Moethaukkye Library Burmese Volunteer Group

Saturday
Sep 04th
Text size
  • Increase font size
  • Default font size
  • Decrease font size
Home ပြည်တွင်းသတင်းများ ပြည်ပသတင်းများ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်ဆန်နှင့်အစားအစာလှူဒါန်းပွဲ အစောပိုင်းပြင်ဆင်ထားရှိမှု အစီရင်ခံစာ

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်ဆန်နှင့်အစားအစာလှူဒါန်းပွဲ အစောပိုင်းပြင်ဆင်ထားရှိမှု အစီရင်ခံစာ

E-mail Print PDF

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိန်းအမှတ် ဆန်နှင့်အစားအစာ လှူဒါန်းပွဲတွင် အသုံးပြုမည့် ပိုစတာ

 အစောပိုင်းပြင်ဆင်ဆောင်ရွက်ထားရှိမှု

(၆၄) နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိန်းအမှတ်အဖြစ် ထိုင်းနိုင်ငံ  တပ်ခ်ခရိုင်  မဲဆောက်မြို့ဧရိယာအတွင်း၌ အလုပ် အကိုင်ရှားပါးမှု၊ ရာသီဥတုဖေါက်ပြန်မှုတို့ကြောင့် အနေဆင်းရဲ၍ အကျပ်အတည်းရောက်နေသော တိုင်းရင်းသားညီအကို မောင်နှမများ အတွက် ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသူ/နိုင်ငံသားများမှ လူသားချင်းစာနာသောအားဖြင့် မိမိတို့တတ်နိုင်သ မျှဝိုင်းဝန်း ကူညီပံပိုး လှူဒါန်းသော ဆန်နှင့်အစားအစာများအား ဝေငှပေးသောအစီအစဉ်အား အောက်ပါအတိုင်း စီစဉ်ဆောင်ရွက်ထားရှိ ပါသည်။

