2015年2月22日日曜日

0 ကိုယ့်ပြည်သူသာ အားကိုးရာ


သူတို့ပြည် သူတို့ အကြောင်း
ကောင်းပေတယ် တို့ မငြင်းချင်ဘု
တို့ချင်း ညီညာညာနဲ့
ပြည်ရွာဝန် အားသွန်ထမ်းရင်ဖြင့်
တို့လမ်းလည်း သာလိမ့်မယ်၊၊

မညီကြရင်ဖြင့်
ပြည်လှမယ် တယ်မထင်နဲ့
ကယ်တင်မယ် ဟန်စကားတွေနဲ့
တရွယ်ရွယ် အကြံသမားတွေက
ညဏ်များကာ မာယာဆင်လို့
တပြင်ပြင်နေကြဆဲပါပဲ
ပြည်ထဲမှာ တမွှေမွှေနဲ့

ဒေါ်လာငွေ အာသာငမ်းသူတို့
ကျော့ကွင်းကိုထောင်ကာဖမ်း
အားစမ်းကြတယ်၊၊

ဒူးမထောက်လေနဲ့
နယူးယောက် ဝါရှင်တန်က

0 မျက်နှာ

ကိုယ့်မျက်နှာကို
တစ်ရွာမှတ်ထင် ကိုယ့်ကိုခင်သည့်
ချစ်ကြင်သူလေးရေ..
တစ်ရက် တစ်ရွာ တစ်မျက်နှာ
ဆက်ကာဆက်ကာ ပြောင်းခဲ့ပြီ။

အသက်၂၀
အမှန်မျက်နှာ ငါကြည့်မှာပေါ့
ဘာမျှကိုယ်ကျိုး မကြည့်နိုင်။

အသက်၃၀
မှန်တိုင်းမဟုတ် အလုပ်မျက်နှာ
ငါကြည့်မှာပေါ့

2015年2月11日水曜日

0 တို့ဘက်သားတွေ အသင်္ချေ



ပလုံပွက်လိုက်၊ ခုန်တက်လိုက်နဲ့
အမှိုက်သရိုက်၊ အလိုက်အထိုက်
အမြိုက်ဘုံမြောက်၊ အသိုက်အုံဖောက်နေသူ တချို့။

ဘော်တွင်းမြင့်မှာ လှော်ရင်းနစ်နေသူတချို့။

တော်လှန်ရေးဟု၊ အော်သံပေးကာ
အပျော်ကြံပြေးကြသူ တချို့။

ကာလအလျောက် မာနမြောက်
ကြောက်သွေးကြွလို့ ခေါက်ကွေးကျကာ
လောက်လေးခွစာ အပစ်ခံရသူ တချို့။

ပန်းကုံးစွပ်ခံရရာမှ ကြိုးကွင်းစွပ်ခံရသူ တချို့။

ခံရလွန်းလို့အသားသေ နွားသားရေလို အခွံထူ
လွန်ပူနဲ့ဖောက်တောင် မပေါက်
အခေါက်ထူထူနဲ့ မကြောက်သူလဲ တချို့။

ဟန်ဆောင်ချစ်နဲ့ အဆံမအောင်
သံကြောင်ဟစ်သူကလဲ တချို့။

အခက်အခဲတွေ့တိုင်း အရောင်ပြောင်း
အောင်မောင်းလို တောင့်မထားနိုင်တဲ့
သကောင့်သားတွေကလဲ တချို့။

ဤလူ့ဘုံ၌ ရောင်စုံများနိုင်လှပါဘိ။

ဘ၀ထွေပြား တို့လူသားကို
နားလည်သိရှိ သတိမြဲမြဲ
လုံ့လဇွဲနဲ့ တိုက်ပွဲဆက်ဆက်
ရဲရဲတက် တို့ဘက်သားတွေ အသင်္ချေ
မြန်မာ့ရွေမြေ တို့အောင်မြေ။


တင်မိုး
၂၈-၁၁-၂၀၀၁
(အိမ်မက်တိုင်းပြည် ကဗျာစာအုပ်မှ)

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.