ငါးထောင်ကျပ်တန် ငွေစက္ကူများထွက်ရှိလာတော့မည့် သတင်းကြေညာ အပြီးမှာပင် ကုန်ဈေးနှုန်းများ စတင်တက်

Saturday, 26 September 2009 12:56 administrator
Print

အောက်တိုဘာလ ၁ ရက်နေ့ မှ စ၍ နိုင်ငံတော် ဗဟိုဘဏ်က ငါးထောင်ကျပ်တန် ငွေစက္ကူများကို ပြည်သူများကြားတွင် စတင်ဖြန့် ချိသုံးစွဲတော့မည် ဖြစ်ကြောင်း ယနေ့ ည မြန်မာ့ရုပ်မြင်သံကြားသတင်းတွင် ကြေညာသွားသည်။

မကြာခင် အများပြည်သူလက်ထဲထုတ်ဝေဖြန့် ချိတော့မည့် ငါးထောင်ကျပ်တန် ငွေစက္ကူသစ်သည်အစိမ်းရောင် ၊အ၀ါဖျော့ရောင် တို့ သိသာထင်ရှားစွာပါရှိပြီး နေပြည်တော် မြို့ သစ်နှင့် ဆင်ဖြူတော်ပုံပါရှိသည် ဟု သိရသည်။

မြန်မာ စစ်အစိုးရ၏ အမှတ်မထင် ထုတ်ပြန်သော ငါးထောင်ကျပ်တန် ငွေစက္ကူသတင်းကြောင့် ရန်ကုန် လူထု ကြားတွင် အထိတ်တလန့် ဖြစ်ခဲ့ရသည် ။မြန်မာ့ရုပ်မြင်သံကြား မှ သတင်း ကြေညာအပြီး မှာ ပင် ရန် ကုန် မြို့ တရုတ်တန်း ရှိကုန်သည် များ အကြားတွင် ကုန်/ငွေ အလွှဲအပြောင်းများရပ်ဆိုင်း သွားပြီး ဆန်ဈေးနှုန်း နှင့် အမေရိကန် ဒေါ်လာ ဈေးနှုန်းမှာ အနည်းငယ် တက်သွားသည် ဟု သတင်းရရှိသည်။  

၅၀၀၀ ကျပ်တန် ငွေစက္ကူများ ထုတ်သေမည့် သတင်း မကြေညာခင် တစ်နာရီ အလိုတွင် အမေရိကန် တစ်ဒေါ်လာ ဈေးနှုန်းမှာ မြန်မာ ကျပ်ငွေ ၁၀၈၅ ကျပ် ပေါက်ပြီး သတင်းကြေညာအပြီး ယခု သတင်းရေးနေ ချိန် ည ၁၁ နာရီ ၄၅ မြန်မာ စံတော်ချိန် ၌ တရုတ်တန်းတွင် ၁၁၁၀ ကျပ် အထိဈေးတက်သွားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လှည့်လည် သုံးစွဲနေသော ငွေကြေးများအနက် သိသာထင်ရှားသော အစိမ်းရောင် ဖြင့် ထုတ်ဝေသော ၁၀၀၀ ကျပ်တန်မှာ အမြင့်ဆုံးဖြစ်သည်။ထို ၁၀၀၀ ကျပ်တန်ငွေစက္ကူသည် အမေရိကန် တစ်ဒေါ်လာ ထက် တန်ဖိုးနည်းပြီး ယခု အောက်တိုဘာလတွင် ထုတ်ဝေမည့် ငါးထောင်ကျပ်တန် ငွေစက္ကူသည် အမေရိကန် ငွေစက္ကူ တန်ဖိုး ၅ ဒေါ်လာ အောက် လျှော့နည်းသည်။

ငွေကြေးစီမံခန့် ခွဲမှု အကြောင်းကို နားလည် သည့် မြန်မာ စီးပွားရေးပညာ ရှင် တစ်ဦးက ငါးထောင်ကျပ်တန် ငွေ စက္ကူများကို ထုတ်ဝေဖြန့်ချိရခြင်းသည် နိုင်ငံ၏ ငွေတန်ဖိုးကို လျှော့ချလိုက်ခြင်း နှင့် ငွေကြေးတန်ဖိုးများ ဖောင်းပွလာခြင်းပင် ဖြစ်သည် ဟု သုံးသပ်ပြောကြသည်။အဆိုပါ စီးပွားရေး ပညာရှင် က ကမ္ဘာ့ စီးပွားပျက်ကပ် မြန်မာ နိုင်ငံ ကို ရိုက်ခတ်မှု မှာ ဤငါးထောင်ကျပ်တန်ငွေ စက္ကူထုတ်ဝေရခြင်းက သက်သေ ပင် ဖြစ်သည် ဟု Freedom News Group သို့ ပြောသည်။

၁၉၈၇ နှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ ဦးဆောင်သည့် လက်ထက်က ငွေစက္ကူအချို့ ကို ဖျက်သိမ်းကြောင်းကြေညာ ခဲ့ရာ ပြည်သူတို့ ဒေါသအမျက် ထွက်ရှိပြီး နောက် လအနည်းအကြာတွင် မငြိမ်မသက်မှုများ ပေါ်ပေါက်ခဲ့ကာ တစ်နှစ် အကြာတွင် နိုင်ငံတ၀ှမ်း အုံကြွမှု ပေါ်ပေါက် ၍ မဆလ ခေါင်းဆောင် ဦးနေ၀င်း ဦးဆောင် သော အစိုးရ ပြုတ်ကျခဲ့သည်။

Freedom News Group