၁. ပထမအစောပိုင်း စီစဉ်မှုများ
    ဤနှစ်ဆန်းမှစ၍ဒေသအတွင်း၌ ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းရိုက်ခတ်မှု၊ အလုပ်အကိုင်ရှားပါးမှု၊ ရာသီဥတုဖေါက်ပြန်မှု တို့ကြောင့် အနေဆင်းရဲ၍ အကျပ်အတည်း ရောက်နေသော တိုင်းရင်းသားပြည်သူတွေ လူသားချင်းစာနာမှုအကူအညီအား အစီအစဉ်တရပ်အား ဂျပန်နိုင်ငံရောက် မြန်မာ့ရေးရာအဖွဲ့အစည်းများဖြစ်ကြသော လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတတ်ရေးအစီအစဉ် (HRDP-Japan) ၊ ဦးမောင်မောင်အေး (ဖန်မီးအိမ်ဖေါင်ဒေးရှင်း)၊ ဦးဘုန်းလှိုင် (FWUBC) ၊ မိုးသောက်ကြယ် စာကြည့်တိုက်ဝိုင်း တော်သားများထံသို့ ရေးဆွဲတင်ပြခဲ့ပြီးဖြစ်ပါသည်။
    ထိုသို့သို့တင်ပြခဲ့ပြီးနောက် အလှူဖြစ်မြောက်ရေးအတွက် ဖြစ်နိုင်ချေများကို နယ်ပယ်အသီးသီးမှ စေတနာရှင်များ၊ အကြံပေး ပုဂ္ဂိုလ်များ၊ မဲဆောက်ဒေသဆိုင်ရာရပ်ကွပ်လူကြီးများ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတတ်ရေးအစီအစဉ်မှ အဖွဲ့ဝင်များအားလုံးတို့သည် လေ့လာဆွေးနွေး၍ ထိုင်းဘတ်ငွေ (300,000) ပမာဏရှိသော ဆန်နှင့်အစားအစာလှူဒါန်းမည့်အစီအစဉ်အား လွန်ခဲ့သော (မေလ ၁ ရက်နေ့) မှစတင်၍ အကောင်းအထည်ဖေါ်ဆောင်ရွက်ခဲ့ပါသည်။
    အလှူဖြစ်မြောက်ရေးအစီအစဉ်အရ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားအနေဖြင့် မိမိတို့၏ ရင်ဆိုင်နေရသော အခက်အခဲများ၌ ၀န်မပိမိစေရန် လူတဦးလျှင် ယန်း(၃၀၀) ဖြင့် အလှူဖြစ်မြောက်အောင် အစီအစဉ်ရေးဆွဲ၍ မေလ ၁ ရက်နေ့မှစတင်ကာ အလှူရှင် (၂၅၀၀) ဦးအတွက် အလှူခံဖြတ်ပိုင်းစာအုပ်များရိုက်နှိပ်ထုတ်ဝေခဲ့ပြီး တာဝန်ခံအသီးသီးတို့ထံ အလှူခံဖြတ်ပိုင်းစာအုပ်များအား ခွဲဝေကောက်ခံခဲ့ပါသည်။
    မူလအစီအစဉ်အရ လူဦးရေ (၂၅၀၀ - ၃၀၀၀) အတွက် ရည်ရွယ်၍ စုစုပေါင်းကုန်ကျစရိတ်အား (300,000) သတ်မှတ်ခဲ့သည့် အလျှောက် ဤနေ့နောက်ဆုံးရရှိသည့် အလှူငွေစုစုပေါင်းမှာ (317,599.12) ဘတ်အား ကောက်ခံရရှိခဲ့သည်။ ထို့ကြောင့် မူလ ရည်မှန်းချက်အားကျော်လွန်သွားခဲ့ပြီ ဖြစ်သောကြာင့် ရာခိုင်နှုံးပြည်မှီကျော်လွန်စွာဖြင့် တာဝန်ခံပုဂ္ဂိုလ်အသီးသီးတို့မှ ဆောင်ရွက် နိုင်ခဲ့ကြပါသည်။
    ထို့ကြောင့် မဲဆောက်အခြေစိုက် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတတ်ရေးအစီအစဉ်မှ အလှူဖြစ်မြောက်ရေးအတွက် ၀ိုင်းဆောင် ရွက်ခဲ့ကြသော ဂျပန်နိုင်ငံအခြေစိုက် အဖွဲ့အစည်းအသီးသီးတို့အား၎င်း၊ တာဝန်ခံပုဂ္ဂိုလ်အသီးသီးတို့အား၎င်း၊ စေတနာရှင် ပုဂ္ဂိုလ်အသီး သီးတို့အား အထူးကျေးဇူးတင်ဂုဏ်ယူပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။



၂. မဲဆောက်ဒေသ အလှူအစီအစဉ်၏ ရှေးဦးပြင်ဆင်မှုများ   

 

