Moethaukkye Library Burmese Volunteer Group

Saturday
Sep 04th
Text size
  • Increase font size
  • Default font size
  • Decrease font size
Home ပြည်တွင်းသတင်းများ ပြည်ပသတင်းများ ၆၄ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ဂျပန်ရောက်မြန်မာများပြုလုပ်မည့် အစီအစဉ်များ

၆၄ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ဂျပန်ရောက်မြန်မာများပြုလုပ်မည့် အစီအစဉ်များ

E-mail Print PDF
                              ၆၄ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်
ဂျပန်ရှိမြန်မာများ သွေးလှူခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်းနှင့်
ထိုင်းနိုင်ငံေ
ရာက် မြန်မာများကို အလှူအတန်းများ ပြုလုပ်မည်

  မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်၊ ပြည်သူအပေါင်းယုံကြည်လေးစားသော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ လာမည့်ဇွန်လ(၁၉)ရက်နေ့တွင်ကျရောက် မည့်(၆၄)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုချစ်မြတ်နိုးကြသောဂျပန်နိုင်ငံရောက် မြန်မာများမှ ကောင်းမှုကုသိုလ်ပြုပွဲများပြုလုပ်ပေးခြင်း၊ အလှူအတန်းပြုလုပ်ကြခြင်းများ ဆောက်ရွက်ကြမည်ဟုသိရသည်။
ယခုနှစ်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မြန်မာနိုင်ငံသားများကို ဆန်၊ ဆီ၊ ဆား အစရှိသဖြင့် အစားအသောက်များပေးဝေလှူဒါန်း မှုများပြုလုပ်မည်ဖြစ်သလို ဂျပန် နိုင်ငံတွင်လည်း ယခင်နှစ်များအ တိုင်း သွေးလှူခြင်း၊ ဇီဝိတဒါနငါး လွှတ်ခြင်းများပြုလုပ်ကြမည်ဖြစ်သည်။

အဆိုပါလှူဒါန်းမှုအတွက် ဂျပန်နိုင်ငံတာဝန်ခံတဦးဖြစ်သည့် မိုးသောက်ကြယ်စာကြည့်တိုက်မှ ဒေါ်တင်တင်ဝင်းမှ ``ကျမတို့ချစ်မြတ် နိုးတဲ့ဒေါ်အောင်ဆန်းစုကြည်ကျန်း မာစေဖို့နှင့် မတရားသဖြင့်နေအိမ် အကျဉ်းချချုပ်နှောင်ခံနေရခြင်းမှ အမြန်ဆုံးလွှတ်မြောက်ဖို့ရည် ရွယ်၍ပြုလုပ်ရခြင်းဖြစ်ကြောင်း`` လှူဒါန်းပြုလုပ်ရခြင်း၏အကြောင်း ရင်းကိုပြောပြသည်။
]ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ လပ်စစ်မြို့တော်ဟု တင်စားခေါ်ဝေါ်နေသော (AKIHABARA)ရက် ကွက်ရှိ၊ ရေစီးရေလာကောင်းသော Kandaချောင်းတွင် ဇီဝိတဒါနငါး လွှတ်ခြင်းနှင့် အဆိုပါရက်ကွက်ရှိ ဆေးခန်းတွင် သွေးလှူဒါန်းခြင်း များကို နှစ်စဉ်ပြုလုပ်ခဲ့ကြသည်မှာ ဟု ယခုနှစ်နှင့်ဆိုလျင် ၈ နှစ်ရှိ သွားပြီဖြစ်ကြောင်း ဒေါ်တင်တင် ဝင်းမှဆက်လက်ရှင်းပြသည်။



ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မြန်မာလူမျိုးများအတွက် လူတစ်ဦးလျှင် ဘတ်(၁၀ဝ) တန်ဖိုးဖြင့် ဆန်(၄)ကီလို၊ ကုလား ပဲကီလိုဝက်နှင့် ငါးသေတ္တာတဗူး နှုန်းစီရရှိနိုင်မှာဖြစ်ပြီး ဘတ် (၁၀ဝ)လျှင် ဂျပန်ယန်း(၃၀ဝ)နှင့် ညီမျှပါသည်။
ထို့အတွက်ကြောင့် ကုသိုလ်ဒါ နပြုလုပ်သူ ဂျပန်နိုင်ငံရောက်မြန် မာများအနေဖြင့် လူတဦးစာ ယန်း ၃၀ဝ ဖြစ်စေ၊ သို့မဟုတ်ဆယ်ဦး စာဖြစ်စေ၊ မိမိမွေးနေ့သက်စေ့အ လိုက်ဖြစ်စေ၊ စိတ်ကြိုက်လှူဒါန်း နိုင်ပါကြောင်းဖိတ်ခေါ်ထားသည်။
ယခုပြုလုပ်လှူဒါန်းမှုမှာ ဂျပန် နိုင်ငံရှိအဖွဲ့အစည်းအသီးသီးမှမြန် မာများ ဒုတိယအကြိမ်မြောက်စု ပေါင်းလှူဒါန်းခြင်းဖြစ်ပြီး ပထမ အကြိမ်တွင် ဒေါ်အောင်ဆန်းစု ကြည်၏(၆၃)နှစ်ပြည့်မွေးနေ့ သက်စေ့၊ ဒုလ္လဘရဟန်းဝတ်လိုသူ ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးများ ကို ပဉ္ဇင်းဝတ်ပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။


