Moethaukkye Library Burmese Volunteer Group

Saturday
Sep 04th
Text size
  • Increase font size
  • Default font size
  • Decrease font size
Home ပြည်ပသတင်းများ ပြည်ပသတင်းများ

ဝတ္ထုတို

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများမှ ကောင်းမှုကုသိုလ်ပြုပွဲများပြုလုပ်မည်

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများမှ ကောင်းမှုကုသိုလ်ပြုပွဲများပြုလုပ်မည်ဇွန်လ ၁၉ ရက်(စနေနေ့)တွင်ကျရောက်မည့် မြန်မာ့ဒီမိုက ရေစီခေါင်းဆောင်၊ ငြိမ်းချမ်းရေးနိုလ်ဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၅)နှစ်မြောက် မွေးနေ့မင်္ဂလာနေ့ထူးနေ့မြတ်ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများမှ ယခင်နှစ်များအတိုင်း ကောင်းမှုကုသိုလ်ပြုလုပ်သည့်အနေဖြင့် သွေးလှူခြင်း၊ ဇိဝိတဒါနအဖြစ် ငါးလွှတ်ခြင်းနှင့် ထိုင်းနယ်စပ်ရှိ သွေးသစ်စာသင်ကျောင်းသို့ ငွေလှူတန်းခြင်းများပြုလုပ်ကြမည်ဖြစ်သည်။

အဆိုပါ ဇွန်လ ၁၉ ရက်(စနေနေ့)နံနက်ပိုင်းတွင် မိုးသောက်ကြယ် စာ ကြည့်တိုက်မှဦးစီး၍ မတရားဖမ်းဆီးထိန်းသိမ်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွှတ်မြောက်ဖို့နှင့် အသက်ရာကျော် ရှည်စေဖို့အတွက် ဇီဝိတဒါနငါးလွှတ်ခြင်းနှင့်၊ သွေးလှူတန်းခြင်း အစီ အစဉ်များကို အောက်ပါအတိုင်းကျင်းပမည်ဟုသိရပြီး အတူတကွပူး ပေါင်းကုသိုလ်ပြုလုပ်လိုသူများကိုလည်းဖိတ်ခေါ်အပ်ပါသည်။

ငါးလွှတ်ခြင်းကိုနံနက် ၁၁းဝဝ နာရီအချိန်တွင် Kawaguchiရှိ Arakawaမြစ်တွင်ပြုလုပ်မှာဖြစ်ပြီး၊ သွေးလှူတန်းခြင်းကိုတော့ နေ့လည် ၁၂း၃ဝ နာရီတွင် Akihabara မြို့ရှိ သွေးလှူဘဏ်တွင် လှူတန်း ကြမည်ဖြစ်သည်။


ထို့အပြင် မိုးသောက်ကြယ်စာကြည့်တိုက်မှ ပြုစုပျိုးထောင်ထားသော ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ နောက်ဘွားကျေးရွာတွင်တည်ထောင်ထားသည့် သွေးသစ်စာသင်ကျောင်းရှိ ကလေးငယ်များကိုလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ် ငွေကြေးထောက်ပံ့လှုတန်းမည်ဖြစ်သည်။

အတူတကွပူးပေါင်းကုသိုလ်ပြုလုပ်လိုသူများ ဝ၉ဝ ၈၇၂ဝ ၉ဝ၁၇၊ ဝ၉ဝ ၂၄၈၆ ၂၈၉၇၊ ဝ၉ဝ ၉ဝ၁၇ ၂၁၆၆၊ ဝ၉ဝ ၆၁၅၂ ၂ဝ၂၉၊ ဝ၈ဝ ၁၂၁၉ ၈၅၃ဝသို့ ဆက်သွယ်နိုင်ပါသည်။

Last Updated ( Saturday, 19 June 2010 23:03 )

 

ဒုက္ခသည်တင်သူစာရင်း၊ အသိအမှတ်ပြုခံရသူစာရင်း၊ ငြင်းပယ်ခံရသူ စာရင်းနှင့် အထူးနေထိုင်ခွင့်ရရှိသူစာရင်းများကို ဂျပန်တရားရေးဌာနမှထုတ်ပြန်

