moethaukkye

ကျိုတိုတက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်စာတမ်းတွေပြုစုရာရုံးခန်းလေး
၁၉၈၅ က..အသက် ၄၀ ကျော်စ အရွယ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်ပြည်မှာ ရှိစဉ်-

ဒေါ်စု ရဲ့ နောက်စာတမ်းတခု ကို အခြေခံတာ ပါ ။ အပြည့်အစုံ ကောက်နုတ် တင်ပြချင်ပေမဲ့..အချိန်ပေးပြီး သေချာ မလုပ်နိုင်တာရယ်.. စာတမ်းကလဲ ပိုခက်ခဲ နက်နဲတဲ့ အတွက်ကြောင့်.. ခြုံငုံ နားလည် မိသလောက် ကလေးနဲ့ နောက်ဆုံးအခန်းလေးကိုပဲ.. အကျဉ်းရုံးပြပါရစေ။ ပြီးတော့..အဲဒီ နောက်ဆုံးခန်းလေးကပဲ.. အရင် စာတမ်းမှာ ပါတဲ့..အမျိုးသားရေး စိတ် နဲ့စာပေလှုပ်ရှားမူတွေ ကိုပဲ အခြေခံပြီး သုံးသပ် ထားတာ ဆိုတော့လေ..။ စာအုပ်ကို ကိုင်နေမိတုန်း.. ကိုယ်ဖတ်လိုက်မိ တာလေး တွေကိုလည်း မှတ်စု သဘော ရေးချ ထားလိုက် တဲ့ သဘော ပေါ့ နော် ။ နောက်..ဒီစာအုပ် ပြန်ကိုင် ဖြစ်ဖို့က..မသေချာတော့ဘူးလေ..။

Intellectual Life in Burma and India under Colonialism ဆိုတဲ့ နောက်စာတမ်းက..အရင်စာတမ်းဖြစ်တဲ့ Literature and Nationalism in Burma နဲ့စာရင် အများကြီး ပိုပြည့်စုံ ပြီး.. ဒေါ်စုရဲ့ ကိုယ်ပိုင် အမြင် သုံးသပ်ချက်တွေ ပိုများ-ပါတယ်။ ဒေါက်တာ မိုက်ကယ်အဲရစ် ရဲ့ အမှာ မှာလဲ..ဒီစာတမ်းဟာ..ဒေါ်စု ရေးခဲ့သမျှ သုတေသန စာတမ်းတွေ ထဲမှာ.. အထူးခြား အပြောင်မြောက်ဆုံး ဖြစ်ပြီး..မြန်မာ့သမိုင်းနဲ့ ပတ်သတ် တဲ့ အခြေခံ သစ် တခုကို ဖော်ထုပ်ထား ခြင်း .. ဖြစ် တယ် ဆိုတဲ့…သုံးသပ်သူ တချို့ ရဲ့. ရှုထောင့် ကို လည်း ထဲ့သွင်း ရေးသား ထားတယ်။

ပုံနှိပ်ဖြစ်တာကတော့ ၁၉၉၀ မှ ဖြစ်ပေမဲ့.. ကြည့်ရတာ.. ဒီခေါင်းစဉ်ကို အဓိက အလေးပေး ရှာဖွေဖတ်ရှု နေ ရင်းမှ.. ဗမာ့စာပေ နဲ့ ပတ်သတ်တဲ့ အရင်စာတမ်းငယ်လေးကို ကြားဖြတ် ရေးလိုက် ပုံ ရပါတယ်။ အားစိုက်ထားပုံ ခြင်းလဲ နဲနဲ ကွာပါတယ်။

ကျိုတို တက္ကသိုလ်က..ဒေါ်အောင်ဆန်းစုကြည် စာတမ်းတွေ ပြုစု ရာ ရုံးခန်းလေး

( ယခုထက်တိုင် ဒီအတိုင်း ထား- ထားတယ်လို့ ဆိုတယ်)