မြန်မာ - ထိုင်း နယ်စပ်မြို့ဖြစ်သော မဲဆောက်မြို့၌ မြန်မာနိုင်ငံ၌ဖြစ်ပေးနေသော မတရားသည့်နိုင်ငံရေးစနစ်ဆိုးအောက်၌ နေထိုင်လှုပ်ရှားနေရသော မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူလူထုတို့၏ မျက်မှောက်ရင်ဆိုင်နေရသော  အလုပ်အကိုင်ရှားပါးမှု၊ ရာသီဥတုဖေါက်ပြန်မှုတို့ကြောင့် အခက်အခဲအကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသော အခြေအနေမှာ တနေ့တခြားဆိုးရွား လျှက် ရှိပါသည်။
    ထို့ကြောင့် အထက်၌တင်ပြခဲ့သည့်အတိုင်း ဒေသအတွင်း၌ နိုင်ငံရေးအရသော်၎င်း၊ လူမှုရေးအရသော်၎င်း ကိုက်ညီမည့် လှုပ်ရှားဆောင်ရွက်မှုအစီအစဉ်တရပ်အား ရှာဖွေလေ့လာ၍ ဒေသခံများနှင့် ဖြစ်နိုင်ချေများအား ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ထိုသို့ဆွေးနွေးရ၌ …
၁. အလှူ၏ ရည်ရွယ်ချက်
၂. အလှူပြုလုပ်မည့် နေရာ
၃. လိုအပ်သော အထောက်အပံ့နှင့် လုံခြုံရေးအစီအစဉ်
၎. ဝေငှပေးလှူမည့် ပစ္စည်း
စသော အစီအစဉ်များအား လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတတ်ရေးအစီအစဉ် (HRDP) မှ ပြုလုပ်နိုင်ရန် မဲဆောက် မြို့ မြို့နယ်ရုံးသို့ ယခုလအစောပိုင်း၌ တင်ပြ၍ ခွင့်ပြုချက်တောင်းခံခဲ့ပါသည်။ သို့သော် မြို့နယ်ရုံးမှ လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတတ်ရေးအစီအစဉ် (HRDP) ရုံးသည် မြို့နယ်ရုံးမှ မဲဆောက်မြို့တော်ဝင်အိမ်နှင့် အလွန်နီးကပ်လျှက်ရှိခြင်း၊ လမ်းကြော ကျဉ်းခြင်းတို့ကြောင့် အခြားတနေရာတခုအား ထပ်မံစဉ်းစားပေးပါရန် ပြန်လည်တောင်းဆိုခဲ့ပါသည်။
ထို့ကြောင့် ကျနော်တို့အနေဖြင့် အခြားနေရာတခုအား ဆက်လက်ရှာဖွေရန်နှင့် နောက်တနေရာ၌ ကျင်းပခွင့်ပေးရမည့် ဟူသော သဘောတူညီချက်ဖြင့် မဲဆောက်မြို့ ကျောင်းကြီးကျောင်း ဘုန်းတော်ကြီးကျောင်းအတွင်း ကျင်းပခွင့်ရန် (HRDP) မှ အင်္ဂလိပ် စာနည်းပြဆရာကြီး ဦးကျော်ဝင်းအား တာဝန်ပေး ညှိနှိုင်းစေခဲ့ပါသည်။ ကျောင်းကြီးကျောင်းဆရာတောမှ ခွင့်ပြုသောကြောင့် အလှူ ကျင်းပခွင့် ရရန် ဆက်လက် ဆောင်ရွက်ရမည့် မြို့နယ်ခွင့်ပြုချက်ရရှိအောင် ဆက်လက်ညှိနှိုင်းပြင်ဆင်မှု များဆောင်ရွက် နေစဉ်အတော အတွင်း ကျောင်းကြီးကျောင်းဆရာတော်ကြီးမှ အကြံပြုချက်တခုအား မိန့်ကြားခဲ့ပါသည်။
    ဆရာတော်ဘုရားမှ မိန့်ကြားသည်မှာ ဤတနေရာတည်း၌ ပြုလုပ်လျှင် အမှန်တကယ်လိုအပ်နေသောသူများထံ မရောက်နိုင်ကြောင်း၊ လူဦးရေ အလွန်များပြားနိုင်ကြောင်း၊ လုံခြုံရေးနှင့်အလှူမပျက်အောင် ထိန်းသိမ်းရခက်မည်ဖြစ်ကြောင်း၊ ဆင်းရဲသားများထံတိုက်ရိုက်ရောက်ရှိမည့် နည်းလမ်းများစဉ်းစားရှာဖွေရန် မိန့်ကြားချက်ကြောင့် အလှူပြုလုပ်မည့်နေရာအား ပြန်လည်သုံးသပ်ရန်ဖြစ်လာခဲ့ပါသည်။
ထို့ကြောင့် ဆင်းရဲသားများထံတိုက်ရိုက်ရောက်ရှိမည့်နည်းလမ်းအား ဆက်လက်ရှာဖွေသည့် အလုပ်သည် ခက်ခဲသည့် အလုပ်မဟုတ်သည်အလျောက် ကျင်းပရန်လည်း လွယ်ကူသည့်အလုပ်တခုမဟုတ်ပါ။ အကြောင်းမှာ…
၁. များပြားလှသောဆင်းရဲသူ/သားများနှင့် ကျနော်တို့မှ ပေးလှူနိုင်သော ပမာဏ ကွာခြားလွန်ခြင်း။
၂. နေရာများခွဲဝေလှူရာ၌လည်း တနေရာလျှင် အလွန်ဆုံး (၅၀၀) ဦးအတွက်သာ ပေးနိုင်မည်ခြင်း။
၃. လမ်းပန်းကုန်ကျစရိတ်နှင့် အခြားသော ၀န်ဆောင်မှုကုန်ကျစရိတ်များ မလိုအပ်ဘဲ ပိုမိုကျယ်ပြန့်လာခြင်း။
၎. တနေ့တည်းတပြိုင်နက်မပြုလုပ်နိုင်ခြင်း။
၅. ရည်မှန်းချက်သို့မရောက်ဘဲ မလိုလားအပ်သော ပြဿနာများ ဖြစ်ပေးလာနိုင်ခြင်း တို့ကြောင့် ပြုလုပ်မည့်နေရာအား အောက်ပါအချက်များအပေါ် အခြေခံ၍ ပြန်လည်လေ့လာဆွေးနွေးခဲ့ပါသည်။

