Moethaukkye Library Burmese Volunteer Group

Saturday
Sep 04th
Text size
  • Increase font size
  • Default font size
  • Decrease font size
Home ပြည်တွင်းသတင်းများ ပြည်ပသတင်းများ (၁၉) နှစ်မြောက် ရွေးကောက်ပွဲ အနိုင်ရသည့် အထိမ်းအမှတ် ဂျပန်နိုင်ငံတွင် ချီတက်ဆန္ဒပြပွဲ ကျင်းပ

(၁၉) နှစ်မြောက် ရွေးကောက်ပွဲ အနိုင်ရသည့် အထိမ်းအမှတ် ဂျပန်နိုင်ငံတွင် ချီတက်ဆန္ဒပြပွဲ ကျင်းပ

E-mail Print PDF

မေလ ၂၇ ရက်နေ့တွင်ကျရောက်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၁၉၉၀ ပြည်နှစ် ရွေးကောက်ပွဲအနိုင်ရအထိမ်းအမှတ်နှင့် မတရားအမှုဆင်ပြီး ဖမ်းဆီးထိန်းသိမ်းခံနေရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွှတ်မြောက်ရေးအတွက် တောင်းဆိုချီတက်ဆန္ဒပြပွဲတရပ်ကို ယနေ့(မေ ၂၇ ရက် ဗုဒ္ဓဟူးနေ့)တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်သားများသာမက ဂျပန်လူမျိုးများပါ အတူကတကွ ပူးပေါင်းအားပေးလုပ်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။



(RENGO-JTUC)မှ အထွေထွေအတွင်းရေးမှူး Mr. Koga San နှင့် အထက်လွှတ်တော်အမတ် Mr. Suematsu San

အဆိုပါချီတက်ဆန္ဒပြပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ)မှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ဂျပန်နိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်(RENGO-JTUC)၊ မြန်မာ့ရေးရာပြည့်သူအဖွဲ့(People Forum of Burma)၊ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့-ဂျပန်(A.I Japan)၊ နိုင်ငံတကာဗုဒ္ဓဘာသာဘုန်းတော်ကြီးများကွန်ယက်(AYU International Buddhist Network)၊ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့(Human Right Now)၊ မြန်မာ့အရေးဆောင်ရွက်နေသည့် ဂျပန်အမတ်များသမဂ္ဂ(GIREN)နှင့် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေးလုပ်ဆောင်နေကြသည့် မြန်မာနိုင်ငံသူ/သားများပါ တက်ရောက်ခဲ့ကြရာ အင်အား ၆၀၀ နီးပါးရှိခဲ့သည်။ အခမ်းအနားကို အလေးပြုခြင်း(၃)ရပ်နှင့် စတင်ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များမှ အမှာစကားများပြောကြားခဲ့ကြသည်။



ဂျပန်နိုင်ငံတွင် အလုပ်သမားအဖွဲ့ဝင်အင်အား ၆ သိန်းကျော်ရှိသော (RENGO-JTUC)မှ အထွေထွေအတွင်းရေးမှူး Mr. Koga San က ``ယနေ့မြန်မာ့ပြည်တွင် ဖြစ်ပျက်နေတဲ့ အထွေထွေအကျပ်အတည်းအားလုံးဟာ နအဖစစ်အုပ်စုကြောင့်ဖြစ်ကြောင်း၊ ပြည်သူတရပ်လုံးက ရွေးချယ်မဲပေးခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲကို မသိကျိုးကျွပြုကာ နိုလ်ဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများကို မတရားဖမ်းဆီးနေမှုများအား ရှုံ့ချကြောင်း၊ မြန်မာပြည်ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးမလုပ်ပဲ စစ်အာဏာသက်ဆိုးရှည်ရေးအတွက်သာ နည်းမျိုးစုံနှင့်ပြုလုပ်နေခဲ့တာတွေကို လုံးဝခွင့်မလွှတ်နိုင်ကြောင်း၊ RENGO အနေဖြင့် မြန်မာပြည်အရေးအတွက် လက်ရှိ ဂျပန်အစိုးရကို ဖိအားပေးတောင်းဆိုပေးသွားမည်ဖြစ်ကြောင်းနှင့် ODA အပါအ၀င် အခြားသောအကူအညီအထောက်အပံ့ပေးနေမှုများအတွက် ပြန်လည်ဆန်းစစ်ရန် အတွက်ပါ အောင်မြင်သည့်အထိ တောင်းဆိုသွားမည်ဖြစ်ကြောင်း`` အားပေးစကားပြောကြားသွားခဲ့သည်။