မြန်မာတို့ရဲ့ လူမူရေး၊ ဘာသာရေး၊ နိုင်ငံရေး အမြင် တွေ နဲ့ ..ဘာသာရေးကို အခြေခံတဲ့ မိရိုးဖလာ ပညာရေးစနစ်..အဲဒီကနေမှ.. ခေတ်ပညာတတ် အလွှာတွေ ပေါ်ထွန်းလာပုံ အဆင့်ဆင့် ကို ..ဟိုးရှေးဘုရင်ခေတ် တွေက စလို့..လွတ်လပ်ရေးရစ အချိန်ထိ ..အကိုးအကားပေါင်းများစွာကို အသုံးပြုပြီး လေ့လာ ထားတာပါ။မြန်မာနိုင်ငံကြီးမှာ..ကိုလိုနီ လက်အောက် အရင်ဆုံးကျရောက်ခဲ့တဲ့ အောက်မြန်မာပြည်သား တွေ ဖြစ်တဲ့ မွန် ကရင် နဲ့ ကမ်းရိုးတမ်းသား ရခိုင် လူမျိုးစု တွေကနေ စပြီး..ပညာတတ်လူတန်းစားတွေ စတင် ထွန်းကားလာ ခဲ့တာပါ..။ အဲဒီမှာ အင်္ဂလိပ် ကိုလိုနီ ဘင်္ဂလားနယ် နဲ့ ဆက်စပ်နေ တဲ့ ရခိုင်လူမျိုးတွေက..အများဆုံး နဲ့ အရင်ဆုံး ပညာတတ်ကြပြီး..ယဉ်ကျေးမူ အစောဆုံး မွန်တွေ တောင် ဒီလောက် မများ ခဲ့ဖူး- လို့ဆိုတယ် ။ နောက် ကရင်အုပ်စု ကတော့..အနောက်နိုင်ငံ သာသနာပြုတွေ နဲ့ပတ်သတ်ဆက်စပ်ပြီး..မစ်ရှင်ကျောင်းတွေက..အစပြုခဲ့တယ် လို့ ဆိုတယ်။

အဲဒီ နေရာ မှာ- မြင်ရတာက..ရခိုင်တွေ မှာတော့..ကြွယ်ဝ ချမ်းသာတဲ့ မြေပိုင်ရှင် မျိုးရိုးမိသားစု တွေ ပဲ..အဲလို ပညာတွေ သင် နိုင်ပေမဲ့.. ကရင် နဲ့ မွန်တွေကို ..မစ်ရှင် သာသနာပြု တွေ ကြည့်ရှု ပုံကျ တော့..ဟိုး အောက်ခြေလူတန်းစား လယ်သမား တွေအထိ သက်ရောက် ခဲ့ တာကို တွေ့ရတယ်။ ဥပမာ- ဒေါက်တာ စံစီဖိုးလို မျိုး..စောစံဖိုးသင် တို့လိုမျိုး။ စောဘဦးကြီးကတော့..မြေရှင်သား လို့ ဆိုတယ်။ ဦးမေအောင်တို့ ဦးဘဖေ တို့ ဆိုတာတွေ ကတော့..ရခိုင်တွေပေါ့။ ( တနေ့က..ဦးမေအောင် ဘယ်သူလဲ လို့ c-box ထဲမှာ ကိုကျော်စိုး မေးသွားတာ ..ခုမှ ဖတ်ရ လို့ တလက်စတည်း ရေးလိုက်ပါတယ်) YMCA ကို နမူနာယူ ပြီး Christian နေရာမှာ Buddhist ကို အစားထိုး ဖွဲ့စည်း ခဲ့တဲ့ YMBA အသင်းကြီး ကို တည်ထောင်သူ အစောပိုင်း ပညာတတ် ရခိုင်လူမျိုးကြီး ပါ ။ အဲဒီ တုန်းက..အခေါ် နဲ့ဆို..ဘိလပ်ပြန် ၀တ်လုံတော်ရ ကြီးတွေပေါ့။ မှန်းကြည့်ရ တာတော့..အဲဒီ ၂၀ ရာစု အစောဆုံး နှစ်တွေက.. ဗုဒ္ဓဘာသာ အစဉ်အလာ ပြင်းထန် တဲ့ ရခိုင် ပညာတတ်တွေ နဲ့ ခရစ်ယာန်ဘာသာ သက်ဝင်တဲ့.. ကရင် နဲ့ အနည်းစု မွန် တွေကြားမှာ..အပြိုင် အဆိုင်လေးတွေ ရှိခဲ့ပုံ ပေါ်ပါတယ်။ တချိန် ထဲမှာပဲ.. မြန်မာပြည် အထက်ပိုင်းက.. ဘုရင် စနစ်ကို သံယောဇဉ် ရှိတဲ့ ..ရှေးရိုးရာ .. ပညာတတ်ကြီးတွေ ( အထင်ရှားဆုံး- သခင်ကိုယ်တော် မှိုင်း) ကလည်း..နောက်ထပ် အုပ်စု တစု ဖြစ်နေပုံပါ။ ဒီ့ထက်မက ကွဲပြားနေအုံး မဲ့.. ပညာတတ် အုပ်စုတွေ လည်း.. ရှိဦးမလားပဲ။