၁. နယ်မြေလုံခြုံရေးဆောင်ရွက်ပေးနိုင်သောနေရာ
၂. အမှန်တကယ်လိုအပ်နေသောနေရာ

၃. လူဦးရေနှင့် ပေးလှူနိုင်သော စွမ်းအား ညီမျှသောနေရာ
၎. ပိုစတာဆိုက်ထူခွင့်ရရှိမည့်နေရာ
၅. ဒေသခံများနှင့် မိမိတို့ပူးပေါင်းဆောင်ရွက်နိုင်သောနေရာ
၆. ကုန်ကျစရိတ်သက်သာသော မနီးလွန်း/ မဝေးလွန်းသောနေရာ
စသည့်အချက်များအပေါ် အခြေခံ၍ မဲ့ကဆာမြိုနယ် နေရာအား စတင်လေ့လာ၍ ဒေသခံ ပုဂ္ဂိုလ်များနှင့် နေးမြန်းဆွေးနွေး၍ ဖြစ်နိုင်ချေများအား ရှာဖွေခဲ့ပါသည်။ မဲံကဆာမြို့နယ် ဒေသခံ မြန်မာလူကြီးများ၏ မေတ္တာရပ်ခံချက်၊ ၎င်းပုဂ္ဂိုလ်တို့မှ ဆက်လက်၍ ကျေးရွာဘုန်းကြီးကျောင်း ဆရာတော်များ၊ ရွာသူကြီးများနှင့် ဆိုင်ရာ တာဝန်ခံများထံ ကျနော့်၏တောင်းဆိုချက်များအပေါ် ဆက်လက် တင်ပြ၍ ခွင့်ပြုတောင်းခံပါသည်။
    ထို့နေ၌ပင် ၎င်းတို့ဘက်မှ အထက်၌ဖေါ်ပြခဲ့သော အချက်များအား တာဝန်ယူနိုင်ပါကြောင်း ခွင့်ပြုချက်လည်း ရရှိပါကြောင်း ပြန်လည်အကြောင်းကြားခဲ့ပြီး ကျနော့်၏ဆန္ဒသဘောထား အဆုံးအဖြတ်အားတောင်းခံခဲ့ပါသည်။ ထို့ကြောင့် ကျနော့်အနေဖြင့် ယေဘူယျအားဖြင့် မဲ့ကဆာနေရာဒေသအား ရွေးချယ်ပါကြောင်း သို့သော် ဇွန်လ (၁၃) ရက်နေ့ စနေနေ့၌ ကျနော်ကိုယ်တိုင်လာရောက်၍ ဒေသအခြေအနေနှင့် လူကြီးမင်းတို့မှ တာဝန်ယူပေးရမည့်အပိုင်းတို့အား အသေးစိတ်ဆွေးနွေး လိုပါသေးကြောင်း ဤအလှူသည် ဒေါ်အောင်ဆန်းစုကြည်အားဂုဏ်ပြုသေားအားဖြင့် သူမချစ်သော ပြည်သူတွေအတွက် ကျနော်တို့မှ သူမအစား ဆောင်ရွက်ခြင်းဖြစ်သောကြောင့်တကြောင်း၊ ဂျပန်ရောက် မြန်မာနိုင်ငံသူ/နိုင်ငံသားများမှ လူသားချင်းစာနာစိတ်စိတ်အပေါ် အခြေခံ၍ လှူဒါန်းကြသည်ဖြစ်ခြင်းကြောင့် အရေးကြီးပါကြောင်း ထို့ကြောင့် ကြိုတင်ပြင်ဆင်မှုများအား စနစ်တကျဆောင်ရွက်နိုင်ပါမှ ကျနော်တို့အနေဖြင့် တော်ရာကျမည်ဖြစ်ကြောင်း၊ နောင်၌လည်း ထိုထက်မကလှူဒါန်းနိုင်အောင် လှူဒါန်းလိုစိတ်များဖြစ်အောင်လည်း ကျနော်တို့အားလုံးအနေဖြင့် အလှူရှင်များ စိတ်ချမ်းသာမှုရှိစေရန် အထူးသတိပြုဆောင်ရွက်ရန်လိုကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။
    ထို့ကြောင့် ၁၃ ရက်နေ့ စနေနေ့၌ ကျနော်သည် မဲ့ကဆာသို့သွားရောက်၍ အလှူအစီအစဉ်အား စနစ်တကျထပ်မံ ပြင်ဆင်သွားမည်ဖြစ်ပါသည်။