မြန်မာ့အရေးဆောင်ရွက်နေသည့် ဂျပန်အမတ်များသမဂ္ဂ(GIREN)မှ ပြောရေးဆိုခွင့်ရှိသူ အထက်လွှတ်တော်အမတ် Mr. Suematsu San ကလည်း `` မြန်မာပြည်ဒီမိုကရေစီရရှိစေရေးအတွက် ဆောင်ရွက်ပေးနေသည့် ဂျပန်နိုင်ငံရေးပါတီမှ လွှတ်တော်အမတ်များကလည်း ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အပြည့်အ၀ထောက်ခံကြောင်းနှင့် မြန်မာနအဖစစ်အုပ်စုနှင့်ဆက်ဆံနေသော လက်ရှိဂျပန်အစိုးရ၏ မူဝါဒများကို ပျော့ပြောင်းသည့်နည်းလမ်းမသုံးပဲ ထိရောက်ပြင်းထန်သည့်နည်းလမ်းများချမှတ်ကျင့်သုံးဖို့ ဆောင်ရွက်သွားနိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ မြန်မာပြည်သူ/သားများသာမက တကမ္ဘာလုံးကချစ်ခင်လေးစားသည့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးပဲ ညစ်နည်းမျိုးစုံဖြင့် မတရားအမှုဆင်တရားစွဲဆိုနေမှုများကိုလည်း ကန့်ကွက်ရှုတ်ချကြောင်း၊ မြန်မာနအဖ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများရပ်တန့်စေရန် ဂျပန်လွှတ်တော်အမတ်များ အရေးပေါ်စုံညီအစည်းအဝေးခေါ်ယူပြီး အရေးယူဆောင်ရွက်နိုင်အောင် ကြိုးစားသွားမည်ဟုလည်း ပြောဆိုသွားခဲ့သည်။

တောင်းဆိုချီတက်ဆန္ဒပြပွဲတရပ်ကို တိုကျိုမြို့ ရွက်ပုန်းကိအရပ်ရှိ Migawadai ပန်းခြံမှ ဂျပန်နိုင်ငံခြားရေးရုံးအထိပြုလုပ်သွားခဲ့ပါသည်။ ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ)မှ ဥက္ကဌဖြစ်သူ ဦးသန့်ဇင်ဦးနှင့်မေးမြန်းခဲ့ရှာ `` ဒီနေ့ ကျနော်တို့ ရည်ရွယ်ချက် ၂ ခုကို အဓိကထားပြီး ဆောင်ရွက်ခဲ့တာပါ။ ပထမအချက်က ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ ရလာဒ်ဟာ ဘယ်လိုမှမေ့ပျောက်လို့(ဖျောက်ဖျက်လို့)မရဘူး။ နအဖစစ်အုပ်စုက သမိုင်းပျောက်အောင်လုပ်နေတာကို လက်မခံနိုင်ဘူး။ ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလာဒ်မှ အနိုင်ရခဲ့တဲ့ နိုင်ငံရေးပါတီတွေကို အာဏာလွှဲပြောင်းဖို့ တောင်းဆိုပါတယ်။ ဒါကို ဂျပန်ပြည်သူများနဲ့တကွ ဂျပန်အစိုးရသိအောင် ဆောင်ရွက်တာဖြစ်တယ်။ နောက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ အဓိကအားဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားတဲ့နည်းလမ်းတွေသုံးပြီး အကျဉ်းချဖို့ကြိုးစားနေတာကို ပယ်ဖျက်ပေးဖို့ ဒါတွေကို ကျနော်တို့ဒီနေ့တောင်းဆိုနေကြတယ်ဆိုတာကို ဂျပန်အစိုးရကိုသိစေချင်လို့ အခုလိုပြုလုပ်တာဖြစ်ပါတယ်… ``ဟု ဖြေကြားပေးခဲ့သည်။ ဆက်လက်ပြီး အမျိုးသားဒီမိုကရေစီ(လွှတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ)အနေဖြင့် ရွှေဂုံတိုင်ကြေညာစာတမ်းကို အသက်ဝင်အောင် ဆက်လက်လုပ်ဆောင်သွားမည်ဟု ရှေ့လုပ်ငန်းစဉ်တချို့နှင့်ပတ်သက်ပြီး ရှင်းလင်းဖြေကြားပေးခဲ့သည်။


