Moethaukkye Library Burmese Volunteer Group

Saturday
Mar 13th
Text size
  • Increase font size
  • Default font size
  • Decrease font size
Home ပြည်ပသတင်းများ ပြည်ပသတင်းများ ဂျပန်နိုင်ငံ၏ အမှိုက်ပြဿနာ

ဂျပန်နိုင်ငံ၏ အမှိုက်ပြဿနာ

E-mail Print PDF
ဂျပန်မှာ ရိုမီယာရှီကီ လို့ ခေါ်တဲ့ အမှိုက်စုတဲ့အိမ်တွေရဲ့ပြဿနာကြီးထွားလာနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီသူတို့စုဆောင်းထားတဲ့ အမှိုက်တွေက အိမ်ထဲကနေလျှံထွက်ပြီး လမ်း တွေပေါ်အထိရောက်လာပြီ။ အဲလိုလူတွေဟာ ကြောင်တွေလည်းမွေးကြသေးတယ်။ ကြောင်တွေ ကလည်းအဲဒီအမှိုက်တွေကြားနေရတာ ဘာကြောင့်ကြိုက်သလဲဆိုတာ ကျွန်မဖြင့်စဉ်းစားလို့ကိုမရ ဘူး။ ကျွန်မတို့နေတဲ့ကျွန်းမှာ အဲဒီလိုအမှိုက်အိမ်အချို့ ရှိပါတယ်။ အဲဒီမှာနေရာကျယ်ကျယ်ဝန်းဝန်း ရှိတဲ့အတွက် အမှိုက်အိမ်အချို့ ရှိပါတယ်။ အဲဒီမှာ နေရာ ကျယ်ကျယ်ဝန်းဝန်းရှိတဲ့အတွက် အမှိုက် စုတဲ့သူတွေအတွက် ကြိုက်သလောက် စုပြုံထားလို့ ရတဲ့အခြေအနေရှိနေတယ်လေ။ ပြီးတော့အဲဒီ သူတွေက ဥယျာဉ်မှူးတွေမဟုတ်လေတော့ အမှိုက်တွေပေါ်မှာ မြက်တွေ၊ ပေါင်းပင်တွေပေါက်လာ ပြန်ရော။ အစိမ်းရောင်ခြုံနွယ်ပိတ်ပေါင်းတွေအောက်မှာ တစ်ခုခုကို သိုဝှက်သိမ်းဆည်းထားသလို မျိုးပါပဲ။

          အဲဒီ ခြုံနွယ်ပိတ်ပေါင်းတွေအောက်မှာ တစ်နေ့နေ့တော့ပျောက်ဆုံးသွားပြီလို့ယူဆရတဲ့အ ရာတွေကိုလူတွေပြန်လည်တူးဖေါ်တွေ့ရှိနိုင်ကောင်းပါရဲ့။ ဥပမာ နင်ဂျာ၊ အိမ်နု ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ ပစ္စည်းတွေ၊ နန်းတွင်းဘုရင့်တံဆိပ်ပါတဲ့ရွှေချောင်းတွေ စသည်ဖြင့်ပေါ့။

         ဒီအမှိုက်ပြဿနာဟာ ဂျပန်အသက်ကြီးလာတဲ့ ပြဿနာထက်တောင်ပိုဆိုးလာနေပါပြီ။  ဘာကြောင့်လဲဆိုတော့ အသက်ကြီးလာလေ၊ အထုပ်အပိုးတွေ ပိုပြီးတော့ စုဆောင်းလာလေ ဖြစ် နေတယ်။ ချမ်းသာတဲ့လူတွေကတော့ ဒီလိုမျိုးမဖြစ်ပါဘူးလေလို့ ထင်ပြီးလျော့တွက်လို့မရပါဘူး။ ချမ်းသာသာ၊ ဆင်းရဲရဲ ၊ အသက်ကြီးလာရင်စိုးရိမ်ပိုလာပြီးတော့ အထုပ်တွေ၊ ပစ္စည်းတွေ၊ ပိုက်ဆံ တွေ စုဆောင်းလာကြတော့တာပါပဲ။