ဒုတိယရွေးချယ်ထားသောနေရာ
   
    အကယ်၍ တစုံတရာ အခက်အခဲကြောင့်သော်၎င်း ပထမရွေးချယ်ထားသောနေရာ၌ ပြုလုပ်မည့် အစီအစဉ်သည် ပြောင်းလဲရန် လိုအပ်ပါက အရန်သတ်မှတ်ထားသော နေရာတခုအားလည်းရွေးချယ်ထားရှိပြီးဖြစ်ပါသည်။ မဲ့သောင်ဟုခေါ်သော ကျေးရွာကြီးတခုဖြစ်ပြီး ဒေသခံလူကြီးမှလည်း အလွန်လိုလားမှုကြောင့် မူလနေရာသတ်မှတ်ပြီးဖြစ်သော်လည်း အရန်အနေဖြင့် အလွန်အခြေအနေဆိုးသော လူဦးရေ (၃၀၀) ဦးအတွက် ပဏာမအလှူငယ်တခုအား ပြုလုပ်ပေးမည်ဖြစ်ပါသည်။
    ထို့နေရာသည်လည်း ကျနော်တို့တောင်းဆိုသည့် အချက်များအတွက် တာဝန်ယူနိုင်သောသူများဖြစ်သောကြောင့် အလှူ အကြီးအား မလုပ်ပေးနိုင်သေးသော်လည်း အလှူငယ်အတွက်ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်၍ (၁၃) ရက်နေ့ စနေနေ့ နံနက် (၁၀) နာရီ၌ ၎င်း မဲ့သောင် ကျေးရွာကြီး၌ လူဦးရေ (၃၀၀) စာအတွက် အစားအစာများအား ဝေငှပေးသွားမည်ဖြစ်ပါသည်။
    ထိုသို့ပေးဝေရာ၌ ဒေသခံလူကြီးမင်းများနှင့် ထိုင်းဆရာတော်များကပါ ပါဝင်ပူးပေါင်းဆောင်မည်ဖြစ်ပြီး HRDP မှ တာဝန်ရှိသူများနှင့် ကျောင်းသူ/ကျောင်းသားများကပါ ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

လတ်တလောအရေးပေါ်လိုအပ်နေသောနေရာ

မဲ့ဆောက်မြို့အတွင်း၌ အလုပ်သမားရေးရာ အခြေစိုက်အဖွဲ့အစည်း (၂) ဖွဲ့မှ စားဝတ်နေရေးအခက်အခဲနှင့် ကြုံတွေ့နေရသော အလုပ်သမားဦးရေ စုစုပေါင်း (၃၀၀)နှင့် စားဝတ်နေရေးဒုက္ခအခက်အခဲနှင့် ရင်ဆိုင်နေရသော နိုင်ငံရေးသမားမိသားစုဝင် (၅၀) ဦးစာ အတွက် အရေးပေါ်လိုအပ်ချက်တရပ်အား HRDP အင်္ဂလိပ်စာနည်ပြ ဆရာကြီး ဦးကျော်ဝင်းမှ တင်ပြလာသောကြောင့် အလုပ်သမား အဖွဲ့အစည်း (၂) ခုနှင့် ဖေါ်ပြပါ စားဝတ်နေရေးအခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့နေရသော နိုင်ငံရေးသမားနှင့်၎င်းတို့၏ မိသားစုဝင် (၅၀) ဦးစာအတွက် စုစုပေါင်း လူဦးရေစုစုပေါင်း (၃၅၀) စာအတွက် ဆန်နှင့်အစားအစာ များပေးဝေလှူဒါန်းသွားမည်ဖြစ်ပါသည်။ ဤလှူဒါန်းမှုကိုလည်း HRDP မှ ကျောင်းသူ/သားလေးများမှ ဦးဆောင်၍ပေးဝေလှူဒါန်းသွားစေမည်ဖြစ်ပါသည်။


