Moethaukkye Library Burmese Volunteer Group

Saturday
Sep 04th
Text size
  • Increase font size
  • Default font size
  • Decrease font size
Home ပြည်ပသတင်းများ ပြည်ပသတင်းများ အိုရီဂါမီစက္ကူခေါက်လေယာဉ်ပစ်ပြိုင်ပွဲ ယှဉ်ပြိုင်သည့် စိုင်းမောင်သောင်းဒီကို ဂျပန်ရောက်သျှမ်းတိုင်းရင်းသားများသွားရောက်အားပေး

အိုရီဂါမီစက္ကူခေါက်လေယာဉ်ပစ်ပြိုင်ပွဲ ယှဉ်ပြိုင်သည့် စိုင်းမောင်သောင်းဒီကို ဂျပန်ရောက်သျှမ်းတိုင်းရင်းသားများသွားရောက်အားပေး

E-mail Print PDF


 

ဂျပန်နိုင်ငံချီးဘားခရိုင် makuhari masee မှာ ဒီလ ၁၉ရက် နှင့် ၂၀ရက်မှာ ကျင်းပခဲ့သည့် ဂျပန်နိုင်ငံလုံးဆိုင်ရာ အိုရီဂါမီ စက္ကူဖြင့် ပြုလုပ်သော လေယာဉ် ပြိုင်ပွဲမှာ နိုင်ငံမဲ့ဖြစ်နေသော သျှမ်းပြည်နယ်ဖွား စိုင်းမောင်သောင်ဒီသည် ထိုင်နိုင်ငံကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။

၁၉ရက်စနေနေ့ပြိုင်ပွဲမှာ အုပ်စုလိုက်ပထမရပြီး၂၀ရက်နေ့ တနင်္ဂနွေနေ့တစ်ဦးချင်း ပြိုင်ပွဲမှာတော့ လေထဲတွင် ၁၀.၅၃စက္ကန့်ပျံဝဲနိုင်ပြီး တတိယဆုရရှိခဲ့ ပါသည်။ သူနဲ့အတူ ပါလာသည့် အုပ်ချုပ်သူကလည်း ဒီလိုတတိယဆုရခဲ့သည်ကို ၀မ်းသာပီတိဖြစ်ခဲ့ရကြောင်း ထိုင်းနိုင်ငံရဲ့ကိုယ်စား နိုင်ငံ့ဂုဏ်ဆောင်လုပ်ခဲ့တဲ့သူ့တပည့်လေး အတွက် ဂုဏ်ယူမိပါကြောင်းပြောကြားသွားပါသည်။

စိုင်းမောင်သောင်ဒီသည် ထိုင်းနိုင်ငံတွင်မွေးဖွားပေမဲ့ ထိုင်းနိုင်ငံသားအဖြစ်အကျုံးမ၀င်သကဲ့သို့ မြန်မာနိုင်ငံသား အဖြစ်လည်း အကျုံးမ၀င်သည့်အတွက် နိုင်ငံမဲ့ အခြေအနေအဖြစ် ရောက်ရှိခဲ့ရပါသည်။

နိုင်ငံမဲ့တစ်ဦးဖြစ်နေသာ စိုင်းမောင်သောင်ဒီကို ဒီပြိုင်ပွဲမှာ သတင်းသမားများက စိတ်ဝင်စားဖွယ်သတင်းယူနေကြတာကို တွေ့ရှိခဲ့ရပါသည်။ သတင်းသမား များရဲ့အမေးအဖြေကို ထိုင်းဘာသာ၊ သျှမ်းဘာသာမှတဆင့် ဖြေကြားပေးနေတာကို တွေ့ခဲ့ရတဲ့အတွက် ဂုဏ်ယူလေးစားမိပါသည်။ ဂျပန်နိုင်ငံရောက် သျှမ်းတိုင်းရင်းသားများ၊ သျှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ SND-JAPAN နှင့် ဒီမိုကရေစီ အင်အားစုများက သွားရောက်အားပေးခဲ့ကြပါသည်။ သူ့အတွက် သျှမ်းတိုင်းရင်းသားများက စုပေါင်းပြီး ဆုတော်ငွေကိုလည်းချခဲ့ကြပါသည်။

“ဒီပြိုင်ပွဲကို ကျနော်တို့ သျှမ်းမျိုးနွယ်တစ်ယောက်က ကမ္ဘာ့အလယ် ဂျပန်များအလယ်မှာ ၀င်ရောက်ယှဉ်ပြိုင်တာကို တွေ့ရလို့ဂုဏ်ယူမိပါတယ်။ မျက်ရည်လည်းကျမိ ပါတယ်။ သူ့ဘ၀ရှေ့ရေးအတွက် တိုးတက်ကောင်းမွန်ပါစေလို့ ဂျပန်ရောက်သျှမ်းတိုင်းရင်းသားများကိုယ်စား ဆုတောင်းပေးလိုက်ပါတယ်။ သူနဲ့ကျနော်တို့ သျှမ်းလို စကားပြောကြည့်တော့ အပြန်အလှန်ပြောလို့ရတာတွေ့ရတော့ကျနော်တို့ အရမ်းဝမ်းသာသွားမိပါတယ်။ ကျက်သိမ်းတောင်ထမိသွားပါတယ်။”လို့ ဂျပန်ရောက် သျှမ်းတိုင်းရင်းသားတစ်ဦးက ရင်ဖွင့်စကားပြောကြားသွားပါသည်။

Last Updated ( Wednesday, 23 September 2009 21:58 )  

ကျနော်တို့ဂျာနယ်

 

ဇန္န၀ါရီလထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

 

ဖေဖော်ဝါရီလထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

 

မတ်လထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

ဗိုလ်ချုပ်အောင်ဆန်းကဗျာများ

လာရောက်လည်ပတ်သူများ

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့46
mod_vvisit_counterမနေ့141
mod_vvisit_counterစုစုပေါင်း78213
(From 17.5.09, 5:00 pm)

လက်ရှိဧည့်သည်

We have 4 guests online