Moethaukkye Library Burmese Volunteer Group

Saturday
Mar 13th
Text size
  • Increase font size
  • Default font size
  • Decrease font size
Home ပြည်တွင်းသတင်းများ ပြည်ပသတင်းများ ဂျပန်နိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့ကြသော ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့မင်္ဂလာအထိမ်းအမှတ်ပွဲများ

ဂျပန်နိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့ကြသော ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့မင်္ဂလာအထိမ်းအမှတ်ပွဲများ

E-mail Print PDF

ယနေ့(ဇွန်လ ၁၉ ရက်)တွင်ကျရောက်သည့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်၊ မြန်မာ့ဒီမိုကရေစီရဲ့အလင်းရောင်တဦးလည်းဖြစ်၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်ပြည့်မြောက် မွေးနေ့မင်္ဂလာ နေ့ထူးနေ့မြတ်အထိမ်းအမှတ်အခမ်းအနားများကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

 ငါးလွှတ်ခြင်းနှင့်သွေးလှူဒါန်းခြင်း

 

ဦးစွာပထမ ယနေ့နံနက်ပိုင်း ၁၁းဝဝ နာရီတွင် မိုးသောက်ကြယ်စာကြည့်တိုက်မှဦးဆောင်၍ ဇီဝိတဒါနအဖြစ် ငါးလွှတ်ခြင်းနှင့် ကောင်းမှုကုသိုလ်ပြု သွေးလှူဒါန်းများကို ပြုလုပ်ခဲ့ကြပါတယ်။ ငါးလွှတ်ခြင်းကို ခါဝါဂုချိ(Kawaguchi)ခရိုင်တွင်တည်ရှိသော အာရခါဝ(Arakawa)မြစ်တွင် ပြုလုပ်ခဲ့ကြပြီး 'ယခုလိုပြုလုပ်ခဲ့ရတဲ့ ကောင်းမှုများကြောင့် ကျမတို့ချစ်ခင်လေးစားရတဲ့ လူထုခေါင်းဆောင် အင်္ဂါသမီးဒေါ်အောင်ဆန်းစုကြည် မတရားဖမ်းဆီးခံနေရတဲ့ဘဝမှ အမြန်ဆုံးပါစေ။ မြန်မာ့ဒီမိုကရေစီရရှိရေးကြိုးစားဆောင်ရွက်မှုတွေမှာ ဘေးရန်ကင်းစွာဖြင့် ပိုမိုလုပ်ဆောင်နိုင်ပါစေ။ မြန်မာပြည်သူ/သားများလည်း ယုတ်မာရက်စက်တဲ့ စစ်အာဏာရှင်စနစ်အောက်မှ အမြန်ဆုံးလွှတ်မြောက်ပါစေ' ဆုတောင်းခဲ့ကြကြောင်း သိရှိရပါတယ်။

သွေးလှူတန်းခြင်းကို နေ့လယ် ၁၂း၃ဝ နာရီတွင် အာကီဟဘာရ(Akihabara)ရှိ သွေးလှူဘဏ်တွင် မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများမှ သွေးလှူတန်းခြင်း ကောင်းမှုကုသိုလ်ကို ဆက်လက်ပြုလုပ်ခဲ့ကြပါသည်။

 

 ဆုပေးအပ်ခြင်းအခမ်းအနား

နေ့လယ် ၁၂းဝဝ နာရီဝန်းကျင်တွင် မြန်မာ့ဒီမိုကရေစီအရေးကို အားပေးကူညီနေကြသော ဂျပန်လွှတ်တော်များသမဂ္ဂမှ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို ဂုဏ်ပြုတဲ့အနေဖြင့် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး(Democracy and Peace)ဆုကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိပါတယ်။ အဆိုပါဆုကို လက်ခံရယူခဲ့သူများထဲတွင် ပါဝင်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ)မှ တာဝန်ခံတဦးဖြစ်သူ ကိုလင်းအောင်မှ-'အခုပေးအပ်တဲ့ဆုဟာ ဂျပန်အစိုးရပ်အနေနဲ့ ပထမဦးဆုံးအပ်ခဲ့တဲ့ဆုဖြစ်ပါတယ်။ ဆုချီးမြှင့်တဲ့သူကတော့ လက်ရှိအာဏာရပါတီဖြစ်တဲ့ (Liberal Democratic Party)ရဲ့ ပါလီမာန်ရေးရာကော်မတီဥက္ကဌတာဝန်ထမ်းဆောင်နေသူတဦးလည်းဖြစ်၊ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးနေသော ဂျပန်လွှတ်တော်များသမဂ္ဂရဲ့ဥက္ကဌတဦးလည်း ဖြစ်သူ Mr. Tadamori Oshima က ပေးအပ်ပါတယ်။ ကျနော်တို့ရဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ)ဥက္ကဌဖြစ်သူ ကိုသန့်ဇင်ဦးက လက်ခံရယူပါတယ်။ သူက(Mr. Tadamori Oshima) အခုလိုပေးအပ်ချိးမြှင့်ရခြင်းအကြောင်းက အနှစ်(၂ဝ)လုံးလုံး မြန်မာ့ဒီမိုကရေစီအရေးအတွက် မဆုတ်မနစ်တဲ့ ဇွဲ၊ လုံလနဲ့ အရာရာကိုပေးဆပ်စွန့်လွှတ်ပြီး တိုက်ပွဲဝင်နေတဲ့ အာရှတိုက်ရဲ့ ဒီမိုကရေစီသူရဲကောင်းလည်းဖြစ်၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တဦးလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတဲ့အတွက် ချီးမြှင့်ဂုဏ်ပြုရခြင်းဖြစ်ပါတယ်လို့လည်း ကျနော်တို့ကိုရှင်းပြပါတယ်...'ဟု ဖြေကြားသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည့်ကို ဂုဏ်ပြုချီးမြင့်တဲ့ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး(Democracy and Peace)ဆုကို ဂျပန်နိုင်ငံ၏ အင်အားကြီးနိုင်ငံရေးပါတီ(၄)ခုဖြစ်သော Liberal Democratic Party, Democratic Party of Japan, New Komeido Paty, Shaminto Party တို့မှ တညီတညွတ်တည်း ပေးအပ်ခဲ့ကြကြောင်း လည်း ကိုလင်းအောင်မှဆက်လက်ရှင်းပြပါတယ်။