ယမာန်နှစ်က ဒေါ်အောင်ဆန်းစုကြည် ၆၃ နှစ်ပြည့်မွေးနေ့ ဒုလ္လဘရဟန်း ၆၄ ပါး ဝတ်ကြပုံ

ထို့အတွက်ကြောင့် မိမိတို့လေး စားချစ်ခင်မြတ်နိုးသည့်ဒေါ်အောင် ဆန်းဆုကြည်မွေးနေ့အတွက် ကောင်းမှုကုသိုလ်ပြုလိုသူ၊ သို့မ ဟုတ်ကုသိုလ်ယူလိုသူဂျပန်ရောက် မြန်မာများအနေဖြင့် ဂျပန်နိုင်ငံ တာဝန်ခံများဖြစ်ကြသည့် ဦးညီ ညီပေါက်(HRDP-Japan)ဝ၉၀ ၁၆၅၁ ၇၆၄၀၊ ဒေါ်တင်တင်ဝင်း (မိုးသောက်ကြယ်စာကြည့်တိုက်) ဝ၉၀ ၈၇၂၀ ၉၀၁၇၊ ဦးဘုန်းလှိုင် (FWUBC)ဝ၉၀ ၅၃၁၈ ၅၀၅၄၊ ဦး ဝင်းဇော်(NLD LA-JB)ဝ၉၀ ၂၄၈၆ ၂၈၉၇၊ ဦးညိုဝင်းသိန်း(ဖန် မီးအိမ်ဖောင်ဒေးရှင်း-ဂျပန်)ဝ၉၀ ၈၅၀ဝ ၁၆၄၂၊ ဒေါ်အိဖြူထွေး(မြန် မာနိုင်ငံသားဒုက္ခသည်များကူညီစောင့် ရှောက်ရေးအသင်း-ဂျပန်)ဝ၈၀ ၅၆၈၉ ၆၁၄၈၊ ဦးထင်ပေါ်(HRWUB)ဝ၉၀ ၁၇၃၉ ၆၄၈၉ နှင့် ဦး မောင်သန့်(BDA Group) ဝ၈၀ ၁၂၉၉ ၅၈၁၂ သို့ဆက်သွယ်လှု တန်းနိုင်သည့်အပြင် အတူလက် တွဲ၍တာဝန်ယူလုပ်ဆောင်ပေးမည် သူများကိုလည်း ကြိုဆိုဖိတ်ခေါ် ထားကြောင်းသိရှိရပါသည်။



ကောက်ခံရရှိသည့် ငွေစာရင်းများကိုလည်း နေ့စဉ်ပုံမှန်ဖော်ပြပေးသွားပါမည်။
ထိုင်းနိုင်ငံဘက်အခြမ်းတွင် တာဝန်ယူလုပ်ဆောင်ပေးမည့်သူများ၏အမည်များကိုလည်း မကြာမှီထုတ်ပြန်ပါမည်။
တခြားအဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများကိုလည်း အသေးစိပ်စုံစမ်း၍ ဖော်ပြပါမည်။
စာရေးဆရာများ၏ စာမူများ(အသစ်၊ အဟောင်း)ကိုလည်း ရှာဖွေ၍ပုံမှန်တင်ဆက်ပေးသွားပါမည်။

သတင်းရေးသားသူ-
စိုးဝင်းရှိန်(မိုးသောက်ကြယ်ဂျာနယ်တာဝန်ခံ)

Last Updated ( Wednesday, 23 September 2009 21:47 )  

Latest

ကာတွန်းများ

Highslide JS Highslide JS Highslide JS Highslide JS Highslide JS Highslide JS Highslide JS

ဂျပန်သတင်းဌာန(NHK)မှ မှတ်တမ်းရုပ်ရှင်(Documentary) ထုတ်လွှင့်သွားသော“မိုးသောက်ကြယ်စာကြည့်တိုက်” အကြောင်း

ကျနော်တို့ဂျာနယ်

 

ဇန္န၀ါရီလထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

 

ဖေဖော်ဝါရီလထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

 

မတ်လထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

ဗိုလ်ချုပ်အောင်ဆန်းကဗျာများ

လာရောက်လည်ပတ်သူများ

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့55
mod_vvisit_counterမနေ့141
mod_vvisit_counterစုစုပေါင်း78223
(From 17.5.09, 5:00 pm)

လက်ရှိဧည့်သည်

We have 6 guests online