ပစ္စည်းများဝယ်ယူထားရှိမှုအခြေအနေ


ဤအစီရင်ခံစာရေးနေသည့် နောက်ဆုံးအေခြအနေထိ အလှူငွေလက်ခံရရှိမှုအနေအထားမှာ စုစုပေါင်း ထိုင်းဘတ်ငွေ (317,599.12) အား ဘဏ်စာရင်းအရသိရှိရပြီး ၀ယ်ယူထားရှိမှု အခြေအနေများအား ပူးတွဲပါ (Project Expenditure Control) အသုံးစရိတ်အစီရင်ခံစာဖြင့် တင်ပြထားပါသည်။

ပစ္စည်းများဝယ်ယူထားရှိမှုနှင့် ပြင်ဆင်ထားရှိသော အခြေအနေများ

လူတဦးစီ ဤကဲ့သို့မျှဝေလှူဒါန်းမည့်ပုံ


 



 

 

 

 



 

 

 

ပထမအကြိမ်အဖြစ် ဆန်အိတ် (၂၀၀) အား () ကီလိုဂရမ် အလေးချိန်ရှိသော အိတ်ငယ်များအဖြစ် ချိန်တွယ် ပြင်ဆင်ဆောင်နေပုံ

Maximum amount for 200 x 12 = 2500

ဆန် ၁ အိတ် = ၄၈ ကီလို

200 = ဆန်အိတ်ပေါင်း

၁၂ = ဆန်တအိတ်မှ ရရှိသော ဆန်အိတ်ငယ်အရေအတွက်

ဆန်အိတ်ငယ်() အိတ် = ၄ ကီလိုဂရမ်

 

 

 

 

 

 

 

 

 

 

 ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ်၎င်း၊ ဂုဏ်ပြုသောအားဖြင့်၎င်း တိုင်းနိုင်ငံ တခုလုံး၏ အကျိုးစီးပွါးအား ကျနော်တို့ မဆောင်ရွက်နိုင်သေးခင် ကြားကာလအချိန်တခု၌ မိမိတို့တတ်နိုင်သလောက် မိမိတို့စွမ်းနိုင်သလောက် ခွန်အားတွေဖြင့် လူ့အဖွဲ့ အစည်းအတွင်း၌ ဖြစ်ပေါ်လိုအပ်ချက်တွေကို ၀ိုင်းဝန်းကူညီဆောင်ရွက်နေရင်းပင် နိုင်ငံရေးဟုခေါ်သော နိုင်ငံ့အရေးကိစ္စ (သို့) တိုင်းနိုင်ငံ တခုအတွင်းမှီတင်းနေထိုင်ကြသော ညီအကိုမောင်နှမအချင်းချင်းအကြား “ သူရှိမှ ကိုယ်ရှိမည်၊ ကိုယ်ရှိမှ သူရှိမည်” ဟူသည့် လူလူချင်း တန်ဖိုးထားသောစိတ်တွေဖြင့် ရပ်ကျိုးရွာကျိုးမှသည် တိုင်းကျိုးပြည်ကျိုးထိ ထို့မှတဆင့် ကမ္ဘာ့လူ့အဖွဲ့အစည်းအကျိုးတိုကို ဆောင်ရွက်ရင်း ကျနော်တို့အသက်ခန္ဓာသေဆုံးသွားသည့်တိုင် လောက၌ လူဖြစ်ရကျိုးနပ်ပါကြောင်း တင်ပြလိုပါသည်။   