(၀န်ခံချက် – ဦးဘဖေ ဟာ..ရခိုင်လူမျိုးတယောက် မဟုတ်ဘူးလို့ တယောက် ထောက်ပြလာပါတယ်။ စာအုပ်ထဲမှာလည်း ဦးမေအောင်တယောက်ကိုသာ..ရခိုင်လို့ ရေးသားထားတာပါ။ YMBAအသင်းကြီး တည်ထောင်တဲ့ လူတွဲမို့..ရောရေးလိုက်မိတာ..ဘလော့ရေးသူရဲ့ အမှားသာ ဖြစ်ပါတယ်)

တကယ်တော့ ပညာတတ် လူတန်းစား ဟာ..တိုင်းပြည်တခုရဲ့ အတွေးအခေါ်ပိုင်း.. နည်းနိသယျ ပိုင်း.. ဗျူဟာပိုင်း က စလို့..ပြုပြင်ပြောင်းလဲမူတခု..တော်လှန်ရေးတခုမှာ..အတော်ကြီးမားတဲ့ အတိုင်းအတာ တခုထိ အရေးပါ- ပါတယ်။ ပိုအရေးကြီးတာက..အဲဒီလူတန်းစားက..အလွှာ တခု သီးသန့်ဖြစ်မနေသင့်ပဲ.. အစိတ်အပိုင်းတခု အဖြစ် ပါဝင် နေသင့် တာပါ။ လူမူ အဆောက်အဦ တခု နဲ့ ခေတ်တခေတ်ကို ပုံဖော်နိုင်ခဲ့တဲ့..(အဲဒီခေတ်ကဆို) ..ကိုလိုနီ အနောက်တိုင်း ပညာတတ် လူတန်းစား တွေဟာ အိန္ဒိယမှာတော့ ကံအားလျော်စွာ..နိုင်ငံရေး လှုပ်ရှားမူတွေ နဲ့ ထပ်တူ ကျ ခဲ့ ပြီး.. အများအပြားလဲ ရှိခဲ့တယ် လို့ ဆိုတယ်။ ဗမာပြည် မှာတော့.. အိန္ဒိယမှာလို အဆင့်ဆင့် ပြောင်းလဲ တိုးတက် လာတာမျိုး မဟုတ်ပဲ..ဖရိုဖရဲ ကွဲပြားနေခဲ့တယ် လို့ .. ယှဉ်တွဲ သုံးသပ်ထားပါတယ်။ အရင် စာတမ်းမှာ သုံးသပ်ထားသလို ဇာတိမာန်နဲ့ယှဉ်တဲ့ လှုပ်ရှားမူတွေ..တော်လှန်ရေး အသွင်အပြင်တွေဟာ.. လက်တွေ့ကျသော်လည်းပဲ..

(vision ) ရေရှည်အမြင် ပိုင်းမှာ အားနည်းခဲ့တဲ့ အတွက်.. ရေရှည် မတည်တံ့ နိုင် ခဲ့တာ လို့..ဆိုပါတယ်။ အဲဒီလို တည့်မဲ့ တဲ့ ခေါင်းဆောင်မူ ကင်းမဲ့နေတဲ့ အဖြစ်ကို သတိပြုမိလာတဲ့.. ၁၉၃၀ ကာလ မျိုးဆက်သစ် လူငယ်တစု ကပဲ.. ဇာတိမာန် အမျိုးသားရေး စိတ် ဓါတ် ကို ..ခောတ်ပညာရေး အခြေခံ နဲ့ ပေါင်းစပ်ပေးနိုင် ခဲ့တယ် လို့ ဆိုပါတယ်။

( မှားယွင်းမူ အနဲငယ် ရှိသည့်အတွက်.. အစိမ်းရောင်စားသား များမှာ ပြင်ဆင် ဖြည့်စွက်ထားခြင်း ဖြစ်ပါသည်)