 ဆန္ဒပြပွဲပြုလုပ်ခြင်း

တိုကျိုမြို့၊ ရှင်နာဂါဝါရပ်ကွက်တွင်တည်ရှိသော နအဖစစ်အခွန်ရုံးရှေ့တွင် မတရားဖမ်းဆီးထိန်းသိမ်းခံနေရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွှတ်မြောက်ရေးအတွက်ြေ<ွကးကြော်ဆန္ဒပြခြင်းတရပ်ကို နေ့လယ် ၁းဝဝ နာရီမှ ၄းဝဝ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွှတ်မြောက်ဖို့ြေ<ွကးကြော်ခဲ့ကြသလို၊ မွေးနေ့ရှင်ဒေါ်အောင်ဆန်းစုကြည်အတွက် အမှတ်တရကဗျာများရွတ်ဆိုခြင်းများလည်း ပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါဆန္ဒပြပွဲတွင် ကိုသောင်းမြင့်ဦးမှ 'ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုတာ ချီးကျူးထိုက်သူကို ချီးကျူးတာဟာ အင်မတန်မြင့်မြတ်တဲ့လုပ်ရပ်ဖြစ်ပါတယ်။ မနာလို မရှုစိမ့်တဲ့ စစ်အာဏာရှင်တွေသာ မွန်မြတ်သူကို ထောင်သွင်းအကျဉ်းချထားတာဖြစ်တယ်။ ကျနော်တို့အားလုံးကတော့ ကိုယ့်ခေါင်းဆောင်ရဲ့ မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့လုပ်ရပ်တွေကို စံနမူနာထားပြီး ဒေါ်အောင်ဆန်းစုကြည်အမြဲမှာနေတဲ့အတိုင်း စည်းကမ်းရှိရှိနဲ့ တဦးနဲ့တဦးလေးစားတဲ့ အပြောအဆို အပြုအမှုလုပ်ရပ်တွေနဲ့ တဦးချင်း တယောက်ခြင်းစီက ကိုယ့်နိုင်ငံအတွက် ကြိုးစားကြမယ်ဆိုရင် ကျနော်တို့တိုင်းပြည်ရဲ့ မဝေးတော့တဲ့ အနာဂတ်ဒီမိုကရေစီပန်းတိုင်ကို အရယူနိုင်မှာဖြစ်တယ်...'ဟု ပြောဆိုသွားခဲ့ပါတယ်။

 

 

ဆုတောင်းခြင်းနှင့် ငှက်လွှတ်ခြင်း 

ညနေ ၅ နာရီအချိန်မှာတော့ ရှီဘုယရပ်ကွက်ရှိ ကုသမဂ္ဂအဆောက်အဦရှေ့တွင် ၆၄ နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်အတွက် ဘာသာပေါင်းစုံမှဆုတောင်းခြင်း၊ အန္တရာယ်ကင်းရှင်းအောင် မေတ္တာပို့သခြင်းတို့ပြုလုပ်ခဲ့ကြပြီး သက်စေ့ဆီးမီးထွနးညှိခြင်းများလည်း ပြုလုပ်ခဲ့ကြပါတယ်။ မတရားအကျဉ်းကျခံနေတဲ့ဘဝမှ အမြန်ဆုံးလွှတ်မြောက်အောင် ငှက်လွှတ်ခြင်းများကို JACမှဦးဆောင်၍ ပြုလုပ်ခဲ့ကြပါတယ်။ နောက်ဆုံးပိတ်အနေဖြင့် မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများမှ FREEDOMဖြင့် မွေးနေ့ဆုမွန်ကောင်းတောင်းရင်း သီဆိုဂုဏ်ပြုခဲ့ကြပါတယ်။

မှတ်တမ်းဓါတ်ပုံနှင့်သတင်းရေးသားသူ မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများ စိုးဝင်းရှိန်၊ သန်ံမျိုးထွေး၊ နန်းအိမွန်ချစ်၊ မင်းညိုဝမ်း

Last Updated ( Wednesday, 23 September 2009 21:51 )  

Latest

ကာတွန်းများ

Highslide JS Highslide JS Highslide JS Highslide JS Highslide JS Highslide JS Highslide JS

ဂျပန်သတင်းဌာန(NHK)မှ မှတ်တမ်းရုပ်ရှင်(Documentary) ထုတ်လွှင့်သွားသော“မိုးသောက်ကြယ်စာကြည့်တိုက်” အကြောင်း

ကျနော်တို့ဂျာနယ်

 

မေလထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။ ...

 

ဧပြီလထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

 

မတ်လထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

ဗိုလ်ချုပ်အောင်ဆန်းကဗျာများ

လာရောက်လည်ပတ်သူများ

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့30
mod_vvisit_counterမနေ့145
mod_vvisit_counterစုစုပေါင်း49370
(From 17.5.09, 5:00 pm)

လက်ရှိဧည့်သည်

We have 7 guests online