Moethaukkye Library Burmese Volunteer Group

Tuesday
Sep 07th
Text size
  • Increase font size
  • Default font size
  • Decrease font size
Home ပြည်တွင်းသတင်းများ ပြည်တွင်းသတင်းများ ရန်ကုန်လေဆိပ်တွင် အဖမ်းခံရသူ အင်းစိန်ထောင်သို့ ပို့ဆောင်ခံရ

ရန်ကုန်လေဆိပ်တွင် အဖမ်းခံရသူ အင်းစိန်ထောင်သို့ ပို့ဆောင်ခံရ

E-mail Print PDF

အေးလဲ့ source: Irrawaddy

အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားသော နိုင်ငံရေးသမား ဦးကျော်ဇောလွင် (ခေါ်) ဦးညီညီအောင်ကို အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ပြီ ဖြစ်သော်လည်း မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မပေးသေးကြောင်း သိရသည်။ ဦးညီညီအောင်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့က ရန်ကုန်မင်္ဂလာဒုံ လေဆိပ်အဝင်၌ အဖမ်းဆီး ခံခဲ့ရခြင်းဖြစ်ပြီး ၁၇ ရက်နေ့က အင်းစိန်ထောင်သို့ပို့လိုက်ကြောင်း ရန်ကုန် အခြေစိုက် အမေရိကန်သံရုံးက မိသားစုထံ ထုတ်ဖော် ပြောကြားလိုက်သည်ဟု သိရသည်။ ထိုင်းနိုင်ငံ မြန်မာသံရုံးမှတဆင့် ဗီဇာရယူပြီး ဘန်ကောက်မှ စက်တင်ဘာ ၃ ရက်နေ့ညနေပိုင်း လေယာဉ် TG/305 ဖြင့် ထွက်ခွာသွားစဉ် ရန်ကုန်အဝင်၌ စစ်အစိုးရက ထိန်းသိမ်းထားခဲ့ပြီး ၁၉ ရက်နေ့ကမှ အမေရိကန် သံရုံးအရာရှိနှင့် တွေ့ခွင့်ပေးကြောင်း သိရသည်။ အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက ယနေ့ အင်းစိန်ထောင်သို့ သွားရောက်ခဲ့ရာ ဦးညီညီအောင်နှင့် လူချင်း တွေ့ခွင့်မရဘဲ အမေရိကန်သံရုံး အကူအညီဖြင့် အစားအသောက်များကိုသာ ပေးခဲ့ရကြောင်း သိရသည်။

ဦးညီညီအောင်ကို အရေးပေါ်စီမံချက်အက်ဥပဒေ ပုဒ်မ - ၅ (ည) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး လာမည့် အောက်တိုဘာလ ၁ ရက်နေ့ တွင် တရားရုံးထုတ်မည်ဟု အမေရိကန် သံရုံးက မိသားစုထံသို့ အကြောင်း ကြားကြောင်း ဒေါ်ခင်ခင်ဆွေကဆက်ပြောသည်။ “သူ့ကို အောက်တိုဘာ ၁ ရက်နေ့ လှိုင်မြို့နယ် တရားရုံးမှာ ရုံးထုတ်မယ်လို့ ပြောပါတယ်” ဟု ဒေါ်ခင်ခင်ဆွေက ဆိုသည်။ ရန်ကုန်ရှိ အမေရိကန် သံရုံးက ရှေ့နေငှားရမ်းရန် ကူညီမည်ဖြစ်ရာ ဦးညီညီအောင်၏ သဘောထားအရ သူ၏ အမှုလိုက် ရှေ့နေအဖြစ် ရှေ့နေ ဦးကြည်ဝင်းကို ငှားရမ်းလိုကြောင်း သိရသည်။ ဖမ်းဆီး၊ ထိန်းသိမ်းခံရစဉ် အတောအတွင်း နှိပ်စက် ညှင်းပန်းမှုခံခဲ့ရသေးကြောင်း ဦးညီညီအောင်၏ အကိုတော်စပ်သူ ထိုင်းနိုင်ငံတွင် နေထိုင်သည့် ဦးကိုကိုအောင်က ပြောသည်။ ဦးကိုကိုအောင်က “သူ အထဲမှာ အနှိပ်စက်ခံရတယ်၊ ၇ ရက် ထမင်းမကျွေးဘူး၊ ၁၀ ရက် ဝန်းကျင်လောက် နှိပ်စက်ခံရတယ်၊ မျက်နှာက အစ တကိုယ်လုံး ရိုက်နှက်ခံရတယ်လို့ ကောင်စစ်ဝန်ကတဆင့် ကျနော်တို့ကို ပြောပြတယ်” ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက အနှိပ်စက်ခံထားရသောကြောင့် ကျန်းမာရေးအတွက် ဆေးကုသခွင့် တောင်းထား သော်လည်း ယခုထက်ထိ မရသေးသဖြင့် မိသားစုက စိုးရိမ်နေကြသည်ဟု ဆိုသည်။ မြန်မာပြည်ထဲ ပြန်သွားရခြင်း အကြောင်းအရင်းကို ဦးညီညီအောင် ကိုယ်တိုင်သာ သိနိုင်မည် ဖြစ်ကြောင်းနှင့် ၎င်းအဖမ်းအဆီးခံရသည့် သတင်းနှင့် ပတ်သက်ပြီး စစ်အစိုးရက ၁၇ ရက်ကြာ မည်သည့် သတင်းမျှ ထုတ်ဖော်ခဲ့ခြင်းမရှိကြောင်း ဦးကိုကိုအောင်က ဆက်ပြောသည်။ ဦးညီညီအောင် အထိန်းသိမ်း မခံရမီကပင် နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် သူ၏ မိသားစုဝင် ၅ ဦး အဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ ၎င်း၏ မိခင် ဒေါ်စန်းစန်းတင်သည် ထောင်ဒဏ် ၅ နှစ်ချခံထားရပြီး မောင်နှမ ၀မ်းကွဲ တော်စပ်သူ မသက်သက်အောင်မှာ ထောင်ဒဏ် ၆၅ နှစ် ချခံထားရသည်။ နှလုံးရောဂါရှိသော မသက်သက်အောင်သည် မြင်းခြံထောင်တွင် ယခုအခါ မျက်လုံးဝေဒနာနှင့် အကျောကပ်ခြင်း ဝေဒနာကိုပါ ခံစားနေရကြောင်း ဒေါ်ခင်ခင်ဆွေကပြောသည်။

ဦးညီညီအောင်သည် ၁၉၈၈ ခုနှစ် လူထု လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ၂ လခန့် အထိန်းသိမ်းခံရသည်။ နောက်ပိုင်းတွင် ထိုင်းနယ်စပ် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တွင် ခေတ္တ ပါဝင်ခဲ့သည်။ ထို့နောက် အမေရိကန် ပြည်ထောင်စုတွင် သွားရောက် ခိုလှုံခွင့်ယူပြီး အမေရိကန် နိုင်ငံသား အဖြစ်ခံယူခဲ့သည်။

Last Updated ( Wednesday, 23 September 2009 19:09 )  

ကျနော်တို့ဂျာနယ်

 

ဇန္န၀ါရီလထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

 

ဖေဖော်ဝါရီလထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

 

မတ်လထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

ဗိုလ်ချုပ်အောင်ဆန်းကဗျာများ

လာရောက်လည်ပတ်သူများ

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့86
mod_vvisit_counterမနေ့141
mod_vvisit_counterစုစုပေါင်း78710
(From 17.5.09, 5:00 pm)

လက်ရှိဧည့်သည်

We have 4 guests online