မည်သို့ပင်ဆိုစေ ဤအလှူသည် ကျနော် ဘယ်လောက်အကြံပေးပေး ဂျပန်နိုင်ငံရောက် ကျနော့်၏ အကိုကြီး/ အမကြီးများလည်းဖြစ်ကြသော ပုဂ္ဂိုလ်အသီးသီးတို့သည်၎င်း၊ ညီ /ညီမလေးများလိုတဖုံ၊ နိုင်ငံ့အရေး လုပ်ဖေါ်ကိုင်ဖက်သူငယ်ချင်းများ အားလုံးတို့၏ အပင်ပန်းခံ၍ ဦးဆောင်ပူးပေါင်းဆောင်ရွက်မှုကြောင့်သာ ဤအစီအစဉ်သည် အကောင်အထည်ပေါ်လာရခြင်းဖြစ် ပါကြောင်း ကျနော်ဝန်ခံအပ်ပါသည်ခင်ဗျာ။
   

ထို့ကြောင့် ဤအစီအစဉ်၏ အဓိကပုဂ္ဂိုလ်များဖြစ်ကြသော ဦးညီညီပေါက်၊ ဦးမောင်မောင်အေး၊ မတင်တင်ဝင်း၊ ဦးဘုန်းလှိုင်၊ ဦးဝင်းထိန် အစရှိသော  ပုဂ္ဂိုလ်များအား၎င်း၊ အစီအစဉ်ဖြစ်မြောက်ရေးအတွက် ကွန်ပြူတာ သတင်းပညာရပ်များဖြင့် ၀ိုင်းဝန်းအားဖြည့် ဆောင်ရွက်ပေးနေသော ကိုစိုးဝင်းရှိန်၊ ကိုသန်းထွဋ်(ဒေါင်းမာန်ဟုန်ဘလောက်)တို့အား၎င်း၊ အစီအစဉ်ဖြစ်မြောက်အောင်ဝိုင်းဝန်းကူညီ၍ အလှူငွေများကောင်ခံ ပေးကြသော ကျနော့်၏ အကို/ အမများဖြစ်ကြသော ပုဂ္ဂိုလ်အသီးသီးတို့အား၎င်း၊ အဖွဲ့အစည်းအသီးသီးမှ ၀ိုင်းဝန်းကူညီဆောင်ရွက် ပေးကြသော ပုဂ္ဂိုလ် အသီးသီးတို့အား၎င်း၊ အလှူရှင်စေတနာရှင်ပုဂ္ဂိုလ်အသီးသီးတို့အား လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတတ်ရေး အစီအစဉ် ကိုယ်စား ၀မ်းမြောက်စွာဖြင့် အထူးကျေးဇူးတင်ဂုဏ်ယူမိပါကြောင်း တင်ပြအစီရင်ခံရင်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိန်းအမှတ် ဆန်နှင့်အစားအစာလှူဒါန်းပွဲ အစီအစဉ်၏ အစောပိုင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုအစီရင်ခံစာအား ဤနေရာ၌ နိဂုံးချုပ်အပ်ပါသည်ခင်ဗျား။
အားလုံးသော ပုဂ္ဂိုလ်အသီးသီးတို့သည် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည်စုံကြပါစေ။

လေးစားစွာဖြင့်
မောင်စည်သူ
လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတတ်ရေးအစီအစဉ်
မဲဆောက်
၁၂.၆.၂၀၀၉   
 

Last Updated ( Wednesday, 23 September 2009 21:47 )  

Latest

ကာတွန်းများ

Highslide JS Highslide JS Highslide JS Highslide JS Highslide JS Highslide JS Highslide JS

ဂျပန်သတင်းဌာန(NHK)မှ မှတ်တမ်းရုပ်ရှင်(Documentary) ထုတ်လွှင့်သွားသော“မိုးသောက်ကြယ်စာကြည့်တိုက်” အကြောင်း

ကျနော်တို့ဂျာနယ်

 

ဇန္န၀ါရီလထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

 

ဖေဖော်ဝါရီလထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

 

မတ်လထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

ဗိုလ်ချုပ်အောင်ဆန်းကဗျာများ

လာရောက်လည်ပတ်သူများ

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့32
mod_vvisit_counterမနေ့141
mod_vvisit_counterစုစုပေါင်း78200
(From 17.5.09, 5:00 pm)

လက်ရှိဧည့်သည်

We have 3 guests online