင့် ပက်သက်၍ မေးမြန်းခဲ့ရာ ဟာတိုယာမ က “အလွန်ကျေးဇူတင်ပါတယ်” ဟူ၍ ပြော ဆိုခဲ့သည်။

            “ဒါဟာပွဲတော်ကျင်းပနေတဲ့ဈေးကြီးတစ်ခုနဲ့အလားသဏ္ဌာန်တူတယ်လို့ထင်ပါတယ်။ အားပေးထောက်ခံမှုတွေထပ်ပြီး မြင့်တက်လာအောင် ကျွန်တော်တို့အလုပ်လုပ်ရမယ်။ ကျွန်တော် တို့ပေးထားတဲ့ကတိတွေကို တဖြည်းဖြည်းဖြည့်ဆည်းဆောင်ရွက်ပေးနေတာ ပြည်သူတွေမြင်နေရ ပါစေမယ် ” ဟူ၍လည်း ပြောဆိုခဲ့သည်။

             နောက်ဆုံးစစ်တမ်းအရ  ၄၄.၈% ကအစိုးရသစ်အနေနှင့်စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာပြုပြင် ပြောင်းလဲမှုများနှင့် ဘဏ္ဍာငွေဖြုန်းတီးမှုများမဖြစ်စေရန် ဦးစားပေးဆောင်ရွက်စေလိုကြောင်း ဆန္ဒပြုခဲ့ကြပြီး ၃၇.၁% ကအကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးအပါအ၀င် လူမှုလုံခြုံရေးကိစ္စ ရပ်များကို ဦးစားပေးသင့်ကြောင်းဆိုသည်။ ၃၅%က စီးပွားရေးနှင့်အလုပ်အကိုင်တိုးတက်ကောင်း မွန်လာရေးအတွက်မျှော်လင့်သည်။ ပါလီမန်ရွေးကောက်ပွဲတွင် ထိုင်ခုံ ၄၈၀ အနက် ၃၈၀ ခုံ ရရှိခဲ့ သော ဟာတိုယာမ၏ ဒီမိုကရက်တစ်ပါတီ (DPJ) က ရာစုနှစ်ဝက်ကျော် အုပ်စိုးထားသော (LDP) ကို ဖယ်ရှားကာ ဗုဒ္ဓဟူးနေ့က စတင်၍ တာဝန်ယူခဲ့သည်။

             DPJ ၏ မဲဆွယ်လှုပ်ရှားမှုကာလက ပါတီ၏ အဓိကကျသော မူဝါဒများတွင် အလွန်မြင့် မားသော ရေနံအခွန်နှုန်းထားရပ်ဆိုင်းရေးမူဝါဒ က ၅၁% ထောက်ခံမှုရရှိခဲ့ပြီး၊ လမ်းခွန်မဲ့အဝေး  ပြေးလမ်းများထားရှိရေးကိုမူ ၁၇.၂% သာထောက်ခံမှုရရှိပြီး ၅၈% ကမူဤအချက်ကို သိပ်မျှော် လင့်ချက်မထားကြောင်းဆို၏။

              DPJ အစိုးရမှ ကြီးမားသော ဘဏ္ဍာရေးအရင်းအမြစ်များကို ထိန်းချုပ်ထားရမည်ဖြစ်၍ ၎င်းတို့၏ လုပ်နိုင်စွမ်းနှင့် အကျိုးဆက်များအပေါ်လူထုယုံကြည်မှုလျော့နည်းလာပြီး အားနည်းချက် များပေါ်ပေါက်လာနိုင်သည်။

               အီချီရိုအိုဇာဝါ ကိုပါတီအထွေထွေအတွင်းရေးမှူးအသစ်အဖြစ်ရွေးချယ်ရာတွင် ၄၁.၆ % ကထောက်ခံပြီး ၄၃.၅ % ကလက်မခံပေ။ (LDP)ပါတီစတင်တည်ထောင်စ ၁၉၅၅ မှစ၍ ပထမ ဦးဆုံးအကြိမ်အဖြစ် ဟိုဆိုတာဝါ ၏ (LDP) ညွှန့်ပေါင်းအစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ၁၉၉၄ တွင် လူထုထောက်ခံမှု ကျဆင်းခဲ့သော အနေအထားသည် ယခု(LDP)ရရှိသော ၁၈.၈%နှင့်တူညီ လျက်ရှိ၏။ DPJ ၏ မဟာမိတ် ပါတီငယ်များအပေါ်လူထုထောက်ခံမှုမှာအောက်ပါအတိုင်းဖြစ်၏။

                ဆိုရှယ်ဒီမိုကရက်တစ်ပါတီ                     ၁.၈ %

                လူထုပါတီသစ်                                    ၀.၄%

                ဂျပန်ကွန်မြူနစ်ပါတီ                              ၃.၁ %

                သင့်ပါတီ                                           ၁.၄%

(LDP)၏ မဟာမိတ်ပါတီဖြစ်သော နယူးကိုမီအီတိုပါတီက လူထုထောက်ခံမှု ၃.၇% ရှိသည်။ ၂၁.၆ % ကမည်သည့်ပါတီကိုမျှ ထောက်ခံခြင်းမရှိပေ။

Last Updated ( Wednesday, 23 September 2009 22:06 )