         အစဉ်ထာဝရ ပိုက်ဆံစုဆောင်းလာတဲ့လူတွေတောင်၊ စုလို့ဝပြီဆိုတာမရှိပါဘူး။ ဒါကြောင့် ချွေတာမှဖြစ်မယ်။ ပိုပြီးတော့စုဆောင်းရမယ်ဆိုတဲ့အတွေးဝင်လာပါတယ်။ နောက်ဆုံး အ၀တ်အ စားသစ်တောင်မ၀ယ်တော့ပဲ ရှိတဲ့အဟောင်းအမြင်းလေးတွေကို ၀တ်ဆင်နေပါတော့တယ်။ဂျပန် အစိုးရက သက်ကြီးရွယ်အိုတွေရဲ့မသုံးစွဲဘဲပိုက်ဆံစုတဲ့အလေ့အထကို သေသေချာချာလေ့လာပြီး “လျှို့ ဝှက်စုဆောင်းခြင်း” အချက်ကို သိရှိသွားတဲ့အခါ အမွေခွန်တွေကိုတိုးမြှင့်လိုက်တော့တာပဲ။

         အခွန်ရှောင်ချင်တယ်ဆိုရင် အနည်းငယ်မျှသာလွှဲပြောင်းပေးလို့ရပေမယ့် အဘိုးကြီးတွေ၊ အဘွားကြီးတွေက လုံးဝကိုမပေးပါဘူး။ အစိုးရကလည်းသိတာပါပဲ။ ပြီးတော့ဒီအဘိုးကြီး၊ အဘွား ကြီးတွေဟာ လူမသိအောင်ထီထိုးကြတယ်။ ပက်ချင်ကို(Pachiko)ခေါ်တဲ့လောင်းကစားစက်လည်း ဆော့ာကြတယ်။ နိုင်တဲ့အခါလည်းရှိတာပေါ့လေ။

         ပိုက်ဆံစုတာကို အမွေခွန်တိုးမြှင့်ခြင်းနဲ့ကိုင်တွယ်ပြီးတဲ့နောက်အစိုးရက အခုတစ်ခါ အမှိုက် စုသူတွေဘက် အာရုံကျလာပါပြီ။ အမှိုက်များရင် များသလို ဒဏ်ငွေယန်း(၅၀ ၀၀၀)စသည်ဖြင့်ပေး ဆောင်ရပါမယ်။ ဒါဟာ မှန်ကန်တဲ့ဖြေရှင်းနည်းလားဆိုတာတော့စဉ်းစားစရာပါ။ ဆိုလိုတာက ဒီ  ဒဏ်ငွေကိုပေးဆောင်မယ့်အစား အခြားနေရာကိုသာ ပစ္စည်းတွေ ရွှေ့ ပြောင်းသွားမှာပေါ့။ ဘယ်သူ ကရော ဒီဒဏ်ငွေကို ကြည်ကြည်ဖြူဖြူပေးပါ့မလဲ။ ပြဿနာပြေလည်မသွားဘဲ ဘေးပတ်ဝန်းကျင် ကလူတွေကိုသာ အနှောင့်အယှက်ပေးရာ ကျသွားနိုင်ပါတယ်။