ဒုက္ခသည်တင်သူစာရင်း၊ အသိအမှတ်ပြုခံရသူစာရင်း၊ ငြင်းပယ်ခံရသူ စာရင်းနှင့် အထူးနေထိုင်ခွင့်ရရှိသူစာရင်းများကို ဂျပန်တရားရေးဌာနမှထုတ်ပြန်
ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ်အတွင်း ဂျပန်နိုင်ငံတွင် ဒုက္ခသည်တင်သူများ၏ လူဦးရေစာရင်းအပါအဝင် အသိအမှတ်ပြုခံရသူစာရင်း၊ ငြင်းပယ်ခံရသူစာရင်း၊ လျှောက်လွှာ ပြန်ရုပ်သိမ်းသွားသူများစာ...

မိုးသောက်ကြယ်စာကြည့်တိုက်အကြောင်းကို NHKမှ Documentary အဖြစ် ရိုက်ကူးတင်ဆက်ထုတ်လွှင့်မည်

မိုးသောက်ကြယ်စာကြည့်တိုက်အကြောင်းကို NHKမှ Documentary အဖြစ် ရိုက်ကူးတင်ဆက်ထုတ်လွှင့်မည်



သန့်မျိုးထွေး

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ရှင်းကျုးကုရပ်ကွက်တွင် တည်ရှိသည့် တခုတည်းသော မြန်မာစာကြည့် တိုက်ဖြစ်သည့် “မိုးသောက်ကြယ်စာကြည့် တိုက်” အကြောင်းကို ဂျပန်ရုပ်သံဋ္ဌာနတ...

Last Updated ( Saturday, 02 January 2010 15:51 )

ဂျပန်နိုင်ငံတွင်၂၀၀၉ ခုနှစ်အတွင်း ဒုက္ခသည် အဖြစ်အသိအမှတ် ပြုမှု မှာ ယမန်နှစ်ကထက် သုံးပုံ နှစ်ပုံ လျော့နည်းလာ

ဂျပန်နိုင်ငံတွင်၂၀၀၉ ခုနှစ်အတွင်း ဒုက္ခသည် အဖြစ်အသိအမှတ် ပြုမှု မှာ ယမန်နှစ်ကထက် သုံးပုံ နှစ်ပုံ လျော့နည်းလာ

年からの2/3以前の上に下がっている1月-9月の避難民可決 共同Newsによって入手された法務省ドキュメントに従った昨年1月、9月の間の日本の政府による難民の状態が同じ期間のための図の3分の1未満であったという外国人当然のことの数。

ဇန္န၀ါရီလ မှ စက်တင်ဘာလ အထိ ဂျပန် နိုင်ငံ တွင် ဒုက္ခသည်အ...

Last Updated ( Saturday, 26 December 2009 18:03 )

လေယဉ်ကွင်းပြောင်း အမေရိကန်ခရီးသည်တစ်ဦး နာရီတာတွင် သေနတ်ဖြင့် ဖမ်းဆီးရမိ

အမေရိကန် လေဆိပ်၏ တင်းကျပ်သောစစ်ဆေးမှုများကို ကျော်လွန်၍ ကျဉ်ဖြည့်ထားသော သေနတ်တစ်လက်ကို သယ်ဆောင်လာသူ အမေရိကန် နိုင်ငံသားတစ်ဦးကို နာရီတာအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခဲ...

Last Updated ( Saturday, 24 October 2009 14:16 )

  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  3 
  •  Next 
  •  End 
  • »
Page 1 of 3

ကျနော်တို့ဂျာနယ်

 

ဇန္န၀ါရီလထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

 

ဖေဖော်ဝါရီလထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

 

မတ်လထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

ဗိုလ်ချုပ်အောင်ဆန်းကဗျာများ

လာရောက်လည်ပတ်သူများ

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့47
mod_vvisit_counterမနေ့141
mod_vvisit_counterစုစုပေါင်း78215
(From 17.5.09, 5:00 pm)

လက်ရှိဧည့်သည်

We have 5 guests online