အဲဒီ အချိန်က.. အိန္ဒိယမှာ ( Renaissances era) `ပြန်လည် နိုးကြားလာတဲ့ကာလ´ရဲ့ လှိုင်းက.. ဗမာလူငယ် ပညာတတ်တွေကြားထဲ ကို အများကြီး ရိုက်ခတ်လာပါတယ်။ တပြိုင်ထဲ လို မှာပဲ.. ကမ္ဘာတလွှားမှာ ခေတ်စားလာတဲ့.. လက်ဝဲ စာပေ တွေကလည်း.. ဦးကြီ ဖာနီဗယ်ရဲ့ Book Club ကနေ တဆင့်.. အလုံးအရင်း နဲ့ ၀င်ရောက် လာခဲ့ တယ်။ အရမ်းကို နိုးကြား တက်ကြွနေ ကြ ပြီး .. စာပေ အယူဝါဒ တွေ ငတ်မွတ်ဆာလောင် နေတဲ့..ဗမာလူငယ် တွေ အတွက်.. ရေငတ်တုန်း ရေတွင်းထဲ ပြုတ်ကျ သလို ဖြစ်ခဲ့ ကြတယ်။ ဒေါ်စု ကတော့.. သူတို့တွေ အငမ်းမရ မြိုချ ခဲ့တာ ကြောင့် ..အယူဝါဒ အစာမကြေ တွေလည်း ဖြစ်ခဲ့ ပုံ ရ တယ်လို့ ရေးထားပါတယ်။As they were also searching eagerly, perhaps unconsciously, for radical ideas, there was a tendency to swallow much of the whole socialist theory without digesting it properly.

အဲဒီ အချိန်တွေတုန်းက..ဆင်းရဲမွဲတေမူ သိပ်အဆိုးဝါးကြီး မရှိလှတဲ့.. ဇာတ်မြင့်-နိမ့် ခွဲခြားဆက်ဆံမူ လဲ မရှိလှတဲ့.. ဗုဒ္ဓဘာသာ အခြေခံ နဲ့ တန်ဖိုးတွေ အသားကျ နေတဲ့..ဗမာ့လူမူ အဖွဲ့အစည်းအတွက်.. ဆိုရှယ်လစ် ၀ါဒ ဟာ.. အချိန်အခါ နဲ့ အခြေအနေအရ..သင့်တော် တဲ့ ရွေးချယ်မူ မဟုတ်ခဲ့ ဘူးလို့.. ဆိုထားပါတယ်။In fact, Burmese society with its Buddhist values, lack of extreme poverty and freedom from class exploitation was not a natural candidate for Marxist socialist ideology.

တကယ်က..အဲဒီ အချိန်က..လှုပ်ရှားမူ တွေ ရဲ့ ခေါင်းဆောင်နေရာကို ရောက်နေကြတဲ့ လူငယ် တစုဟာ.. စက်ရုံတရုံက တလိုင်းထဲ ထုပ် လိုက်တဲ့..ကားအသစ်ကလေးတွေလိုပဲ…ဒီပညာရေးစနစ် တခုထဲကပဲ.. ဒီစာပေ..ဒီအခြေခံ တွေနဲ့.. ။ နောက်ပြီး.. တမြေထဲမှာ တမိုးထဲ ..တခြံထဲက..ပွင့်လိုက်တဲ့ ပန်းကလေးတွေလိုပဲ.. ဒီမျိုးစေ့..ဒီအရွယ်..ဒီ အသွေးအရောင်..တွေ နဲ့..တကယ့် လက်ရွေးစင် အုပ်စု လေးတခုပါ။ ဒေါ်စုကတော့.. မှိုင်းရဲ့ ဇာတိမာန်တွေ ကိန်းအောင်းရင်း..ခေတ်စမ်း စာပေ ရဲ့ လှပ ခန့်ညားမူတွေ ထပ်ဆင့် သွန်း လောင်းထားခံရ တဲ့..လူငယ်တွေ လို့ ဆိုပြန်တယ်။the generation of the 1930s had grown up reading Burmese books, newspapers and magazines. They were as familiar with the anachronistic flavour of Hmaing’s language as with the spare elegance of Khitsan.