လမ်းလျှောက်ချီတက်ဆန္ဒပြပွဲကို ပူးပေါင်းပါဝင်ခဲ့သူ ညီညွတ်သောတိုင်းရင်းသားအများအဖွဲ့မှ ပလောင်တိုင်းရင်းသားခေါင်းဆောင် ကိုမိုင်ကျော်ဦးမှလည်း ဂျပန်နိုင်ငံရှိ တိုင်းရင်းသားများအားလုံးရဲ့ကိုယ်စား`` ဒီနေ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၉၀ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ ၁၉ နှစ်ပြည့်မြောက်တဲ့နေ့ဖြစ်သလို ကျနော်တို့တိုင်းရင်းသားတွေလည်း ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ ၁၉ နှစ်မြောက်နေ့ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးရင် ဒုတိယအများဆုံးက ရှမ်းတိုင်းရင်းသားပါတီတွေ၊ ရခိုင်တိုင်းရင်းသားပါတီတွေရှိတယ်။ အဲဒီတော့ ဂျပန်မှာရှိတဲ့ ကျနော်တို့တိုင်းရင်းသားတွေဟာ ၉၀ ရွေးကောက်ပွဲအနိုင်ရတာကို ထောက်ခံတယ်။ မြေပေါ်ပါတီအဖြစ် မားမားမတ်မတ်ရည်တည်ပြီး ပါတီအလံ၊ ဒီမိုကရေစီအလံကိုလွှင့်ထူထားတဲ့ အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ်ကိုလည်း လေးစားတယ်။ ပြည်ပမှာရှိတဲ့ ကျနော်တို့တတွေကလည်း တတ်နိုင်တဲ့ဘက်က ကြိုးစားကြဖို့လိုတယ်။ ကျနော်တို့လက်ထက်မှာ ဒီအာဏာရှင်စနစ်ကို မဖြုတ်ချနိုင်ဘူး။ ဒီမိုကရေစီစနစ်ပေါ်ထွန်းအောင်မလုပ်နိုင်ဘူးဆိုရင် ကျနော်တို့တာ သမိုင်းတာဝန်မကျေပြွန်တဲ့လူတွေဖြစ်မယ်။ နောင်မျိုးဆက်သစ်တွေ အပြစ်တင်စရာဖြစ်မယ်။ ဒါကြောင့် ကျနော်တို့တတွေဟာ ကိုယ်တတ်နိုင်တဲ့ဘက်က ကြိုးစားကြရလိမ့်မယ်။ ဂျပန်မှာရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသူ/သားတွေအားလုံးဟာ ကိုယ့်နိုင်ငံအရေးကို ပေါ့ပေါ့တန်တန်သဘောမထားပဲ ညီညီညွတ်ညွတ်နဲ့ ကြိုးစားကြစေလိုပါတယ်။ အဲဒီရည်ရွယ်ချက်တွေနဲ့ ကျနော်တို့ဟာလည်း ဒီချီတက်ဆန္ဒပြပွဲကို ပါဝင်ရခြင်းဖြစ်ပါတယ်…``ဟု ဖြေကြားသွားခဲ့သည်။


သတင်းရေးသားပေးပို့သူ-နန်းအိမွန်ချစ်(မိုးသောက်ကြယ်)
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(မိုးသောက်ကြယ်)

Last Updated ( Sunday, 31 May 2009 20:24 )  

Latest

ကာတွန်းများ

Highslide JS Highslide JS Highslide JS Highslide JS Highslide JS Highslide JS Highslide JS

ဂျပန်သတင်းဌာန(NHK)မှ မှတ်တမ်းရုပ်ရှင်(Documentary) ထုတ်လွှင့်သွားသော“မိုးသောက်ကြယ်စာကြည့်တိုက်” အကြောင်း

ကျနော်တို့ဂျာနယ်

 

ဇန္န၀ါရီလထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

 

ဖေဖော်ဝါရီလထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

 

မတ်လထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

ဗိုလ်ချုပ်အောင်ဆန်းကဗျာများ

လာရောက်လည်ပတ်သူများ

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့30
mod_vvisit_counterမနေ့141
mod_vvisit_counterစုစုပေါင်း78197
(From 17.5.09, 5:00 pm)

လက်ရှိဧည့်သည်

We have 6 guests online