          ကျွန်မတို့ရဲ့ အမေရိကန်ပြည်ထောင်စုမှာဆိုရင် ကိုယ့်အိမ်ရှေ့ ကိုယ်ခင်းရောင်းတဲ့တစ်ပတ် ရစ်ဈေးဗန်းစံနစ်(Garage Sale)နဲ့၊ အိမ်ပြောင်းရောင်းချခြင်းစနစ်(Moving Sale) ဆိုပြီးတော့ရှိပါ တယ်။ ဂျပန်တာဝန်ရှိသူတွေအနေနဲ့ (Moving Sale)မဟုတ်ဘဲ လွတ်လပ်တဲ့(Garage Sale)ကို ခွင့်ပြုသင့်ပါတယ်။ ဒါဆိုရင် အဲဒီပစ္စည်းတွေဟာ အခြားသူတစ်ယောက်ထံရောက်ရှိသွားပြီး ပိုင်ရှင် အနေနဲ့လည်း အကျိုးအမြတ်တစ်စုံတစ်ရာ ခံစားခွင့်ရနိုင်ပါလိမ့်မယ်။ ကျွန်မတို့ ကျွန်းပေါ်မှာ နေ ထိုင်တဲ့လူတွေကတော့ မြို့ကြီးတွေပေါ်က လူတွေလောက် စွန့်ပစ်စရာပစ္စည်းပစ္စယမများလှပါဘူး။ မြို့ကြီးတွေပေါ်မှာတော့ သန်းနဲ့ချီတဲ့လူတွေက တစ်နှစ်တစ်ခါဆိုသလို ပစ္စည်းတွေ အစုလိုက်၊ အပြုံ လိုက် စွန့်ပစ်လေ့ရှိကြတယ်။ ပစ္စည်းဟောင်းကောက်တဲ့လူတွေအဖို့တော့ အဲဒီနေ့တွေကို ပြက္ခဒိန် ပေါ်မှာ မှင်နီနဲ့ အထင်အရှားအမှတ်အသားပြုထားလိုက်တာများ နိုင်ငံတော် ရုံးပိတ်ရက်လိုပါပဲ။ သူတို့အတွက် နောက်(၄)နှစ်စာလောက်တော့ ခြေအိတ်ဝယ်စရာမလိုတော့ဘူး။

         လူဦးရေ (၆၅၅)ယောက်သာရှိတဲ့ ဒီကျွန်းလေးပေါ်မှာတော့ အဲဒီလိုကောက်စရာအမှိုက်များ များစားစားမရှိလေတော့ ကိုယ့်အမှိုက်ကိုယ်ပဲ ဂရုတစိုက်ကြည့်နေရပါတော့တယ်။ အမှိုက်ပုံရဲ ဆိုတာ အဓိပ္ပါယ်ရှိတယ်လို့ကျွန်မတော့အောက်ချက်ချမိတယ်။ အိမ်နီးချင်းတွေဟာ ရက်သတ္တပတ် ရဲ့အချို့ ရက်တွေမှာ အမှိုက်ပုံကိုစောင့်ကြပ်ကြရတယ်။ ဘယ်သူမှ ခိုးယူလို့မရအောင် ဒါမှမဟုတ် ရွှေ့ ပြောင်းသွားလို့မရအောင်။

         ကျွန်မရဲ့အရင် အိမ်ရှင်တစ်ယေက်ဆိုရင် အိမ်ပြောင်းတော့အမှိုက်တွေကို အိတ်တွေနဲ့ထုပ် ပိုးပြီး အိမ်အပြင်ထုတ်ထားတာပေါ့။ အဲဒီမှာအိမ်ပြင်ရောက်တော့အထုပ်တွေပျောက်ပျောက်သွား တယ်။ သြော်  လက်သည်ပေါ်ပြီ။ အိမ်နားက အမျိုးသမီးတစ်ယောက်က အထုပ်တွေကိုသူ့အိမ်ထဲ သယ်သယ်ထည့်သွားတယ်လေ။

         အဘိုးကြီးအဘွားကြီးတွေဟာ ဘာကြောင့်ပစ္စည်းတွေစုကြပါလိမ့်။ ဒါတွေစုရလို့သူတို့ရဲ့အိမ် အ၀င်လမ်းဝပိတ်သွားရုံကလွဲပြီး ဘာမှဖြစ်မလာပါဘူး။
 

ကျနော်တို့ဂျာနယ်

 

မေလထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။ ...

 

ဧပြီလထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

 

မတ်လထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

ဗိုလ်ချုပ်အောင်ဆန်းကဗျာများ

လာရောက်လည်ပတ်သူများ

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့26
mod_vvisit_counterမနေ့145
mod_vvisit_counterစုစုပေါင်း49365
(From 17.5.09, 5:00 pm)

လက်ရှိဧည့်သည်

We have 7 guests online