နံမယ်တွေ အားဖြင့်- အောင်ဆန်း ( ဗိုလ်ချုပ်အောင်ဆန်း) စိုး ( သခင်စိုး) နု ( ဦးနု) ..သန်းထွန်း ( သခင် သန်းထွန်း) နဲ့ သိန်းဖေမြင့် တို့ကို ဆွဲထုပ် ပြထား ပါတယ်။စိုး ကတော့- ကွန်ြမူနစ်ဝါဒ ကို ဗမာမူ ပြုပြီး ဗုဒ္ဓစာပေနဲ့ ဖလှယ်ပြန်ယူ ဖန်တီးခဲ့တဲ့ သူ။ နူ – ကတော့.. ဗုဒ္ဓဘာသာ အလွန်အကျွံ သက်ဝင် ကိုးကွယ်သူ ဖြစ်တဲ့ အလျောက်..ကွန်မြူနစ် ၀ါဒ နဲ့ ဗုဒ္ဓဘာသာ ဟာ ဘယ်လိုမှ တွဲစပ်လို့ မရဘူးလို့..တောက်လျှောက် ပြောဆို သက်သေ ပြခဲ့ သူ။ သူတို့အားလုံးဟာ..လက်ဝဲ ၀ါဒ ကို အနဲ နဲ့ အများ လေးစား နာခံ ကြသူ တွေ ဖြစ်တဲ့ အတိုင်း.. အောင်ဆန်း..သန်းထွန်း နဲ့ သိန်းဖေမြင့် တို့ကလည်း.. လွတ်လပ်လာမဲ့ ဗမာပြည် အတွက်.. ဗမာ့ အမျိုးသားရေး စိတ်ဓါတ် အခြေခံ နဲ့ ကိုက်ညီမဲ့.. အယူဝါဒ တခုကို ရှာဖွေ နေခဲ့ ကြတယ် လို့ ဆိုတယ်။သိန်းဖေမြင့်ကို တော့.. စာပေဖန်တီးမူ အတတ်မှာ.. ပါရမီထူးသူ အဖြစ် ပုံဖော်ထားပြီး သူ့ရဲ့ နံမယ်ကျော်

`သပိတ်မှောက် ကျောင်းသား´ ထဲက..သူ့ စိတ်စေတနာ တခုကို ကောက်နုတ်ပြ ထားပါတယ်။ သခင်ကိုယ်တော် မှိုင်း ရဲ့ ဗမာ့ ရှေးစာပေတွေကို လေ့လာ လိုက်စားသင့်သလို..အင်္ဂလိပ် ဘာသာ စာအုပ်ကောင်းတွေကိုလည်း.. ဖတ်ရှုကြဖို့– ဆိုတာ မျိုးပါ။

အဲဒီ အထဲက..နူ ..စိုး ..နဲ့ သန်းထွန်းတို့ စတည်ထောင်ခဲ့ကြတဲ့..နဂါးနီ စာအုပ် အသင်းကြီး အကြောင်း ကိုလည်း.. စိတ်ဝင်စား ချီးကျူး ဖွယ်ရာ ဖတ်ရှု လိုက်ရပါသေးတယ်။ ဒါဟာ လည်း ဦးကြီးဖာနီဗယ် ရဲ့ စာအုပ် အသင်း ဆီက..ရလာတဲ့.. အားကျ အတုယူ မူ တခု ဖြစ်နေမှာပါ။ အဲဒီ နဂါးနီ စာအုပ်အသင်းကြီးကနေ စာအုပ်ပေါင်း ၁၀၁ အုပ်ကို ကြီးကြပ် ထုပ်ဝေ ခဲ့ပြီး.. အဲဒီ စာအုပ်တွေ ဟာ..လွတ်လပ်ရေးရပြီးစ ဗမာနိုင်ငံကြီး ကို အများကြီး ပုံဖော်ခဲ့ လိမ့် မယ်လို့လည်း ယူဆ မိပါတယ်။

အယူဝါဒ နဲ့ စိတ်နှလုံးကို တံခါးဖွင့်ထားတဲ့.. ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် လူငယ် ခေါင်းဆောင် တချို့ကတော့..နောက်ပိုင်းမှာ.. အစွန်း ရောက် လာနိုင်တဲ့ ဗမာလူမျိုးကြီးဝါဒ ( racial chauvinism) ရဲ့ အန္တရယ် ကြီးပုံကို ပြန်လှန် သုံးသပ်မိကြပြီး.. အရှိန်လျှော့ဖို့ ကြိုးစား ခဲ့ကြ ပါသေး တယ်။ သူတို့တွေ အပါအ၀င် တတိုင်းပြည်လုံး ရဲ့ သွေးတွေကို ဆူပွက် စေခဲ့တဲ့..တို့ဗမာ အစည်းအရုံးကြီးရဲ့ ဟစ်ကြွေးသံ ဖြစ်တဲ့..

`ဗမာစာသည် တို့စာ..ဗမာစကားသည် တို့စကား..´ ဆိုတာကို လည်း စာတမ်းမှာ အပြုသဘော.. ထောက်ပြ ထားပါတယ်။ နောက်ပိုင်းမှာ.. လူမျိုးစု အရေးတွေကို အရှည်မြင်လာ ကြပြီး.. ` ဗမာလူမျိုး´ အတွက်တင် မဟုတ်ပဲ..`ဗမာပြည်မှာ နေထိုင်သော လူအားလုံး အတွက်´ ဆိုတဲ့ အယူအဆ ကို အတိုင်းအတာတခု အထိ ပြန် ထူထောင် လာနိုင်ပေမဲ့.. ဗမာစာ ( စကား) က တော့..တခုတည်းသော အဓိက ဘာသာအဖြစ် တည်ရှိလာ ခဲ့တာ.. အခုတိုင်ပါပဲ။

အဲဒီ နေရာမှာ.. အကောင်း- အဆိုး ဆိုတာထက်.. သုံးသပ် ပြထားတဲ့ တချက်က.. ဗမာပြည်လိုပဲ..လူမျိုးစု ဘာသာစကားတွေ ကွဲပြားလှ တဲ့ အိန္ဒိယ မှာတော့.. အင်္ဂလိပ်စာကို ရုံးသုံး ပြုလုပ်ခဲ့ခြင်း ( ဖြစ်နေခြင်း) ဟာ.. ညီညွတ်မူ အတွက် အားသာချက် တခု ဖြစ်လာခဲ့တယ် .. တဲ့။

ဒါ အမှန်ပါပဲ။

တိုင်းရင်းသား သူငယ်ချင်း တယောက်က.. ပြောပြ ဖူးတယ်။ ..သူ ဆယ်တန်းမှာ.. မြန်မာစာကို အကြောက်ဆုံးပဲတဲ့..။ စာစီစာကုံး ဖြေဖို့ သိပ်ကို ခက်ခဲ ခဲ့တယ် လို့ ဆိုပါတယ်။ ဒါဟာ ဘုံ ဘာသာစကား တခုကို သင်ယူရခြင်းမို့ မထူးဆန်းလှတဲ့ ..ယိုးမယ်ဖွဲ့စရာ ကိစ္စ မဟုတ် ပေမဲ့..သူတို့တွေ ရဲ့ စိတ်ထဲမှာတော့..ဗမာ ဆိုတာ..ရွံ့မုန်းကြီး ဖြစ်နေခဲ့ မှာ ပါပဲ။

စာတမ်းရဲ့ နောက်ဆုံး နိဂုံးမှာ.. အိန္ဒိယ နဲ့ ဗမာ ကို အတိုချုပ် ပြီး ..နှိုင်းယှဉ် သုံးသပ်ထားပါတယ်။ အဲဒီလို ဘာသာ စကား ကွဲပြားမူ ပြသာနာ ကို.. အိန္ဒိယက..အင်္ဂလိပ်စာ ကြားခံ သုံးရင်း ဖြေရှင်း နိုင်ခဲ့သလို.. သူတို့ရဲ့ ရိုးရာ အစဉ်အလာ ဇာတ်မြင့် ဦးစားပေးတဲ့ ယဉ်ကျေးမူ ကြောင့်.. လူမူ ဆက်ဆံရေး ရှုထောင့် သက်သက် က ကြည့်ရင်.. အင်္ဂလိပ်တွေရဲ့ ဦးဆောင် အုပ်ချုပ်မူ နဲ့..အလွမ်းသင့် ခဲ့တယ် လို့– ဆိုပါတယ်။ တပြိုင်တည်းမှာပဲ.. အထက်တန်းစား လက်ခံတဲ့ အယူအဆ ( Elitism ) ကလည်း လွတ်လွတ် လပ်လပ် ရှိနေ ခဲ့တယ်။ လွတ်လပ်ရေး ကြိုးပမ်းမူ ခေါင်းဆောင် တွေ ဟာလည်း..အဲဒီ လူတန်းစား ထဲ ကပဲ..ပေါ်ထွက် ခဲ့တယ် ဆိုတာကို ထောက်ပြ ထားပါတယ်။

အဲဒီ အချိန်မှာ..ဗမာ ပြည်မှာတော့.. သာတူညီမျှ စနစ် ( Egalitarian ) ကြောင့်..လူတန်းစား တိုက်ပွဲ တွေ ပြင်းထန် ခဲ့တယ်။ ဖြစ်ချင်တော့လည်း.. အဲဒီလို လူ့မလိုင် ခေတ်ပညာတတ် လူတန်းစား တွေက.. အစပိုင်းကာလတွေမှာ.. အောက်ခြေလွတ်ပြီး..ဗမာ့ရှေးထုံး စဉ်လာ စာပေ တွေကို မျက်ကွယ် ပြု ခဲ့တာကြောင့်.. အထက်တန်းစား မုန်းတီးရေး စိတ်ဓါတ်က…ပိုလို့ ပြင်းထန် စေပြီး..အချင်းချင်း ဝေးကွာ ခဲ့ ကြ ရတယ် ။ နောက်ပိုင်းခေတ်.. ၁၉၃၀ ကာလ- လူငယ်ခေါင်းဆောင်တစု ရဲ့ အသိ အင်အားနဲ့ ပြန်လည် သင့်မြတ်ဖို့ ကြိုးစား ခဲ့ကြ ပေမဲ့.. တကယ့် တကယ် မှာတော့..လူတန်းစား စိတ်ဓါတ် အခြေခံ က.. လူပီသ တဲ့ လူတွေ ကြားထဲမှာ..သိသိသာသာ တမျိုး ..မသိမသာ တနည်း.. ရှိနေ ခဲ့ တော့ တာ ပါ ပဲ။

အဲဒါတွေ အားလုံးရဲ့ ရလဒ်ဆိုး ကို.. ယထျဘူတ ကျကျ သုံးသပ်ထား တာကတော့.. အိန္ဒိယမှာ..အဲဒီလို.. လူတန်းစား ကွာဟ ချက်ကို လက်ခံ ထားခဲ့တာကြောင့်.. အဲဒီ အဟ ကြီးက..အိုင်းအနာကြီးလို.. ကျယ်သထက် ကျယ်- ကျယ်လာပြီး.. (သူတို့ အခေါ်) Renaissance အယူအဆ တွေ နဲ့ တိုးတက် ပြောင်းလဲ မူ တွေ ကို ရေရှည် ထိန်းမထား နိုင် ခဲ့ တော့ ဘူး ။ ဗမာပြည်မှာ လည်း.. Elite ဆိုတဲ့..ခေတ်ပညာတတ်..တွေရဲ့ တန်ဖိုးကို ပြည့်ပြည့်၀၀ အသုံးမချ နိုင်ခဲ့တဲ့ အတွက်ကြောင့်.. အောင်မြင် သင့် သလောက် မအောင်မြင်ပဲ..ဖြစ်ခဲ့ ရတယ် – လို့..အဆုံးသပ် ထားပါတယ်။

သေချာတာကတော့.. ဗမာ့လူမူ အဖွဲ့အစည်းကြီးဟာ.. ယနေ့ထက်တိုင်..သူနဲ့ တန် တဲ့ ရွှေဖိနပ် တရံ မရနိုင်သေးတဲ့ စင်ဒရဲလား မင်းသမီးလေး လို.. ညီအမ တွေဖြစ်တဲ့ အိမ်နီးချင်း နိုင်ငံတွေ ကြားထဲမှာ.. ၀မ်းနည်း အားငယ် စရာ တွေနဲ့ ပြည့် နှက် နေတာပါ ပဲ … ဆိုတဲ့.. အနောက်တိုင်း ပညာရှင် တချို့ရဲ့ တင်စားချက် ကလေးကို ..ထပ်ပြီး ကိုးကား ရင်း.. အဆုံးသတ် ..သက်ပြင်း ချလိုက် မိ ပါတော့တယ်။

kthwe.blogspot.com

Hello world!
Welcome to WordPress. This is your first post. Edit or delete it, then start blogging!